မြကျွန်းသာ အပန်းဖြေဥယျာဉ်ကို အဆင့်မြှင့်တင်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက
၂၀၁၃ ခုနှစ်တွင် ပုဂ္ဂလိကကုမ္ပဏီ များကို နှစ် ၆၀ အငှားစနစ်ဖြင့် လုပ်ကိုင်ခွင့် ချထားပေးခဲ့သည်။
မြကျွန်းသာအပန်းဖြေဥယျာဉ်တွင် လုပ်ကိုင်ခွင့်ရရှိခဲ့သည့် ကုမ္ပဏီရှစ်ခုမှာ Inya Palace ၊Magic Land ၊
Ryuji ၊Nay La Pwint ၊ Eden Group ၊ Good Shan Brother ၊ Myanmar Golden Star နှင့်
Max Myanamr ကုမ္ပဏီတို့ ဖြစ်ကြသည်။ မြကျွန်းသာအပန်းဖြေဥယျာဉ်အတွင်း စားသောက်ဆိုင်၊
ဈေးဝယ်စင်တာနှင့် ကစား ကွင်းများတည်ဆောက်သွားမည်ဖြစ်ရာ လက်ရှိတွင် ပုဂ္ဂလိကကုမ္ပဏီ
အချို့က တည်ဆောက် ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါစီမံကိန်းများသည် စာချုပ်ပါစည်းကမ်းအတိုင်း လိုက် နာဆောင်ရွက်ခြင်းမရှိသည့်အတွက်
တည် ဆောက်ရေးလုပ်ငန်းများ ရပ်ဆိုင်းရန် ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီ၏ကော်
မတီအဖွဲ့ဝင် အနောက်ပိုင်းခရိုင်ကိုယ်စားပြု ဦးခင်လှိုင်က လွန်ခဲ့သော ရက်သတ္တပတ်က
အသိပေးကြေညာခဲ့သည်။ "မတ်လ ၄ ရက်နေ့က ကျွန်တော်ကိုယ်တိုင် စီမံကိန်းနေရာတွေကို
၀င်ရောက်စစ်ဆေး ခဲ့ပါတယ်။ စာချုပ်ချုပ်ထားတဲ့ ကုမ္ပဏီရှစ်ခု မှာ ကုမ္ပဏီလေးခုက အဆောက်
အအုံတွေ ဆောက်နေတယ်။ စာချုပ်မှာချုပ်ထားတဲ့ စည်းကမ်းတွေနဲ့မကိုက်ညီဘဲ မြကျွန်းသာရဲ့
အလှကို ပျက်စီးစေမယ့် ပုံပန်းသဏ္ဌာန်တွေ ဆောက်နေတာကို လက်မခံပါဘူး။ သူတို့ ကုမ္ပဏီတွေရဲ့
တာဝန်ခံတွေနဲ့လည်းတွေ့ ပြီးတော့ ဒါတွေကို ရပ်ဆိုင်းထားဖို့ ပြောခဲ့ပြီးပါပြီ"ဟု ၎င်းက ပြောသည်။
ကုမ္ပဏီရှစ်ခုအနက် ကျန်လေးခုမှာ ဆောက်လုပ်ရေးလုပ်ငန်းများ စတင်ခြင်းမရှိ သေးဘဲ
လက်ရှိဆောက်လုပ်နေသည့် အဆောက်အအုံများသည်လည်း စည်းကမ်းနှင့် ကိုက်ညီမှုမရှိဟု
ဦးခင်လှိုင်က ပြောသည်။ "ပန်းခြံရဲ့ရှေ့မျက်နှာစာမှာ ဈေးဝယ်စင်တာကြီး ဆောက်နေတာ၊
လမ်းမတန်းမှာ ဒီလိုဆောက် တာကို လက်မခံဘူး။ သုံးထပ်ခွဲဆောက် နေပေမယ့် အဆောက်
အအုံက အရမ်း ကြီးနေတာကို တွေ့ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပန်းဥယျာဉ်က ပန်းဥယျာဉ်ပဲ
ဖြစ်ရမယ်" ဟု ၎င်းက ပြောသည်။
အချို့သော အဆောက်အအုံများမှာ အင်းလျားကန်အတွင်းသို့ တိုးချဲ့ဆောက်လုပ် ထားပြီး ဆောက်လုပ်ခွင့်
မရှိဘဲ တည်ဆောက် နေသည့် အဆောက်အအုံလည်း ရှိနေ ကြောင်းသိရသည်။ "စာချုပ်ထဲမှာလည်းပါ
တဲ့ ရေပြင်ထိန်းနံရံကနေ ပေ ၃၀ အကွာမှာ ပဲ အဆောက်အအုံဆောက်လို့ရတယ်။ ရေပြင် ထဲကို
တိုးချဲ့ဆောက်လို့မရဘူး။ အခုအဲဒီထဲက Ryuji ကုမ္ပဏီက ဆောက်တဲ့အဆောက်အအုံက ခွင့်ပြုချက်
လည်းမရဘဲ ကန်ရေပြင် ထဲကို ကျူးကျော်ပြီးဆောက်နေတာလည်းရှိတယ်။ ပြီးတော့ Magic Land
ကဆောက် နေတဲ့ အဆောက်အအုံဆိုလည်း ပြန်လည်ဆန်းစစ်ဖို့လိုတယ်" ဟု ဦးခင်လှိုင်က
ပြောသည်။
မြကျွန်းသာဥယျာဉ်အတွင်း တည်ဆောက် နေသည့် စီမံကိန်းများကို ရပ်ဆိုင်းရန် ကော်မတီအဖွဲ့ဝင်
ဦးခင်လှိုင်က တရားဝင်စာ ထုတ်ပြီးဖြစ်သော်လည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ
ကမူ ဆုံးဖြတ် ချက်မချရသေးကြောင်း အခြားကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးခင်မောင်တင့်က
ပြောသည်။
"လောလောဆယ်တော့ ကော်မတီအစည်း အဝင်းမှာ ဒီကိစ္စ မဆွေးနွေးရသေးတဲ့အတွက်
ကော်မတီအဖွဲ့ဝင်အားလုံးနဲ့တော့ ဆုံးဖြတ်ချက်မချရသေးပါဘူး။ သိပ်မကြာခင်တော့ သိရမှပါ။
ကော်မတီမှာတင်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေနဲ့ မညီညွှတ်ဘူးဆိုရင်တော့ ဒါကိုခွင့်ပြုပေးထားတဲ့ ဌာနကလည်းစာထုတ် ပေးရပါမယ်။ အဓိကကတော့ ဆုံးဖြတ်ချက်ချရင်လည်း ဥပဒေနဲ့အညီပဲ
သွားမှာပါ။ ကျွန်တော်တို့ဘက်ကလည်း ဥပဒေဘောင်ကျော် ပြီးလုပ်လို့မရပါဘူး"ဟု ၎င်းက ပြော
သည်။ ယင်းကုမ္ပဏီများနှင့် မြေငှားရမ်းမှုအတွက် စာချုပ်ချုပ်ဆိုထားသည့် ပန်းဥယျာဉ် နှင့်
အားကစားကွင်း ထိန်းသိမ်းရေးဌာနကို လည်း စီမံကိန်းများ တရားဝင်ရပ်ဆိုင်းရန် ညွှန်ကြား
ထားခြင်းမရှိဟု အဆိုပါဌာနမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။ "ကျွန်တော်တို့ဌာန ကိုတော့
ကော်မတီညွှန်ကြားချက် ဘာမှမရ သေးဘူး။ ကော်မတီရဲ့ ညွှန်ကြားချက်စာရမှ အလုပ်လုပ်လို့ရ
ပါတယ်။ အခုထိတော့ ကျွန်တော်တို့ ဌာနက ဒါတွေရပ်နားဖို့ ညွှန်ကြား ချက် ဘာမှမရှိသေးပါဘူး။
ကော်မတီအကြောင်း ကြားလာရင်တော့ ကော်မတီညွှန်ကြားချက် အတိုင်းလုပ်မှာပါ"ဟု ၎င်းက
ပြောသည်။
အဆိုပါကုမ္ပဏီများ၏ ဆောက်လုပ်ရေးလုပ်ငန်းများကို စိစစ်မှုပိုင်းတွင် ပန်းဥယျာဉ် နှင့် အားကစား
ကွင်းထိန်းသိမ်းရေးဌာနက မူဝါဒပိုင်းပိုင်းဆိုင်ရာ စစ်ဆေးမူပြုလုပ်ကြောင်း နှင့် အင်ဂျင်နီယာဌာန
(အဆောက်အအုံ)က လုပ်ငန်းပိုင်းနှင့် တည်ဆောက်ရေးပိုင်းကို စစ်ဆေးကြောင်း သိရသည်။
တည်ဆောက်ရေးပိုင်းကို ခွင့်ပါမစ်ပေးခဲ့သည့် အင်ဂျင်နီယာ ဌာကလည်း လက်ရှိအနေအထားအထိ
ပါမစ် ပြန်လည်သိမ်းယူမှု မရှိသေးကြောင်း အဆိုပါဌာန၏ ဒုတိယဌာနမှူးက ပြောသည်။
"ကျွန်တော်တို့ဌာနကတော့ ဆောက်လုပ် ခွင့်ပါမစ်ထုတ်ပေးတယ် တကယ်လို့ပါမစ်ပြန်သိမ်းတာ
တို့ရှိရင်တော့ ဌာနက ဌာနမှူး လက်မှတ်နဲ့တရားဝင်စာထုတ်ပါတယ်။ လောလောဆယ်တော့
ဌာနအနေနဲ့ မြကျွန်းသာက လုပ်ငန်းတွေကို ပါမစ်သိမ်းတာမရှိသေးပါဘူး" ဟု ၎င်းက ပြောသည်။
ကုမ္ပဏီအချို့သည် တည်ဆောက်ရေးလုပ် ငန်းများ ရပ်နားထားသော်လည်း အချို့ကုမ္ပဏီ များမှာမူ
ရပ်ဆိုင်းမှုစာရင်းတွင် မပါ၀င်သည့် အတွက် ဆောက်လုပ်ရေးလုပ်ငန်းများကို ဆက်
လက်လုပ်ဆောင်နေကြောင်း ယင်းကုမ္ပဏီ များသို့ ဆက်သွယ်မေးမြန်းမှုများအရသိရသည်။
မြကျွန်းသာအပန်းဖြေဥယျာဉ်အဆင့် မြှင့်တင်ရေး၏ ဆောက်လုပ်ရေးလုပ်ငန်းများ ကို ကိုယ်တိုင်
၀င်ရောက်စစ်ဆေးကာ စာချုပ် ပါခွင့်ပြုချက်များနှင့်ကိုက်ညီမှု မရှိခြင်းကြောင့် ယာယီရပ်ဆိုင်းရန် တရားညွှန်ကြားခဲ့ပြီးဖြစ်သည့်အတွက် ကော်မတီ၏ ခွင့်ပြုချက်တစ်စုံ တစ်ရာမရှိဘဲ လုပ်ကိုင်ခွင့်
လုံးဝမရှိကြောင်း လည်း ဦးခင်လှိုင်က ပြောသည်။ "စည်းမျဉ်းစည်းကမ်းနဲ့ မကိုက်ညီတာဖြစ်
တဲ့အတွက် ကော်မတီဝင်တစ်ဦးအနေနဲ့ ရပ်ဖို့ ပြောကြားခဲ့တာပါ။ ဌာနတွေဆိုတာ ကော်မတီ ရဲ့
အောက်မှာပဲရှိတာပါ။ ပြီးတော့ ကျွန်တော် ပြောခဲ့တာလည်း သတ်မှတ်တဲ့စည်းကမ်းနဲ့ မကိုက်ညီလို့
ဒါတွေကို ယာယီရပ်ဆိုင်းဖို့ ပြောခဲ့တာဖြစ်ပါတယ်။ အပြီးသတ်ရပ်ဖို့ပြော တာမဟုတ်ပါဘူး။ နောက်
လာမယ့်ကော်မတီ ရဲ့ ဆုံးဖြတ်ချက်ကိုရပြီးတော့မှ ကျန်တာဆက် လုပ်ပါလို့ပြောခဲ့တာပါ"ဟု ၎င်းက
ပြောသည်။ ထို့ပြင် အဆိုပါမြကျွန်းသာအပန်းဖြေဥယျာဉ်အတွက် ယခုကဲ့သို့အဆင့်မြှင့်တင်ရေးအတွက်
ပန်းခြံအတွင်း အဆောက်အအုံ များတည်ဆောက်ကာ စီးပွားရေးလုပ်ငန်းသုံး နေရာထက် အများပြည်
သူအပန်းဖြေနေရာ သာဖြစ်သင့်ကြောင်း မြို့တော်စည်ပင်သာယာရေး ကော်မတီမှ မြို့ပြပညာရှင်တစ်ဦး
ဖြစ်သူ ဦးတိုးအောင်က ပြောသည်။
"မြကျွန်းသာစီမံကိန်းက အများပြည်သူနဲ့ ဆိုင်တဲ့ နေရာပဲဖြစ်သင့်ပါတယ်။ ဒီလိုနေရာမှာ အခုလို
အဆောက်အအုံကြီးတွေ တက်လာ တာ မကောင်းဘူး။ ဒီနေရာကကန်အစပ်မှာ လည်းဖြစ်တယ်၊ အရင်ကလည်းပန်းခြံနေရာ ဖြစ်တဲ့အတွက် အများပြည်သူအပန်းဖြေနိုင် မယ့်နေရာပဲ ပိုဖြစ်သင့်ပါတယ်" ဟု
၎င်းက ပြောသည်။
















