တာ်ကြီးအတွင်းရှိ ကရဝိက်ဥယျာဉ်နှင့် မျှော်စင်ကျွန်းများကို ဇေကမ္ဘာကုမ္ပဏီက
လုပ်ပိုင်ခွင့်ရရှိထားရာ ရင်းနှီးမြှုပ်နှံ ထားပြီးကုန်ကျငွေကြေးကို အစိုးရအဖွဲ့က ပေးလျော်မည်
ဆိုပါက အဆိုပါကျွန်း များကို ပြန်လည်အပ်နှံသွားရန်ရှိသည်ဟု ဇေကမ္ဘာကုမ္ပဏီဥက္ကဋ္ဌ
ဦးခင်ရွှေက ပြောသည်။
"အပန်းဖြေ ဥယျာဉ်နေရာက စီးပွားရေးလုပ်တဲ့နေရာမဟုတ်ဘူး။ တခြားစီးပွား ရေးတွေနဲ့
ပုံစံမတူနိုင်ဘူး။ အပွင့်အလင်း ဆုံးပြောရရင် ကုန်ကျစရိတ်ကို ပြန်ပေး လိုက်ရင် ဆာရိုးနားရားဆိုပြီး
လက်ပြပြီးတော့ကို ထွက်သွားပေးမယ်။ အခုရ နေတဲ့ ၀င်ငွေတွေကလည်း အရင်စိုက်ထားတဲ့
ပိုက်ဆံတွေရဲ့ အတိုးတောင်မရဘူး" ဟု ယမန့်နေက ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင်
၎င်းက ပြောသည်။ ကရဝိက်ဥယျာဉ်နှင့်မျှော်စင်ကျွန်းသာယာလှပစေရေးအတွက် လစဉ် အမှိုက်သိမ်းခ၊
ရေဆိုးစွန့်ပစ်စရိတ်၊ လျှပ်စစ် မီတာခနှင့် ၀န်ထမ်းစရိတ် စုစုပေါင်း လစဉ်သိန်း ၆၀၀ ခန့် ကုန်ကျပြီး အဆင့် မြှင့်တင်မှုများပြုလုပ်ခဲ့ရာတွင် ကျပ်သိန်းပေါင်း ၁၈,၀၀၀ ကျော် ကုန်ကျခဲ့သည်ဟု သိရသည်။
၀င်ကြေးအဖြစ် လူတစ်ဦးလျှင် ကျပ် ၃၀၀ ကျပ်နှုန်းဖြင့် ကောက်ခံနေသည့်အတွက် ပုံမှန်နေ့စဉ်
အနည်းဆုံး လူ ၂,၀၀၀ ကျော် ၀င်ရောက်မှသာ အရင်းရနိုင်သည့် အခြေ အနေရှိသည့်အတွက်
စားသောက်ဆိုင် မျာက ရရှိသည့် ငှားရမ်းခများနှင့် ပေါင်းစပ်ပြီး လုပ်ငန်းများကို လည်ပတ်နေရ
သည့်အပြင် မိုးရာသီကာလတွင် အပန်း ဖြေဥယျာဉ်အတွင်း လူဝင်ရောက်မှု နည်းပါးသည့်အတွက် ၀င်ငွေရရှိမှုလျော့နည်းသည်ဟုလည်း ဦးခင်ရွှေက ပြောသည်။
ကရဝိက်ဥယျာဉ်နှင့် မျှော်စင်ကျွန်းများ လုပ်ကိုင်ခွင့်ကို ၂၀၁၀ ပြည့်နှစ်၊ စက်တင်ဘာ ၁ ရက်မှ
၂၀၄၀ ပြည့်နှစ်၊ ဩဂုတ် ၁ ရက်အထိ ငှားရမ်းခအဖြစ် တစ်နှစ်လျှင် ကျပ်သန်း ၃၀ နှုန်းဖြင့်
ဇေကမ္ဘာကုမ္ပဏီ က လုပ်ကိုင်ခွင့်ရရှိထားရာ ငှားရမ်းခ၏ ၅ ရာခိုင်နှုန်းကို ငါးနှစ်တစ်ကြိမ်တိုးမြှင့်ပေးရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ဇေကမ္ဘာကုမ္ပဏီတို့ စာချုပ်ချုပ်ဆိုထားသည်။
၂၀၁၅ ခုနှစ်တွင် ပထမငှားရမ်းခကာလ ငါးနှစ်ပြည့်မြောက် ခဲ့ရာ ငှားရမ်းခနှုန်းထားကို ကျပ်သိန်း
၃၀၀ မှ ကျပ်သိန်း ၆၀၀ သို့ တိုးမြှင့်ပေးချေခဲ့ပြီး ဖြစ်သည်ဟုလည်း သိရသည်။
ကရဝိက်ဥယျာဉ်နှင့် မျှော်စင်ကျွန်းမှ လူနှင့် စားသောက်ဆိုင်များက နှစ်စဉ် ကျပ် သိန်း ၈,၀၀၀ နီးပါး
ရရှိနေသော်လည်း ကျပ်သိန်းပေါင်း ရ,၀၀၀ ကျော်ကို ပြန်လည် သုံးစွဲနေရသည်ဟု ဇေကမ္ဘာကုမ္ပဏီ
အုပ်ချုပ်မှုဒါရိုက်တာ ဦးဇေသီဟက ပြောသည်။ "လူတစ်ဦးကိုကျပ် ၃၀၀ နှုန်းနဲ့ တွက်ရင် လူတစ်ထောင်မှ
၀င်ကြေး သုံးသိန်းရမှာ၊ လူနှစ်ထောင်လာဖို့မပြောနဲ့ လူတစ်ထောင် ၀င်ဖို့တောင် မနည်းလုပ်ရတဲ့
ရက်တွေရှိတယ်" ဟု ၎င်းက ပြောသည်။















