ရေးဆွဲထားပြီးဖြစ်သည့် မြို့ပြမြေအသုံးချမှု ဇုန်ဥပဒေကြမ်းတွင် မြို့နယ်ပေါင်း ၁၈ မြို့ နယ်တွင်
အထပ်လျှော့ချခြင်းနှင့် လူဦးရေသိပ်သည်းဆ အချိုးအစားကို ပြန်လည်ပြင် ဆင်သတ်မှတ်ကာ
လာမည့်အစိုးရသစ်လက်ထက်တွင် အပြီးသတ်အတည်ပြုနိုင် ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြနှင့် မြေစီမံခန့်ခွဲမှုဌာနမှ မြို့ပြစီမံ
ကိန်းပညာရှင် ဒေါက်တာတိုးအောင်က ပြောသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက စီမံခန့်ခွဲလျက်ရှိသည့် မြို့နယ်ပေါင်း
၃၃ မြို့နယ်အနက် မြို့တွင်းခြောက် မြို့နယ်နှင့် ဆက်စပ်မြို့နယ်ပေါင်း ၁၂ မြို့ နယ်၊ စုစုပေါင်းမြို့နယ် ၁၈ မြို့နယ်အတွက် မြေအသုံးချမှုဇုန်ဥပဒေအကြမ်းကို ရေးဆွဲထားခဲ့ပြီး ဖြစ်သော်လည်း ပြည်သူများ၊
ဆောက်လုပ်ရေးလုပ်ငန်းရှင်များနှင့် ညှိနှိုင်း နေဆဲ ဖြစ်သည့်အတွက် လက်ရှိအစိုးရ
သက်တမ်းကာလအတွင်း အပြီးသတ် အတည်ပြုနိုင်ရန် အခက်အခဲများ ဖြစ်ပေါ် လျက်ရှိ
သည်။ "အခုအချိန်က အပြောင်းအလဲကာလ ဖြစ်လို့ ဘာမှလုပ်လို့မရဘူး၊ နောက်အစိုးရ
လက်ထက်ကျမှသာ အတည်ပြုဖို့ လုပ်ရ မယ်၊ မြို့နယ် ၁၈ မြို့နယ်တော့ ဆွဲထားပြီးပါပြီ၊
ကျန်တဲ့ မြို့နယ်တွေအတွက်လည်း လုပ်နေဆဲဖြစ်ပေမယ့် ၁၈ မြို့နယ်ကို အသေးစိတ် ပြန်
လုပ်နေရပါတယ်၊ တချို့နေရာတွေမှာတော့ အထပ်မြင့်တွေ၊ သိပ်သည်းမှုတွေကို
ပြန်လျှော့ရတာတွေရှိတယ်"ဟု ဒေါက်တာတိုးအောင်က
ပြောသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီအပါအဝင် မြို့ပြစီမံကိန်းပညာရှင်များနှင့် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ် ငန်းရှင်များအသင်းတို့
ပူးပေါင်းကာ ၂၀၁၂ ခုနှစ်မှ စတင်ရေးဆွဲခဲ့သည့် မြို့ပြမြေအသုံး ချမှုဇုန် ဥပဒေမူကြမ်းတွင်
ရန်ကုန်မြို့တော် ကို ဇုန်ပေါင်း ၁၀ ဇုန်အထိ သတ်မှတ် ထားပြီး၊ ဥပဒေအဖြစ် အတည်ပြုပြီးပါက
အဆောက်အအုံများကို သတ်မှတ်စည်း ကမ်းချက်များနှင့်အညီ ဆောက်လုပ်ရ မည်ဖြစ်သည်။
"ကျွန်တော်တို့အသင်းကိုတော့ ဘာမှလာမပြောသေးပါဘူး၊ အားလုံးပါ၀င်ရေးဆွဲထားတဲ့အတွက်
ညှိနှိုင်းပြီးမှ လုပ်လို့အဆင်ပြေမှာပါ ၊ ရေးလိုက်ဆွဲလိုက် ပြန်ညှိလိုက်နဲ့ အချိန်တွေတော့ ကြာနေ
ပါပြီ၊ အထပ်လျှော့ လိုက်ရင် လူဦးရေ သိပ်သည်းမှုလည်း ကျ သွားမယ်"ဟု မြန်မာနိုင်ငံဆောက်
လုပ်ရေး ဆိုင်ရာ လုပ်ငန်းရှင်များအသင်းမှ တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးကျော်ကျော်စိုးက
ပြောသည်။ မူကြမ်းရေးဆွဲထားသည့် ဇုန်သတ်မှတ် ချက်မူကြမ်းတွင် ပါ၀င်သည့် အချက်အချို့ ကို
မြန်မာနိုင်ငံဆောက်လုပ်ရေး ဆိုင်ရာ လုပ်ငန်းရှင်များအသင်းနှင့် အချို့သောအဖွဲ့အစည်းများမှ
ပြင်ဆင်လိုကြောင်း တင်ပြလာမှုများ ရှိနေသော်လည်း အထပ် သတ်မှတ်ချက်၊ သိပ်သည်းဆ
သတ်မှတ် ချက်များနှင့် ပတ်သက်ပြီး စည်ပင်သာယာ ရေးကော်မတီဘက်မှ မြန်မာနိုင်ငံ
ဆောက် လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းသို့ လာရောက် ဆက်သွယ်မှု
မရှိသေးကြောင်း သိရသည်။
ကုလသမဂ္ဂအဖွဲ့ကြီးမှ ပြဋ္ဌာန်းထား သည့် မြို့ပြအိမ်ရာဆိုင်ရာ အဆိုပြုချက်များအရ မြိုဧရိယာ၏
၃၀ နှင့် ၃၅ ရာခိုင်နှုန်းကို အထပ်မြင့် အဆောက်အအုံများနှင့် လူနေ အိမ်များအတွက်
အသုံးပြုရန်နှင့် အများ ပြည်သူများအပန်းဖြေ အသုံးပြုနိုင်ရန် မြေ အကျယ် အဝန်း၏
စုစုပေါင်း ၁၅ ရာခိုင်နှုန်း မှ ၂၀ ရာခိုင်နှုန်းအထိ ထားရှိရန်ဆိုသော် လည်း မြို့များ၏
ဖွဲ့စည်းတည်ဆောက်ပုံ အနေအထား၊ အကျယ်အဝန်း၊ လူဦးရေအချိုးအဆအလိုက်
မြို့ပြမြေအသုံးချဇုန် များကို ရေးဆွဲရာတွင် အများက လက်ခံနိုင် သည့် ပုံသဏ္ဌာန်များနှင့်
ကုလသမဂ္ဂမှတင်ပြလာသည့် အဆိုပြုချက်များနှင့် အနီးစပ်ဆုံး တူညီနိုင်သည့် အနေအထား တစ်ခုဖြစ် အောင်သာ ပြုစုရေးဆွဲလျက်ရှိသည်ဟု ဒေါက်တာတိုးအောင်က ပြောသည်။















