စင်ကာပူနိုင်ငံတွင် ဒုတိယအကြိမ်မြောက် ကွန်ဒိုတိုက်ခန်းရောင်းချပွဲကျင်းပမည်

စင်ကာပူနိုင်ငံတွင် ဒုတိယအကြိမ်မြောက် ကွန်ဒိုတိုက်ခန်းရောင်းချပွဲကျင်းပမည်

စင်ကာပူနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများနှင့် နိုင်ငံ
ခြားသားများအတွက် မြန်မာနိုင်ငံအတွင်းရှိ တိုက်ခန်းကွန်ဒိုများကို အလွယ်တကူဝယ်ယူ
နိုင်ရန် ဒုတိယအကြိမ်မြောက် အိမ်ခြံမြေ အရောင်းပွဲတော်ကို မတ် ၂၆ နှင့် ၂၇ ရက်နေ့များတွင်
ကျင်းပသွားမည်ဟု သိရသည်။

စင်ကာပူနိုင်ငံတွင် ကျင်းပမည့် အဆိုပါ မြန်မာ့အိမ်ခြံမြေရောင်းချပွဲတွင် မြန်မာကျပ် ငွေ သိန်းပေါင်းတစ်သိန်းနီးပါးအထိ ရောင်းချ နိုင်လိမ့်မည်ဟု မျှော်မှန်းထားကြောင်း ယင်းပွဲကို
ကြီးမှူးကျင်းပမည့် iMyanmar house.com မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးနေမင်းသူက မတ် ၁၆
ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် စာနယ် ဇင်းရှင်းလင်းပွဲ၌ ပြော ကြားခဲ့သည့်။ "ပထမအကြိမ်
သွားရောင်းတုန်းက တော့ ကျပ်သိန်း ရ၀,၀၀၀ ဖိုးလောက်ရောင်းခဲ့ရတယ်၊ အခု ဒုတိယ
အကြိမ်မှာတော့ ပိုပြီးရောင်းရ မယ်လို့ ခန့်မှန်းထား တယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ ကွန်ဒို
ဥပဒေထွက်လာပြီ ဖြစ်တဲ့ အတွက် နိုင်ငံခြားသားက ၄၀ ရာခိုင်နှုန်းအထိ ၀ယ်ခွင့်ရလာတယ်။
ဒီတစ်ခေါက်မှာတော့ စင်ကာပူရောက် မြန်မာတွေအပြင် နိုင်ငံခြား သားတွေပါ ၀ယ်ကြမှာဖြစ်တဲ့
အတွက် ကျပ်သိန်း ၉၀,၀၀၀ ဒါမှမဟုတ် သိန်းပေါင်း ၁၀၀,၀၀၀ လောက်အထိ ရောင်းရမယ်လို့
ခန့်မှန်းထားတယ်"ဟု ၎င်းက ပြောသည်။

စင်ကာပူနိုင်ငံတွင် မြန်မာအများစုတည် ရှိရာ Peninsular Plaza အနောက်ဘက်ရှိ Grand Park
City Hall Hotel တွင် ဒုတိယ အကြိမ်မြောက် မြန်မာ့အိမ်ခြံမြေအရောင်းပြပွဲ ကို မတ် ၂၆၊ ၂၇
နေ့ရက်များတွင် ကျင်းပပြုလုပ် သွားမည်။ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ မြန်မာ ဆောက်လုပ်ရေး
ကုမ္ပဏီများက ပထမအကြိမ် အဖြစ် စင်ကာပူနိုင်ငံသို့ သွားရောက်ကာ တိုက်ခန်းကွန်ဒိုများကို
ရောင်းချခဲ့ပြီး ကျပ် သိန်း ရ၀,၀၀၀ ကျော်ဖိုး ရောင်းချခဲ့ရသည်။

ဆောက်လုပ်ထားပြီးနှင့် ဆောက်လုပ်ဆဲ ကွန်ဒိုမီနီယံ တိုက်ခန်းများကို ပြည်တွင်းဈေးကွက်၌
သာမက ပြည်ပဈေးကွက်၌ပါ ရောင်း ချနိုင်ရန် ဆောက်လုပ်ရေးကုမ္ပဏီကြီးများမှ ကြိုးပမ်းဆောင်ရွက်
လာနေကြခြင်း ဖြစ်ရာ ပြည်တွင်း ထိပ်သီး ဆောက်လုပ်ရေးကုမ္ပဏီများဖြစ်သော Star City၊ Golden
Thitsar၊ The Leaf၊ I Green နှင့် The Gem Garden အပါ အဝင် ပြည်တွင်းဆောက်လုပ်ရေးကုမ္ပဏီ
၁၁ ခုမှ ကျပ်သိန်း ၅၀၀ မှကျပ် သိန် ၃၀၀၀ တန်ဖိုး ရှိ သာမန်တိုက်ခန်း နှင့် ကွန်ဒိုအမျိုး အစား
တိုက်ခန်းပေါင်း ၂၀၀၀ ကျော် ကို လက်ငင်းငွေ ချေ စနစ်၊ သိုမဟုတ် ဆောက်လုပ်ရေးနှင့် အိမ်ရာ
ဖွံ့ဖြိုးရေးဘဏ်နှင့် ချိတ်ဆက် ကာ အရစ်ကျငွေချေစနစ်ဖြင့် ရောင်းချ ပေးသွားမည်ဖြစ်သည်။

စင်ကာပူနိုင်ငံ၌ သွားရောက်ရောင်းချ မည့် အိမ်ခြံမြေအရောင်းပြပွဲကြီးတွင် အိမ်ခြံမြေ ဆိုင်ရာ
ကျွမ်းကျင်သူများဖြစ်သည့် Smart ကုမ္ပဏီအုပ်စု အမှုဆောင်အရာရှိချုပ် ဦးကျော်ကျော်လှိုင်၊
စိုင်းခွန်နောင်အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဦးစိုင်းခွန်နောင်၊ Maverick Management
၏ အမှုဆောင် အရာရှိချုပ် ဦးသက်နိုင်ဦး၊ စင်ကာပူနိုင်ငံမှ ERA ၏ ရုံးခွဲဒါရိုက်တာဖြစ် ဒေါ်ချန်းမေသူနှင့်
iMyanmar house.com မှ ဦးနေမင်းသူတို့မှ အိမ်ခြံမြေနှင့် ပတ်သက်သည့် ဥပဒေ၊ နည်းဥပ
ဒေများနှင့် အနာဂတ်အလားအလာများကို ဟောပြောဆွေးနွေးမည််။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်