ဈေးကွက်အနေအထားကြောင့် တိုက်ခန်းနှင့် ကွန်ဒိုများကို အရစ်ကျစနစ်ဖြင့် ၀ယ်ယူသူများ ငွေပေးသွင်းရန်အခက်အခဲရှိလာသည့်အတွက် ဆောက်လုပ်ရေးကုမ္ပဏီများနှင့်
ပြန်လည်ညှိနှိုင်းကာ စာချုပ်ပြန်လည်ချုပ်ဆို၍ ရောင်းချနေရသည်ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေး
ဆိုင်ရာလုပ်ငန်းရှင်များအသင်းမှ တွဲဖက်အတွင်းရေးမှူး ဦးကျော်ကျော်စိုးက ပြောသည်။
"အရစ်ကျဝယ်ထားပေးမဲ့ အခုနောက် ပိုင်းဝယ်သူတွေ တော်တော်မျာများက ငွေဆက် သွင်းဖို့ အခက်အခဲတွေကြံုလာလို့ ပြန်ညှိပေး နေရတယ်။ ဈေးကွက်အခြေအနေကလည်း အားလုံးသိတဲ့
အတိုင်း စောင့်ကြည့်အနေ အထား ဖြစ်နေတယ်။ အရင်စာချုပ်စည်းကမ်း အရသာဆိုရင် ငွေဆက်မ
သွင်းနိုင်ရင် ၀ယ်သူ ဆုံးရှုံးမှာ ဖြစ်သလို ကုမ္ပဏီလည်း နာမည်ပျက် နိုင်လို့ အခုနောက်ပိုင်း နှစ်ဦးနှစ်ဖက်
အဆင် ပြေတဲ့ နည်းလမ်းတွေရှာပြီး အဆင်ပြေအောင် လုပ်လာရတယ်။ ဆပ်ရမယ့် ကာလအပိုင်း
အခြားကို တိုးပေးတာတို့၊ ဘဏ်တွေနဲ့ ၀ယ် သူတွေကို ပြောင်းချိတ်ပေးတာတို့အထိ လုပ်လာရတယ်"ဟု
၎င်းက ပြောသည်။
ဧပြီ ၁ ရက်တွင် အစိုးရသစ်တက်မည့် အချိန်တွင် သင်္ကြန်ကာလ ရက်ရှည်ရုံးပိတ်ရက် များနှင့် တိုက်ဆိုင်နေသည့်အပြင် ဆောက်လုပ် ရေးလုပ်ငန်းဈေးကွက်၏ သဘောသဘာဝ အရ အရောင်း
အဝယ်အေးစက်တတ်သည့် မိုးရာသီအကြိုကာလကြောင့် မိုးရာသီကုန်ဆုံး သည့် အောက်တိုဘာလဆန်းခန့်မှသာ ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းများ အရောင်းအဝယ်
ပြန်လည်ကောင်းမွန်လာနိုင် သည်ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်များ က ခန့်မှန်းသုံးသပ်ထားကြ
သည်။ "မေ၊ ဇွန်လောက်မှာ ဈေးကွက်ပြန်လှုပ် လာရင်တောင် မိုးကာလနဲ့ ဆက်သွားလို့ အောက်တိုဘာလဆန်းလောက်မှ ဈေးကွက်ပြန်ကောင်းမယ်လို့ထင်တယ်။ အရစ်ကျနဲ့
၀ယ်ပြီး ကုမ္ပဏီကို ပုံမှန်းသွင်းတဲ့ ပိုက်ဆံ ကို မသွင်းနိုင်တော့တာ။ လုပ်ငန်းတစ်ခုရပ်တာ နဲ့ အကုန်
လုံးရပ်သွားတဲ့ သဘောဖြစ်ပါတယ်။ အခုဆောက်နေကြတာကလည်း လာမယ့် ဈေးကွက်အတွက်
မှန်းပြီးပြင်ဆင်တဲ့သဘော ပါ ဟု "ဟု ဦးကျော်ကျော်စိုးက ပြောသည်။ ပြည်တွင်းအိမ်ခြံမြေဈေးကွက်တွင် အရောင်းအဝယ်အေးစက်နေသလို ၀ယ်လက် များ ပျောက်ဆုံးနေသည်မှာ တစ်နှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်သည့်အပြင် နိုင်ငံရေးအပြောင်းအလဲများကြောင့် ရင်းနှီး မြှုပ်နှံသူများက
စောင့်ကြည့်နေဆဲကာလဖြစ် သဖြင့် အိမ်ခြံမြေဈေးကွက်နှင့် တိုက်ရိုက် ဆက်စပ်နေသည့် ပြည်တွင်းဆောက်လုပ် ရေးလုပ်ငန်းများတွင်ပါ အရောင်းအဝယ်အေးစက်
လျက်ရှိသည်။
ဆောက်လုပ်ရေး လုပ်ငန်းများတွင် ကုမ္ပဏီများက ရင်းနှီးမြှုပ်နှံ တည်ဆောက်ထားသည့်
တိုက်ခန်းများ၊ ကွန်ဒိုများ ကိုလည်း ဈေးနှုန်းများလျှော့ချ ရောင်းချခြင်း၊ အရစ်ကျစနစ်ဖြင့်
ရောင်းချခြင်း၊ အိမ်ခြံ မြေပြပွဲများ ကျင်းပကာ ဈေးကွက်မြှင့်တင် ရောင်းချခြင်းများကို
ပြုလုပ်လာကြသော် လည်း ၀ယ်ယူလိုသူနည်းပါးနေဆဲ ဖြစ်သည်။ "ဘဏ်တွေက ၀င်ပြီး
ထမ်းပေးဖို့ ဆိုတာ ကလည်း တော်တော်အန္တရာယ်ရှိနိုင်တဲ့ အနေအထားဖြစ်တယ်။ အခုတောင်
ဘဏ်တွေ ဘက်မှာ ကျွံနေတဲ့ကိစ္စရပ်တွေ အများကြီးရှိ တယ်။ အစိုးရအပြောင်းအလဲနဲ့ မူဝါဒကို
စောင့်ကြည့်နေတဲ့ အချိန်ဖြစ်တယ်။ ဈေးကွက်က ပြန်ကောင်းဖို့ တာစူနေပါပြီ"ဟု ဇေကမ္ဘာကုမ္ပဏီ
အုပ်ချုပ်မှုဒါရိုက်တာ ဦးဇေသီဟက ပြောသည်။
အိမ်ခြံမြေဈေးကွက်အရောင်းအငှား များ ကို စုစည်ဖော်ပြနေသည့် iMyanmar House.com က
ပြုလုပ်ထားသည့် စစ်တမ်း များအရ ဆောက်လုပ်ဆဲနှင့် ဆောက်လုပ်ပြီး တိုက်ခန်းပေါင်း ၅၀,၀၀၀
ကျော်ရှိသည့် အတွက် ဈေးကွက်ပြန်လည် ကောင်းမွန်လာနိုင်မည်ဖြစ်သော်လည်း အိမ်ခြံမြေဈေးနှုန်း
များမှာ လက်ရှိဈေးနှုန်းထက် ပြန်လည်ကျဆင်းလာနိုင်ခြေရှိကြောင်း iMyanmar House.com အုပ်ချုပ်မှု
ဒါရိုက်တာ ဦးနေမင်းသူက ပြောသည်။















