ဗန္ဓုလအငှားအိမ်ရာ နေထိုင်ခွင့် မဲပေါက် သူများကို အိမ်ပိုင်ရှိ၊ မရှိ စိစစ်မည်

ဗန္ဓုလအငှားအိမ်ရာ နေထိုင်ခွင့် မဲပေါက် သူများကို အိမ်ပိုင်ရှိ၊ မရှိ စိစစ်မည်

မဟာဗန္ဓုလ အငှားအိမ်ရာတွင် နေထိုင်ခွင့် ရရှိရန် လျှောက်ထားသူများကို ရန်ကုန်တိုင်းဒေ
သကြီးအစိုးရအဖွဲ့က မဲနှိုက်ရွေးချယ်ထားပြီး ဖြစ်သော်လည်း နေထိုင်ခွင့်မဲပေါက်သူများ
သည် အိမ်ရာပိုင်ဆိုင်မှုရှိ၊ မရှိ ပြန်လည်စိစစ်သွားမည်ဖြစ်သဖြင့် အပြီးသတ် နေထိုင်ခွင့်
ရရှိ သူများစာရင်းကို လာမည့်ရက်သတ္တပတ်နှစ်ပတ်အတွင်း ထုတ်ပြန်ကြေညာသွားမည်ဟု
တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သည့် မတ်လ ၁၃ ရက်နေ့တွင် မဟာ ဗန္ဓုလ အငှားအိမ်ရာ နေထိုင်ခွင့်လျှောက်ထား
သူများကို အများပြည်သူရှေ့မှောက်တွင် မဲနှိုက်ရွေးချယ်ပေးခဲ့ပြီးဖြစ်သော်လည်း အိမ်
ပိုင်ဆိုင်မှု ရှိ၊မရှိ စိစစ်ပြီးမှသာ နေရာချထား ပေးမည်ဖြစ်သည်။ "မဲကတော့နှိုက်ပြီးသွား
ပါပြီ၊ ဒါပေမဲ့ လိမ်လည်လျှောက်ထားမှုတွေရှိနိုင်တဲ့အတွက် ပြန်စိစစ်ပြီးမှ အတည်ပြုစာရင်းကို
ထုတ်ပြန်ပေးပါမယ်၊ အခန်းနေဖို့ရှိရဲ့ သားနဲ့ လိမ်ပြီးလာလျှောက် မဲပေါက်သွားတဲ့သူတွေကို
ဖျတ်သိမ်းပြီး နောက်လူကို အစဉ် လိုက်နေရာချပေးမယ်၊ အဲဒါကြောင့် ပြန်စိစစ် ရတာဖြစ်တယ်၊
နှစ်ပတ်အတွင်းမှာ အတည်ပြု သတင်းထုတ်ပြီး နေရာချထားပေးပါမယ်" ဟု ရန်ကုန်တိုင်းဒေသကြီး
အစိုးရအဖွဲ့မှ သစ်တော နှင့် စွမ်းအင်ဝန်ကြီး ဦးကျော်စိုးက ပြောသည်။

မဟာဗန္ဓုလ အငှားအိမ်ရာတွင် အငှား စနစ်ဖြင့် နေထိုင်ခွင့်ရရှိရန် လျှောက်ထားသူ ၃၅,၅၀၀
ရှိသည့်အနက် အမှန်တကယ် နေရာ ချထားပေးနိုင်မှုမှာ အခန်းပေါင်း ၁,၁၅၂ ခန်း သာရှိသည်။
လျှောက်ထားသူများအနက် ၁,၄၀၀ ကို မဲနှိုက်ရွေးချယ်ထားပြီးဖြစ်သော် လည်း အမှန်တကယ်နေရာ
ချထားပေးမည့် အခန်းအရေအတွက်မှာ ၁,၁၅၂ ခန်းသာရှိ သည့်အတွက် ကျန်၂၄၈ ဦးကို
အရန်တန်းစီ ဇယားဖြင့် သတ်မှတ်ထားရှိမည်ဖြစ်သည်။ ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်၊
ရန်ကုန် -မန္တလေးအမှတ် ၂ လမ်းမကြီးပေါ်တွင် ဆောက်လုပ်လျက်ရှိသည့် မဟာဗန္ဓုလအငှား
အိမ်ရာစီမံကိန်းမှ စတုရန်းပေ ၅၇၀ ကျယ်ဝန်း သည့်အခန်းများကို ကျပ် ၃၀,၀၀၀ နှုန်းဖြင့်
နှစ်ရှည်ငှားရမ်းမည်ဖြစ်ရာ ရန်ကုန်ပြည်သူ လူထုအကြားတွင် စိတ်ဝင်စားမှုများပြားသည့်
အိမ်ရာစီမံကိန်းတစ်ခုဖြစ်သည်။

အခန်းပေါင်း ၁,၂၀၀ ထွက်ရှိမည့် ယင်းစီမံ ကိန်းမှ အခန်းပေါင်း ၁,၁၅၂ ခန်းကိုသာ မဲနှိုက်
နေရာချထားပေးမည်ဖြစ်ပြီး ကျန်ရှိအခန်း များကို ယင်းနေရာတွင် နေထိုင်သူများကို ပြန်လည်
နေရာချထားပေးမည်ဖြစ်သည်။

"မူလနေထိုင်တဲ့ ၄၈ ယောက်ကို အခန်း ပြန်ပေးဖို့ လုပ်ထားတယ်၊ ဆောက်မယ်ဆို တုန်းကလည်း သူတို့က
နေရာဖယ်ပေးထားတဲ့ အပြင် ဘယ်ကျုးကျော်မှလည်း မလာရဲအောင် သူတို့ကကာကွယ်ပေးထားကြတယ်"ဟု ဦးကျော်စိုးက ပြောသည်။ ဌားရမ်းနေထိုင်ခွင့် ရရှိသူများသည်မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနနှင့်ဆက်သွယ်
ဆောင်ရွက်ရမည်ဖြစ်ပြီး ဒဂုံမြို့သစ်အရှေ့ပိုင်းရှိအိမ်ရာစီမံခန့်ခွဲရေးရုံးခန်းသို့ တစ်လလျှင်ဌားရမ်းခကျပ်သုံးသောင်းပေးသွင်းရမည်ဖြစ်ကာ ပြန်လည် ရောင်းချခွင့်မရှိဘဲ
နှစ်ရှည်ဌားရမ်းသည့် နိုင်ငံပိုင်အိမ်ရာများ ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်