ဒဂုံစီးတီးစီမံကိန်း မြေနေရာ ချထားမှုအပေါ် အငြင်းပွားမှုများ ဖြစ်ပေါ်နေ

ဒဂုံစီးတီးစီမံကိန်း မြေနေရာ ချထားမှုအပေါ် အငြင်းပွားမှုများ ဖြစ်ပေါ်နေ

ရွှေတိဂုံဘုရားအနီးက ရပ်နားခဲ့ရသည့် အကြီးစား ဆောက်လုပ်ရေးစီမံကိန်း လုပ်ငန်းများကို
အစိုးရက သက်ဆိုင်ရာဝန်ကြီးဌာနပိုင်မြေ များကို ပြန်ပေးရာတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီမံ
ကိန်းဖြစ်သည့် ဒဂုံစီးတီး (၁) စီမံကိန်းအတွက် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနပိုင် မြေ ၁၇
ဧကကို အစားထိုးပြန်ပေးခဲ့သည်ဟု မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ယခုလ အစောပိုင်းတွင်
သတင်းထုတ်ပြန်ခဲ့သည်။

ယင်းသို့ သတင်းထုတ်ပြန်ခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးခင်လှိုင် က ၎င်း၏
ဆိုရှယ်မီဒီယာမှတစ်ဆင့် အဆိုပါမြေနေရာချထားပေးခြင်းကိစ္စသည် ရန်ကုန်မြို့တော်စည်ပင်
သာယာရေးကော်မတီသို့ အကြောင်းကြားခြင်းမရှိသည့်အတွက် စီမံကိန်း စတင်သည့်အခါ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ လုပ်ထုံးလုပ်နည်း၊ မူဝါဒများနှင့်ကိုက်ညီမှု
မရှိပါက၊ ရန်ကုန်မြို့ တော်ကြီး၏ ထိန်းသိမ်းရေးနှင့် တည်ဆောက် ရေးလုပ်ငန်းများကို
ထိခိုက်ပျက်စီးစေခြင်း ရှိပါက လက်ခံမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ပြီးခဲ့သည့်သီတင်းပတ်အတွင်း ကျင်းပခဲ့ သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင်လည်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပုလဲ မဲဆန္ဒနယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က
ပြည်ထောင်စုအစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်း အရေးကြီးအဆိုတစ်ရပ် တင်သွင်းခဲ့ရာတွင်
ဒဂုံစီးတီးစီမံကိန်းအတွက် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနပိုင် မြေကိုအစား ထိုးပြန်လည်ပေး
အပ်သည့် ကိစ္စရပ်လည်း ပါ၀င်ခဲ့သည်။ အဆိုပါစီမံကိန်းအတွက် မြေအစားထိုးပြန်
လည်ပေးအပ်ခြင်းကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှုကော်မရှင်၏ သဘောထားတစ်ခုတည်းဖြင့်
ဆုံးဖြတ်ခဲ့ခြင်းမဟုတ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ညွှန်ကြားရေးမှူး ဒေါ်မြစန္ဒာက
မြန်မာတိုင်း(မ်) ကိုပြောသည်။

"ကော်မရှင်က ဒီလိုကိစ္စမျိုးတွေကို ကိုယ့် သဘောတစ်ခုတည်းနဲ့ လုပ်လို့ မရပါဘူး။ ကော်မရှင်ရဲ့
ဥပဒေထဲမှာလည်းပါပါတယ်။ ဒီလိုဆုံးဖြတ်ရတော့မယ်ဆိုရင် သက်ဆိုင်ရာ ၀န်ကြီးဌာနတွေရဲ့
သဘောထားမှတ်ချက် တွေအကုန်းလုံး ပါရပါတယ်။ အခုလည်း ရန်ကုန် တိုင်းဒေသကြီး
အစိုးရအဖွဲ့ရော၊ စည်ပင်ရော အကုန်လုံးရဲ့ သဘောထားရယူပြီး မှ အားလုံးသဘောတူမှ
ပေးတာပါ။ စည်ပင် မှာ သူတို့အချင်ချင်း အချိတ်အဆက်မရှိလို့ မသိတာနေမှာပါ" ဟု ၎င်းက
ပြောသည်။

ဦးခင်လှိုင်ကမူ အစားထိုးမြေနေရာ ချထား ခြင်းကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံရင်းနှီး
မြှုပ်နှံမှုကော်မရှင်သာမက ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီကပါ နည်းဥပဒေပုဒ်မ ၁၂၉ အရ
ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီထံ လျှောက်ထားခြင်း၊ သဘောထားမှတ်ချက် တောင်းခံခြင်းမရှိကြောင်း ပြောခဲ့သည်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ
မှုကော်မရှင်ထံ တွင် မှတ်ပုံတင်ခြင်း၊ ခွင့်ပြုမိန့်ပေးခြင်းတို့သည် အဆိုပါရင်းနှီးမြှုပ်နှံသူများ
၏ အကျိုးစီးပွားနှင့် သက်သာခွင့်များအတွက်သာဖြစ်ပြီး ကော်မရှင်က ခွင့်ပြုချက်ပြီးပါက ရင်းနှီးမြှုပ်နှံမည့်သူက မြေ နေရာများရှင်းလင်းခြင်း၊ မြေအနက်တူးခြင်း၊ ပိုင်စမ်းသပ်ခြင်းလုပ်ငန်း
များ ကြိုတင်ဆောင် ရွက်ခြင်းကို ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီထံ ခွင့်ပြုချက်ရ
ယူရမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။ အဆိုပါမြေနေရာချထားမှုနှင့် ပတ်သက်၍
ထိုသို့ အပြန်အလှန် အငြင်းပွားမှုများဖြစ် ပေါ်နေသော်လည်း မြေနေရာအစားထိုးပေးခြင်းနှင့်
စီမံကိန်းပုံကြမ်း လက်ခံခြင်းတို့ အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ၏
သဘောတူလက်ခံထား သည့် အချက်အလက်များရှိကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က
ပြောသည်။

"အကုန်လုံးရဲ့ ခွင့်ပြုချက်တွေ၊ သဘောထား တွေရမှ ကော်မရှင်က ခွင့်ပြုလို့ရတာပါ။ စည်ပင်က
သဘောတူလက်ခံတဲ့ စာတောင်ရှိပါတယ်။ ကိုယ့်အိမ်ကိုယ်ပြင်ရင်တောင် စည်ပင်ကိုလျှောက်ရတာ
ဒီလိုစီမံကိန်းမျိုးကို စည်ပင်ကို မလျှောက်ဘဲ၊ ခွင့်ပြုချက်မရဘဲ မရပါဘူး။ ကုမ္ပဏီဘက်ကလည်း
ဒါကိုလက်ခံလို့ ဒီလို တရားဝင် ပြန်ပေးတာတွေ ထွက်လာတာပါ။ နောက်ပြီး ဘယ်လို
ပုံစံဆောက်မယ်ဆိုတာနဲ့ ပတ်သက်ပြီး အကြမ်းဖျင်း ဒီဇိုင်းတော့တင် တယ်။ ဒါပေမဲ့
ဒီဇိုင်းနဲ့ပတ်သက်ပြီး ကုမ္ပဏီကို သေချာချာမေးတာ ပိုသိနိုင်ပါတယ်" ဟု ဒေါ်မြစန္ဒာက
ပြောသည်။

ထို့ပြင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ အထပ်မြင့်အဆောက်အအုံများကို
ဆောက်လုပ်ခွင့်ပေးသည့် အင်ဂျင် နီယာဌာန (အဆောက်အအုံ)က အဆိုပါ ဒဂုံ
စီးတီးမြေနေရာချထားရေးအတွက် ခွင့်ပြုချက် ပေးရန် တာဝန်ရှိသူများကသာ ဆောင်ရွက်
ကြောင်း ပြောသည်။ ဒဂုံစီးတီးစီမံကိန်းအတွက် မြေနေရာအသစ်ပြန်လည်ရရှိသည့် Marga Landmark ကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူက ၎င်းတို့ ကုမ္ပဏီက ရန်ကုန်မြို့တော်စည်ပင်သာယာရေး
ကော်မတီအပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အကြိမ်ကြိမ်တွေ့ဆုံ ဆွေးနွေးခဲ့ပြီးဖြစ်သည်ဟု
ပြောသည်။

"တကယ်တော့ ကုမ္ပဏီက ကော်မရှင်ကို နောက်ဆုံးမတင်ခင်မှာ ဆောက်လုပ်ရေး ၀န်ကြီးဌာန၊
စည်ပင်နဲ့ မြန်မာနိုင်ငံအင်ဂျင် နီယာအသင်းအပြင် အခြားသက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး
သူတို့ရဲ့ အကြံပြုချက် ကိုရယူထားပြီး စီမံကိန်းကို ပြင်ဆင်ပြီးသွား ပါပြီ။ Marga Landmark ကုမ္ပဏီ
ကလည်း စည်းမျဉ်းစည်းကမ်းတွေနဲ့၊ ဥပဒေကို အမြဲ တမ်းလိုက်နာကျင့်သုံးတဲ့အတွက် အခု
စီမံကိန်းအသစ် တစ်ခုလုံးအတွက်လည်း ကော်မရှင်ရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ လိုအပ်ချက်တွေကို
လိုက်နာထားပြီးဖြစ်ပါတယ်" ဟု ဒဂုံစီးတီးစီမံကိန်းအတွက် အစားထိုးမြေနေ ရာရရှိခဲ့သည့် Marga
Landmark ကုမ္ပဏီ တာဝန်ရှိသူက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်