၏မန္တလေးမြို့တွင် အသစ်ဆောက်လုပ်ပြီးစီးခဲ့ သည့် စိတ္တရမဟီအိမ်ရာသည် သိန်းထောင်
ကျော်တန် ကွန်ဒိုတိုက်ခန်းအမျိုးအစားဖြစ် ပြီး ၀န်ထမ်များကို ချထားပေးမည်မဟုတ်ကြောင်း
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယ ၀န်ကြီးဦးစိုးတင့်က လွန်ခဲ့သော ရက်သတ္တပတ်က
ရန်ကုန်မြို့၌ ကျင်းပခဲ့သည့် အခမ်းအနား တစ်ခုတွင် ပြောကြားသွားသည်။
"လူတိုင်းစည်းမျဉ်းစည်းကမ်းအရ ကိုက်ညီရင် ဘယ်သူမဆို လျှောက်လို့ရပါတယ်၊ ကွန်ဒိုဖြစ်တဲ့
အတွက် သိန်းထောင်ကျော် သွင်း ရမယ်၊ ၀န်ထမ်းတွေကိုချပေးတဲ့ အိမ်ရာမဟုတ် ပါဘူး"ဟု
ဒုတိယဝန်ကြီး ဦးစိုးတင့်က ပြော သည်။ မန္တလေးမြို့တွင် အသစ်ဆောက်လုပ်ပြီးစီးခဲ့သည့်
စိတ္တရမဟီအိမ်ရာတွင် နေအိမ် တိုက်ခန်းရရှိရန် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသော
ဦးစိုးသိန်း၊ ဦးတင်နိုင်သိန်းနှင့် ဒေါက်တာကံဇော်တို့က ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု
၀န်ကြီး ဦးကျော် လွင်ထံ လိပ်မူလျှောက်ထားခဲ့သည့်စာများ ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း
လူမှုမီဒီယာပေါ်တွင် ပျံ့နှံ့ခဲ့သည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ
အမှုထမ်း၊ အရာထမ်းများကို သက်ဆိုင်ရာက စစ်ဆေးခဲ့သည်ဟု သိရသည်။
ပြည်ထောင်စုဝန်ကြီးများ၏ တိုက်ခန်း လျှောက်လွှာများ ပေါက်ကြားလာမှုအပေါ် ဆောက်လုပ်ရေး
၀န်ကြီးဌာနမှ တာဝန်ရှိသူ များနှင့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန တို့မှ ၀န်ထမ်းအချို့ကို
ဌာနတွင်းစုံစမ်းစစ်ဆေး မှုများ ဆောင်ရွက်ခဲ့သော်လည်း မည်သည့် ၀န်ထမ်းကိုမျှ ပြင်းထန်သည့်
အပြစ်ပေးအရေး ယူသွားရန် ရည်ရွယ်ထားခြင်းမရှိဟုလည်း ဒုတိယဝန်ကြီးဦးစိုးတင့်က ပြောသည်။
"အလကား လျှောက်ဖွတဲ့ ကိစ္စတွေပါ၊ ကိုယ့်ဝန်ထမ်းတွေကိုလည်း အရေးယူမှာ မဟုတ်ပါဘူး၊
သူတို့မှားပြီး သူတို့ဟာသူတို့ တင်တာပါ၊ လျှို့ဝှက်ထားစရာလည်း အကြောင်းမရှိပါဘူး ၊ ၀န်ကြီးတွေ
တင်မဟုတ်ဘူး၊ အားလုံးကို ၀ယ်ခွင့်ပြုနေတာ၊ အခုစစ်ဆေးတယ် ဆိုတာကလည်း အကြောင်းအားလျော်
စွာ ဘာဖြစ်သလဲဆိုတာကို သိရဖို့ အတွက် စိစစ်တာဖြစ်ပါတယ်၊ ကိုယ့်ဝန်ထမ်း တွေကို ကိုယ်တွေက
ဖြစ်နိုင်သမျှ ဘယ်တော့မှ အရေးယူဖို့ မရှိပါဘူး" ဟု ၎င်းက ပြောသည်။
ပြည်ထောင်စုဝန်ကြီးများ၏ တိုက်ခန်းလျှောက်လွှာများ ပေါက်ကြားခဲ့သည့်အပေါ် ဆောက်လုပ်ရေး
၀န်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးအဆင့် အရာရှိအပါအဝင် စုစုပေါင်း ၀န်ထမ်း ၂၅ ဦးကို
စစ်ဆေးခဲ့ရာတွင် မိုဘိုင်းဖုန်းများ သိမ်းယူစစ်ဆေးခြင်း၊ ရာထူး လျှော့ချမည်ဟု တာဝန်ရှိသူအချို့က
ခြိမ်း ခြောက်ပြောဆိုခြင်းများ ရှိခဲ့သည်ဟု စစ်ဆေး ခံခဲ့ရသူများက လူမှုမီဒီယာပေါ်တွင် စာများ
ဖြန့်ဝေခဲ့သည်။ နိုင်ငံဝန်ထမ်းဥပဒေနှင့် ညီ ညွတ်ခြင်းမရှိဘဲ စုံစမ်းစစ်ဆေးနေသည့်အတွက်
၀န်ထမ်းများစိုးရိမ်ထိန်လန့်နေရ သည့်အပေါ် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး
ဦးကျော်လွင်၊ ဒုတိယ ၀န်ကြီးဦးစိုးတင့်၊ အမြဲတမ်းအတွင်းဝန် ဦးကျော်လင်း၊ ညွှန်ကြားရေးမှူးချုပ်
များဖြစ် သော ဦးမင်းထိန်၊ ဦးဝင်းတင့်၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြင့်မောင်ဝင်း၊ ညွှန်ကြား
ရေးမှူး ဦးအေးချိုတို့ကို အရေးယူပါရန် သမ္မတ ဦးသိန်းစိန်ထံ လိပ်မူထားသော တိုင်ကြားစာ
တစ်စောင် လူမှုမီဒီယာတွင် ပျံ့နှံ့ခဲ့ခြင်း ဖြစ်သည်။
စိတ္တရမဟီအိမ်ရာမှာ ၀န်ထမ်းအိမ်ရာမဟုတ်ဘဲ ၎င်းအိမ်ရာအနီးရှိ မြရည်နန္ဒာ တန်ဖိုးနည်းအိမ်ရာမှ
တိုက်ခန်းများမှာ ကျပ် သိန်း၁၀၀ နှင့် ကျပ်သိန်း၁၅၀အကြား ဈေးနှုန်း ဖြင့် နိုင်ငံဝန်ထမ်းများကို
ရောင်းချပေးနေ သည့် ၀န်ထမ်းအိမ်ရာများဖြစ်သည်ဟု လည်း ဦးစိုးတင့်က ပြောသည်။
မန္တလေးမြို့ စိတ္တရ မဟီရပ်ကွက်ရှိ အိမ်ရာများမှာ ယခင်ခေတ် အဆက်ဆက်တွင် နိုင်ငံ
၀န်ထမ်းများသို့ အငှား စနစ်ဖြင့် ချထားပေးခဲ့သည့် အိမ်ရာဟောင်း တစ်ခုဖြစ်ပြီး ယနေ့
အချိန်တွင် အချက်အချာ ကျသည့် နေရာဖြစ်လာသည့်အတွက် ခေတ် စနစ်နှင့်အညီ
အဆင့်မြှင်တင်ရန် အသစ်ပြန် လည်ဆောက်လုပ်ခဲ့သည့် အိမ်ရာစီမံကိန်း တစ်ခုဖြစ်သည်။
ယင်းအိမ်ရာစီမံကိန်းကို ပြန်လည်အဆင့်မြှင့် တည်ဆောက်ရာတွင် ထွက်ရှိလာမည့်အခန်းများကို ငွေကြေးစိုက်ထုတ်သည့် ပြင်ပ ဆောက်လုပ်ရေးကုမ္ပဏီက
၄၈ ရာခိုင်နှုန်းနှင့် နိုင်ငံတော်က ၅၂ ရာခိုင်နှုန်းဖြင့် သဘောတူညီ ချက်များရယူကာ တည်ဆောက်
ခဲ့ခြင်း ဖြစ်ပြီး ၉၀ ရာခိုင်နှုန်းကျော်ပြီးစီးနေပြီဖြစ်သည်။ အဆိုပါအိမ်ရာတွင် ခေတ်အဆက်
ဆက်နေထိုင်ခဲ့သည့် ၁၂၂ ဦးကိုသာ ပြန်လည်နေရာ ချထားပေးမည်ဖြစ်ပြီး နိုင်ငံတော်က
အချိုးကျ ရရှိမည့် ကွန်ဒိုတိုက်ခန်း ၄၂ ခန်းတွင် တိုင်းဒေ သကြီးအစိုးရအစီအစဉ်ဖြင့်
အခန်းပေါင်း ၂၀ နှင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန အစီအစဉ်ဖြင့် ၂၂ ခန်းရောင်းချပေး
သွားမည် ဖြစ်သည်။
"အရင်အိမ်ရာကို အဆင့်မြှင့်တင်တဲ့ စီမံ ကိန်းပါ၊ ၀န်ထမ်းတွေကို အခန်းရောင်းပေး နေတဲ့
မြရည်နန္ဒာနဲ့ မတူပါဘူး၊ ကျွန်တော့်ကို လည်း ဌာနဘက်က ခေါ်စစ်ပါတယ်၊ ဆူပူကြိမ်း
မောင်းတာတွေ၊ ဖုန်းတွေ သိမ်းဆည်းတာ မရှိပါဘူး၊ စီမံကိန်းနဲ့ ပတ်သက်ပြီး မေးမြန်း
တာပါ၊ နိုင်ငံတော်သမ္မတကို တိုင်တဲ့ကိစ္စကို လည်း နောက်ပိုင်းမှ ကျွန်တော်သိရတာပါ၊
ဘယ်သူ့ကိုအရေးယူမယ်ဆိုတဲ့ အဖြေတော့ အခုချိန်ထိ မသိရသေးပါဘူး"ဟု ဆောက်
လုပ်ရေးဝန်ကြီး ဌာနရုံးချုပ်တွင် ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးမှုကို ခံယူခဲ့ရသည့် မြို့ပြနှင့်
အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူး ဦးမင်းအောင်အေးက ပြောသည်။
ဆောက်လုပ်ရေး ၀န်ကြီးဌာနအတွင်း ပြုလုပ်လျက်ရှိသည့် ဌာနဆိုင်ရာစစ်ဆေးမှုများ
ဆောင်ရွက်ဆဲဖြစ်ပြီး စစ်ဆေးခံရသူများ ၏ ထွက်ဆိုချက်များ၊ သက်သေအစစ်ခံချက်
များကို မှတ်တမ်းများ ရယူထားရှိပြီး ၀န်ထမ်း များကို အပြစ်ပေးအရေးယူခြင်းကိစ္စရပ်များကိုမူ
ပြည်ထောင်စုဝန်ကြီးပါ၀င်သည့် ဘုတ်အဖွဲ့ဖြင့် ဆုံးဖြတ်သွားမည် ဖြစ်သော်လည်း ယနေ့
အချိန်အထိ စုံစမ်းစစ်ဆေးရေးနှင့် ပတ် သက်၍ တိကျသည့်အဖြေတစ်ခု ထွက်ပေါ်
မလားသေးကြောင်း ဦးမင်းအောင်အေးက ဆက်လက်ပြောကြားသည်။
















