မြန်မာနိုင်ငံ၏ ပထမဆုံး မြေအောက်လူကူး စင်္ကြလမ်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရ
အဖွဲ့၏ ခွင့်ပြုချက်ဖြင့် ပြည်လမ်းမ ဖြတ် ကာ မြေအောက်မှ တည်ဆောက်သွား မည်ဖြစ်ပြီး
စီမံကိန်းကာလ ခြောက်လ အတွင်း အပြီးသတ် တည်ဆောက်သွားရန် စီစဉ်ထားသည်ဟု
ရွှေတောင်ဖွံ့ဖြိုး တိုးတက်မှုကုမ္ပဏီက ထုတ်ပြန်ကြေညာထားသည်။
ကမာရွတ်မြို့နယ်၊ စိုက်ပျိုးရေးဘတ်စ် ကား မှတ်တိုင်အနီး ရန်ကုန် ပညာရေးတက္ကသိုလ်
လေ့ကျင့်ရေးကျောင်းနှင့် Junction Square Compoundတို့အကြား ရှိ ရန်ကုန် ပြည်လမ်းမကြီး
အောက်တွင် မြေအောက် လူကူးစင်္ကြံလမ်းသစ်ကို စင်ကာပူနိုင်ငံမှ Subana Jurong ကုမ္ပဏီ၏
ရေးဆွဲထား သည့်ဒီဇိုင်းဖြင့် ရွှေတောင်ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီက စီမံကိန်းတွဲဖက်ကုမ္ပဏီက အကောင်အထည်ဖော်တည်ဆောက်သွား မည် ဖြစ်သည်။ တက္ကသိုလ်များ၊ ဘတ်စ်ကားဂိတ်များ
နှင့် ဈေးဝယ်စင်တာများဖြင့် လူစည်ကားလျက် ရှိသည့် ယင်းနေရာတွင် လမ်းဖြတ်ကူးသူ
ပြည်သူများ အန္တရာယ်ကင်းရှင်းစေရန် အတွက် ယခုကဲ့သို့ မြေအောက် စင်္ကြံလမ်း ကို
ဆောက်လုပ်လှူဒါန်းရခြင်းဖြစ်ကြောင်း ယင်းကုမ္ပဏီ၏ သတင်းထုတ်ပြန်ချက်တွင်
ဖော်ပြထားသည်။ မြေအောက်လူကူးစင်္ကြံလမ်းမှာ အရှည် မီတာ ၃၀၊ အကျယ်သုံးမီတာ၊
အမြင့် သုံး မီတာခန့်ကျယ်ဝန်းမည်ဖြစ်ပြီး မြေအောက် လူကူးစင်္ကြံလမ်း တည်ဆောက်ရေး
စီမံကိန်း အတွက် ကုန်ကျစရိတ်ကိုမူ ထုတ်ပြန်ကြေညာ ချက်တွင် ထည့်သွင်းဖော်ပြထားခြင်း
မရှိပေ။
ရန်ကုန်မြို့၏ မော်တော်ယာဉ်သွားလာ မှု များပြားသည့် လမ်းမကြီးတစ်ခုဖြစ်သည့် ပြည်လမ်း
မကြီးအောက်တွင် တည်ဆောက် မည့် ယင်းမြေအောက်လူကူး စင်္ကြံလမ်း တည်ဆောက်ရာ၌
ယာဉ်သွားလာမှုအနှောင့် အယှက် ဖြစ်စေမှုမရှိစေသည့် နည်းလမ်း များကို အသုံးပြုတည်ဆောက်
သွားမည်ဖြစ် ပြီး မြေပေါ်လုပ်ငန်းခွင်များ ဆောင်ရွက်ရန် လိုအပ်ပါကလည်း ညအချိန်တွင်သာ လုပ် ဆောင်သွားမည်ဖြစ်ပြီး နေ့အချိန်တွင် ယာဉ်ကြော အားလုံးအသုံးပြုနိုင်ရန် စီစဉ်
ဆောင်ရွက်ထားပြီးဖြစ်သည်ဟု သိရသည်။ နိုင်ငံတကာ အတွေ့အကြံုရှိသည့် နိုင်ငံ ခြားသား
ပညာရှင်များ၏ တည်ဆောက်ရေး နည်းပညာဆိုင်ရာ အကြံပေးကြီးကြပ်မှုဖြင့် ရွှေတောင်
ကုမ္ပဏီက ဆောက်လုပ်လှူဒါန်း မည့် လူကူးမြေအောက် စင်္ကြံလမ်းကို အများ ပြည်သူ
အသုံးပြုနိုင်စေရန်အတွက် ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီသို့
တည်ဆောက်ပြီးစီးချိန်တွင် လွှဲပြောင်း ပေးအပ်သွားမည် ဖြစ်သည်။
"ပထမ အစ်ကိုတို့ လျာထားတာကတော့ အဲဒီနေရာမှာ လူကူးခုံးကျော် ဆောက်မလို့ပါပဲ။
အဲဒါကို ရွှေတောင်ဘက်က သူတို့ မြေအောက်လူကူးစင်္ကြံလုပ်မယ်လို့ ရန်ကုန်တိုင်းကို
တင်ပြလာလို့ အစိုးရအဖွဲ့ က ခွင့်ပြုလိုက်တာ ဖြစ်တယ်။ အစ်ကိုတို့ အနေနဲ့လည်း အခုလို
မြေအောက်လူကူး စင်္ကြံလုပ်ဖို့ အစီအစဉ်ရှိလားမေးလာရင် တော့ ရေရှည်မှာရှိတယ်လို့ပဲ
ဖြေရမှာ ဖြစ်တယ်။ အခုလောလောဆယ်တော့ လူကူးခုံးကျော်တွေကိုပဲ အရင်လုပ်နေတယ်" ဟု ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ အင်ဂျင်နီယာဌာန အဆင့်မြင့် အရာရှိ တစ်ဦးက
ပြောသည်။ မြန်မာနိုင်ငံ စီးပွားရေးမြို့တော် ရန်ကုန် တွင် နေ့စဉ် လမ်းပိတ်ဆို့မှုများဖြစ်ပေါ်နေ
သည့်အတွက် ခုံးကျော်တံတားများ တည် ဆောက်နေသည့်နည်းတူ အသွားအလာ များပြားသည့်
လမ်းကူးလမ်းဖြတ်နေရာများ တွင်လည်း လူကူးခုံကျော်တံတားများ တည် ဆောက်လျက်ရှိသည်။
ယခုတည်ဆောက် မည့် မြေအောက်လူးကူးစင်္ကြံ တည်ဆောက် မှုမှာ ပထမဆုံးအကြိမ် ဖြစ်သည်။















