ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မူလ ပိုင်ရှင်နှင့် ဒေသခံများအကြား အငြင်းပွား
နေဆဲဖြစ်သည့် ကော့မှူးမြို့နယ်အတွင်းရှိ ဆူးကလပ်ရော်ဘာခြံတွင် မြေကွက်ပေးမည်
ဟူသော သတင်းများနှင့်အတူ ကျူးကျော်နေ ထိုင်သူ အရေအတွက် တိုးလာနေသည်ဟု
ဒေသခံများက ပြောသည်။
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့ နယ်အတွင်းရှိ ဆူးကလပ်ရော်ဘာခြံကို ပုဂ္ဂလိကလုပ်ကိုင်ခွင့်
ချထားပေးရန် တိုင်း ဒေသကြီး အစိုးရက ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တင်ဒါခေါ်ယူ၍ ပုဂ္ဂလိက
ကုမ္ပဏီတစ်ခုကို ချထားပေးမှုအပေါ် တင်ဒါ စည်းကမ်းများနှင့် ညီညွတ်ခြင်းမရှိဟုဆိုကာ တင်ဒါ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဒေသခံများနှင့် မူလပိုင်ရှင် ဖြစ်သူတို့က ကန့်ကွက်ခဲ့ကြသည်။
ထိုသို့ အငြင်းပွားနေ ဆဲ ရော်ဘာခြံမြေကို ခွဲဝေစိတ်ပိုင်း၍ အငှားချထားပေးမည့် သတင်းများလည်း
ယခုနှစ်ပိုင်းတွင် ထွက်ပေါ်ခဲ့သည်။
"ဆူးကလပ်ရော်ဘာခြံမြေပေါ်မှာ နေထိုင်တဲ့ ရွာသားတွေကို မြေကွက်တွေပေးမယ်ကြားတော့
တခြားရွာက လူတွေလည်း အိမ်တွေလာဆောက်နေကြတယ်။ အရင်က ကျုးကျော်အိမ် ၂၀
လောက်ပဲ ရှိခဲ့ပေမယ့် အခုနေ့စဉ်ကျူးကျော်အိမ်တွေ တိုးဆောက် လာနေကြတာ ဒီရက်ပိုင်းလေး
မှာပဲ ကျူး ကျော် အိမ် ၁၀၀ တောင် ကျော်နေပြီ"ဟု ဆူးကလပ်ရော်ဘာခြံအနီးရှိ ဖျဉ်ပင်နီ ကျေး
ရွာမှ ဦးကျော်လွင်အောင်က ပြောသည်။ ဆူးကလပ်ရော်ဘာခြံတွင် မြေကွက်ချထားပေးရန်
ပြီးခဲ့သည့်နှစ်တွင် သက်ဆိုင်ရာ က ကျုးကျော်နေထိုင်သူအရေအတွက် လိုက်လံကောက်ခံခဲ့သည်ဟု
သတင်းများ ထွက်ပေါ်လာပြီးနောက် ကျူးကျော်တဲလာ ဆောက်သူများ သိသိသာသာ များပြားလာ
ကြောင်းနှင့် ကျူးကျော်နေထိုင်သူများ တိုးများလာနေသော်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများက
တစ်စုံတစ်ရာတုံ့ပြန်ခြင်း မရှိသေးကြောင်း ဒေသခံများက ပြောသည်။
"နေရာကောင်းတွေမှာ ဦးထားတဲ့သူ တွေက အခုဆို သူတို့မြေနေရာတွေကို ပြန် ရောင်းတာတွေပါ တွေ့နေရပါတယ်။ နေရာ ပေါ်မူတည်ပြီး တချို့နေရာတွေဆို ကျူးကျော်တစ်အိမ်ကို ငွေခြောက်သောင်း ထိတောင် ဈေးရပါတယ်။ ဂရန်တွေ၊ စာချုပ် တွေ ဘာမှမရှိပေမယ့်
ဆူးကလပ်ရော်ဘာခြံ ထဲက ကျူးကျော်အိမ်တွေကို ပြန်ရောင်း၊ ပြန်ဝယ် လုပ်နေကြတာပါ"ဟု
ဦးကျော်လွင်အောင်က ပြောသည်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ က ပြီးခဲ့သည့်နှစ် အောက်တို
ဘာလတွင် ဆူးကလပ်ရော်ဘာခြံ အတွင်း နေထိုင် လျက်ရှိသော မိသားစုအရေအတွက်ကို စာရင်းပြုစု
ရန် ခိုင်းသဖြင့်ဆောင်ရွက်ခဲ့ရ ကြောင်း ရှာဖွားကျေး ရွာအုပ်စု၊ အုပ်ချုပ် ရေးမှူး ဦးမျိုးမြင့်မောင် က
ပြောသည်။ "အောက်တိုဘာလတုန်းက ဆူးကလပ် ရော်ဘာခြံဝင်းထဲမှာ ကျူးကျော် နေထိုင် နေတဲ့
မိသားစုအရေအတွက်ကို စာရင်း လိုက်ကောက်ခဲ့တာ မိသားစု ၄၀၀ ၀န်းကျင် ရှိတယ်။ ဒီဇင်ဘာလမှာ
အထက်ကနေ စာပြန်ကျလာတယ်။ ဒီရော်ဘာခြံဝင်းထဲ မှာ အိမ်မရှိလို့ အမှန်တကယ် ကျူးကျော်လာ
နေထိုင်နေတဲ့သူတွေကို ပေ ၂၀၀ ပတ်လည် မြေကွက်တွေကို အကွက်ရိုက်ပြီး ပေးမယ်လို့ စာပြန်ကျ
လာပေမယ့် အခုအချိန်ထိ မြေစာရင်းဌာနက မြေလာမတိုင်းသေးပါဘူး"ဟု ၎င်းက ပြောသည်။
ဆူးကလပ်ရော်ဘာခြံ၏ မူလပိုင်ရှင်မှာ အိန္ဒိယနွယ်ဖွား မြန်မာနိုင်ငံသားဖြစ်သူ ဦးဘာဘူလာလ်ဖြစ်ပြီး
၁၉၅၇ ခုနှစ်တွင် နိုင်ငံတော်သမ္မတအမိန့်ဖြင့် ဗြိတိသျှအစိုးရ ပိုင် ှအနနူ မြသအ့နမ ကုမ္ပဏီထံမှ စုစုပေါင်း
၁,၄၀၀ ဧက အကျယ်အဝန်းရှိ ရော်ဘာခြံကို ၀ယ်ယူခဲ့ခြင်းဖြစ်သည်။ ဦးဘာဘူလာလ်သည်
၁၉၆၇ -၆၈ ခုနှစ်အထိ မြေခွန်များ ပေး ဆောင်ခဲ့ပြီး၊ ဗိုလ်ချုပ်ကြီးနေဝင်း၏ တော်လှန်ရေးကောင်စီ
အစိုးရလက်ထက် ၌ လုံခြုံရေးကို အကြောင်းပြု၍ ဆူးကလပ်ရော်ဘာခြံကို သိမ်းယူခဲ့ခြင်းဖြစ်သည်ဟု
သိရသည်။ ဆူးကလပ်ရော်ဘာခြံကို ပြန်လည်လုပ်ကိုင်ခွင့် ရရှိရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရ၊
စက်မှုဝန်ကြီးဌာန၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ အမျိုးသား လွှတ်တော် ပြည်သူ
တို့၏ တိုင်ကြားစာ နှင့် အသနားခံစာဆိုင်ရာ ကော်မတီ၊ နိုင်ငံတော်သမ္မတ၊ ကော့မှူးမြို့နယ် ပြည်သူ့
လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည်တို့ထံ စာချုပ်စာတမ်းဖြင့် ၂၀၁၂ ခုနှစ်တွင် တင်ပြ
လျှောက်ထားခဲ့သည်ဟု ဆူးကလပ် ရော်ဘာခြံ မူလ ပိုင်ရှင်၏ သားဖြစ်သူ ဦးအရှော့ကူးမားက
ပြောသည်။ ဆူးကလပ်ရော်ဘာခြံကို အာဏာပိုင်အဖွဲ့အစည်း၏ နှုတ်မိန့်ညွှန် ကြားချက်အရ ပိုင်းခြား
ကန့်သတ်၍ အငှား ချထားပေးမည့် အစီအစဉ်ကို မူလခြံပိုင်ရှင်က ကန့်ကွက်ကြောင်း အကြောင်းကြားစာကို နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာ၌ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလတွင်
ထည့်သွင်းခဲ့သည်။
"အရင်က ဌာနတွေသာ ပြောင်းသွားခဲ့ ပေမယ့် ရော်ဘာလုပ်ငန်းကို ဆက်လုပ်နေ တုန်းပဲ။
ဒါပေမဲ့ တိုင်းဒေသကြီးလက် အောက်လည်းရောက်သွားရော ဘာလုပ် ငန်းမှ မလုပ်တော့ဘဲ
ဒီအတိုင်းထားခဲ့လို့ ရော်ဘာပင်တွေလည်း ပျက်စီးတာနဲ့ ခိုးခုတ် ခံရတာနဲ့ အခုမရှိတော့ပါဘူး။
မြေကွက်ကို ဒီအတိုင်းထားလို့ ကျူးကျော်နေတဲ့သူတွေပဲ တိုးများလာပါတယ်"ဟု ဦးအရှော့ကူးမားက
ပြောသည်။ ဆူးကလပ်ရော်ဘာခြံကို မြေယာနှင့် ကျေးလက်ကြီးပွားတိုးတက်ရေးကော်ပိုရေးရှင်း၊
လယ်ယာစိုက်ပျိုးရေးကော်ပိုရေးရှင်း၊ စိုက်ပျိုးရေးဝန်ကြီးဌာန၊ မြန်မာ့စိုက်ပျိုးရေး နှင့် မွေးမြူရေးလုပ်ငန်း၊
မြန်မာ့နှစ်ရှည်ပင် လုပ်ငန်းနှင့် စက်မှု (၁) ၀န်ကြီးဌာနတို့က အဆင့်ဆင့်လက်လွှဲ လုပ်ကိုင်ခဲ့ကြပြီး
လက်ရှိအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့လက်အောက်တွင် ရှိနေသည်ဟုလည်း ၎င်းက
ပြောသည်။
ဆူးကလပ်ရော်ဘာခြံမှ မြေဧက ၆၅၀ ကျော်ကို ပုဂ္ဂလိကသို့ ချထားပေးနိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့က
၂၀၁၃ ခုနှစ် တွင် လေလံခေါ်ယူခဲ့သော်လည်း မူလပိုင် ရှင်၏ ကန့်ကွက်မှုကြောင့် အဆိုပါလေလံကို
ပြန်လည်ရုပ်သိမ်းခဲ့သည်။
လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားရေးမှတ်ပုံတင်ဦးစီးဌာနနှင့် တိုင်းမြေစာရင်းဌာန၊ ခရိုင်မြေစာရင်း
စာဌာနတို့က ၂၀၁၅ ခုနှစ်အတွင်း ခေါ်ယူစစ်ဆေးခဲ့သည်ဟုလည်း ဦးအရှော့ကူးမားက ပြောသည်။
'နေစရာအိမ် တကယ်မရှိလို့ ဒီမြေပေါ် မှာလာနေပြီး စိုက်ပျိုးစားသောက်နေတဲ့ ကျူး ကျော်နေထိုင်သူတွေကို
ကိုယ်ပိုင်မြေကွက် တွေ ရစေချင်ပါတယ်။ ဒါပေမဲ့ ဒီမှာလာပြီး ကျူးကျော်နေရင် မြေကွက်ရနိုင်တယ်ဆိုပြီး
အိမ်ပိုင်တွေရှိနေရဲ့နဲ့ ကျူးကျော်လာနေသူတွေလည်း တစ်နေ့တခြားများလာနေတယ်ဆိုတော့ မြေကွက်ပေး
မယ်ဆိုရင် သေချာစိစစ်ပေးဖို့ လိုနေပါတယ်"ဟု ဦးမျိုးမြင့်မောင်က ပြောသည်။
ဆူးကလပ်ရော်ဘာခြံအတွင်း ကျူး ကျော်နေထိုင်သော ရွာသား၂၅၀ ကျော်က တိုင်းဒေသကြီးအစိုးရ
အဖွဲ့ထံ မြေကွက် ရရှိရေး ဇန်နဝါရီလတွင် လက်မှတ်ရေး ထိုးတောင်းဆိုခဲ့ခြင်းဖြစ်ပြီး လာရောက်
ကျူးကျော်နေထိုင်သူများ များပြားလာနေ သည့်အတွက် သက်ဆိုင်ရာအာဏာပိုင် များကို
အကြောင်းကြားခဲ့သော်လည်း တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုခြင်းမရှိဟု လည်း ၎င်းက
ပြောသည်။ ကော့မှူးမြို့နယ်အတွင်းရှိ ဆူးကလပ် ရော်ဘာခြံနှင့် ပတ်သက်၍ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ကို မြန်မာတိုင်း(မ်)က မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြား
ခြင်းမရှိပေ။
















