မဟာဗန္ဓုလ အငှားအိမ်ရာ တိုက်ခန်းများ ယခုလအတွင်း အပြီးသတ် နေရာချထားပေးမည်

မဟာဗန္ဓုလ အငှားအိမ်ရာ တိုက်ခန်းများ ယခုလအတွင်း အပြီးသတ် နေရာချထားပေးမည်

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကြီးကြပ်မှုဖြင့် အကောင်
အထည်ဖော်တည်ဆောက်လျက်ရှိသည့် မဟာဗန္ဓုလအငှားအိမ်ရာစီမံကိန်းမှ တိုက်ခန်းများကို
လက်ရှိအစိုးရသက်တမ်းမကုန်မီ မတ်လအတွင်း အပြီးသတ်နေရာချထား ပေးသွားမည်ဖြစ်
သည်ဟု တိုင်းဒေသကြီး အစိုးရအဖွဲ့တာဝန်ရှိသူများက ပြော ကြားသည်။

မဟာဗန္ဓုလအငှားအိမ်ရာစီမံကိန်းတွင် စတုရန်းပေ ၅၉၀ အကျယ်အဝန်းရှိ အခန်း တစ်ခန်းကို
ငွေကျပ်သုံးသောင်းနှုန်းဖြင့် အငှား ချထားပေမည်ဖြစ်ရာ စုစုပေါင်းအခန်း ၁,၂၀၀ ကျော်ရှိ
သိရသည်။ ရန်ကုန်လူထုအကြား စိတ်ဝင်စားမှုမြင့်တက်ခဲ့သည့် မဟာဗန္ဓုလအငှားအိမ်ရာမှ
တိုက်ခန်းများကို မည်သူမဆိုလျှောက်ထားနိုင်ပြီး၊ ယခုရက်ပိုင်း အတွင်း မဲစနစ်ဖြင့် အပြီးသတ်နေရာ
ချထားပေး သွားမည်ဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ သစ်တောနှင့် စွမ်းအင်ဝန်ကြီး
ဦးကျော်စိုးက ပြောသည်။ "ဒီဗန္ဓုလ တိုက်ခန်းကို လူတိုင်းနီးပါးက လိုချင်နေကြတယ်။ လက်ရှိအစိုးရ
လက်ထက်လုပ်ထားတဲ့ စီမံကိန်းဖြစ်လို့ လက်ရှိသက်တမ်း အတွင်းမှာကို အပြီးလုပ်ပေးသွားမယ်။
အခုဆို ဗန္ဓုလက တချို့တိုက်တွေ ခေါင်မိုးတောင် မိုးနေ ပြီ။ မဲနှိုက်စနစ်နဲ့ ပေးသွားမှာပါ။ မဲနှိုက်စနစ်
လုပ်ရတာကလည်း လိုချင်လို့ လျှောက်တဲ့သူများလို့သာ လုပ်ရတာပါ။ တကယ်နေစရာ မရှိတဲ့လူတွေကို
နေရာချပေးချင်တဲ့ စေတနာ နဲ့ လုပ်တာပါ။ အိမ်ပိုင်ပြီး အမြတ်လိုချင်လို့ တိုက်ခန်းဝင်လျှောက်၊ မဲပေါက်
သွားမယ်ဆို ရင် ကျန်တဲ့လူတွေကလာပြီး တိုင်ကြားလို့ ရပါတယ်။ မဲပေါက်တဲ့သူကို စစ်ဆေးလို့ အိမ်ပိုင်
နေတာ သေချာပြီဆိုရင် သူ့ကိုဖယ်ပြီး နောက် တစ်ယောက်ကို ပြောင်းတင်သွားမှာပါ"ဟု ၎င်းက ပြော
သည်။

အငှားအိမ်ရာတွင် မြေပိုင်၊ တိုက်ခန်းပိုင် မရှိသူများကိုသာ နေရာချထားပေးရန် သတ် မှတ်ထားပြီး၊
တိုက်ခန်းလျှောက်လွှာများ လက်ခံရာ၌လည်း တိုက်ခန်းအိမ်ရာပိုင်ဆိုင်မှု မရှိကြောင်း ကိုယ်တိုင်ရေး
၀န်ခံချက်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ၀န်ထမ်းဖြစ်ပါက သက်ဆိုင် ရာ ၀န်ထမ်းအကြီးအကဲ၏ အိမ်ရာ
ပိုင်ဆိုင်မှု မရှိကြောင်း ထပ်ဆင့်ထောက်ခံချက်များကို ရယူ ပြီးမှသာ အငှားအိမ်ရာလျှောက်ထားမှုများကို
လက်ခံခဲ့ခြင်းဖြစ်သည်။

အငှားအိမ်ရာ တိုက်ခန်းနေထိုင်ရန် ရွေးချယ်ခံထားရသူများ အနေဖြင့် နိုင်ငံတော်မှ သတ်မှတ်ထားသည့်
စည်းမျဉ်းစည်းကမ်းများ၊ ကတိကဝတ်များ အတိုင်း စာချုပ်ချုပ်ဆိုပြီးမှသာ တက်ရောက်နေထိုင်ခွင့်ပြုမည်ဟု
သိရသည်။ အငှားအိမ်ရာတိုက်ခန်းမျာကို ငှားရမ်းနေထိုင်ခွင့်ရသူများအနက် နိုင်ငံတော်က သတ်မှတ်
ထားသည့် လစဉ်ပေးသွင်းငွေများ ကို ပေးချေခြင်းမပြုခြင်း၊ အကြောင်းအမျိုးမျိုး ပြကာ အချိန်ဆွဲခြင်း၊
အိမ်ရာသာယာရေး ကော်မတီမှ ချမှတ်ထားသည့် စည်းကမ်းများ ကို လိုက်နာ မှုမရှိခြင်း၊ ဖောက်ဖျက်
ကျုးလွန်ခြင်း ပြုလုပ်ပါက ၁၉၅၅ ခုနှစ် အစိုးရပိုင်အိမ်ဥပစာနှင်ထုတ်ခြင်း ဥပဒေအရ ဖယ်ရှားရှင်းလင်းကာ အပိုဆောင်းမဲနှိုက်ထားသူများကို အမှတ်စဉ်အလိုက် ပြန်လည်နေရာချထားပေးရန် စီစဉ်ထားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း တန်ဖိုး နည်းနှင့် တန်ဖိုးမျှတ အိမ်ရာစီမံကိန်းများကို မဲနှိုက်စနစ်ဖြင့်
ရွေးချယ်ရောင်းချပေးခဲ့သော် လည်း တိုက်ခန်းမဲပေါက်သူအချို့သည် အမှန် တကယ်နေထိုင်ရန်ထက်
အကျိုးအမြတ်ရရှိ စေရန် တစ်ဆင့်ပြန်လည်ရောင်းချခြင်း၊ ပြန် လည် အငှားချထားခြင်းပြုလုပ်လျက်ရှိ
သည်။ လက်ရှိအချိန်တွင် အိမ်ခြံမြေဈေးကွက် အရောင်းအဝယ်အေးနေသည့်အတွက် မဲပေါက်တိုက်
ခန်းများကို အမြတ်တင်၍ တစ်ဆင့်ခံပြန်လည်ရောင်းချရန် ခက်ခဲသည့် အတွက် တိုက်ခန်းမဲပေါက်
ထားပြီးဖြစ်သော် လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ လာရောက် ဆက်သွယ်ခြင်း မပြုသူများလည်း
များလာသည့်အတွက် မဟာဗန္ဓုလအငှားအိမ်ရာမှ တိုက်ခန်းများကို တင်းကျပ်သည့် စည်းကမ်းသတ်မှတ်
ချက်များဖြင့်သာ အငှားချထားပေးတော့မည်ဖြစ်သည်ဟု ဦးကျော်စိုးက ပြောသည်။

"တိုက်ခန်းမဲပေါက်သူတွေထဲက အချို့က ရတဲ့အခန်းကို အပြင်မှာပြန်ရောင်းကြည့် တယ်။ မမြတ်တော့ဘူး၊
၀ယ်လက်မရှိဘူးဆို ရင် လာမဆက်သွယ်တော့တာ တွေ့လာရ တယ်။ ဒီတစ်ခေါက်ကတော့ အခန်း
၁,၂၀၀ ဆိုရင် လူ ၁,၄၀၀ လောက်အထိ ပိုပြီးမဲနှိုက်ထား မယ်။ လူ ၂၀၀ လောက်ကို အရန်အဖြစ်
မဲနှိုက် ထားမယ်။ အမှတ်စဉ် ၁ ကနေ ၁,၂၀၀ အထိ အခန်းမဲပေါက်ပြီး လာမယူတဲ့ လူရှိရင် နောက်လူ
တွေကို အစဉ်တိုင်းပေးနိုင်ဖို့ အကြံပြုထားတယ်။ ဗန္ဓုလကတော့ အားလုံးက လိုချင်နေ လို့ မဲပေါက်ပြီး
လာမယူတဲ့ လူမရှိနိုင်ဘူးလို့ တွက်ထားတယ်။ မဲပေါက်လို့ စာချုပ်ချုပ်ပြီး မှပဲ ငှားမှာဖြစ်လို့ နောက်အစိုးရ
လည်း အဆင် ပြေအောင်လို့ စာချုပ်ကိုအားနည်းချက် အနည်းဆုံးဖြစ်အောင် ဥပဒေပညာရှင်တွေ နဲ့ တိုင်ပင်ပြီး ရေးဆွဲချုပ်ဆိုသွားဖို့စီစဉ်ထား တယ်။ ဦးစားပေးအခန်းမထားဘဲ အခန်း ၁,၂၀၀ လုံးကို
မဲစနစ်နဲ့ နေရာချထားပေးသွား မှာပါ" ဟု ၎င်းက ပြောသည်။ မဟာဗန္ဓုလအငှားအိမ်ရာစီမံကိန်းမှ
တိုက်ခန်းများအတွက် မဲနှိုက်နေရာချထားပေး ခြင်းကို အများပြည်သူသိရှိနိုင်ရန် ကြိုတင်အသိပေး
သွားမည်ဖြစ်ပြီး၊ ပွင့်လင်းမြင်သာမှုရှိစေရန် မဲနှိုက်အစီအစဉ်ကို အများပြည်သူ ရှေ့မှောက်တွင်
ဆောင်ရွက်သွားမည်ဟု လည်း ဦးကျော်စိုးက ပြောသည်။

မဟာဗန္ဓုလအငှားအိမ်ရာစီမံကိန်း၏ တည်ဆောက်ရေးလုပ်ငန်းများကို ပြီးခဲ့သည့် ဇန်နဝါရီလ
ပထမသီတင်းပတ်အတွင်း စတင် ခဲ့ပြီး၊ ယခုလကုန်ပိုင်းတွင် အပြီးသတ်တည်ဆောက်သွားမည်ဟု
သိရသည်။ အများပြည်သူ အိမ်ရာလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့က
လက်ရှိဘဏ္ဍာနှစ်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငွေကျပ် ၄၆ ဘီလျံချထားပေးခဲ့ရာ
ရန်ကုန်တိုင်းဒေသကြီးအတွင်း မဟာဗန္ဓုလအငှားအိမ်ရာစီမံကိန်း တည်ဆောက်ရန် ကျပ် ၂၀
ဘီလျံ ရရှိခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်