ရန်ကုန်မြို့ရှိ တည်ဆောက်ဆဲနှင့် ဆောက်လုပ် ပြီးစီးပြီးဖြစ်သော ခုံးကျော်တံတားများအနက်
အချို့ကို ပြန်လည်ဖြိုဖျက်ရနိုင်သည်ဟု ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့က ဒုတိယ အကြိမ်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်
များက ဆွေးနွေးခဲ့သည်။
ပြည်သူ့ဘဏ္ဍာငွေ ဖြင့် အကုန်အကျခံတည်ဆောက်ထားသည့် ခုံးကျော်တံတားများကို
ပြန်လည်ဖျက်ရ မည်ဆိုသည့်အတွက် အငြင်းပွားမှုများ လည်း ဖြစ်ပေါ်ခဲ့သည်။ ရန်ကုန်မြို့တော်
စည်ပင်သာယာရေးနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက် ရေးအေဂျင်စီ (JICA) တို
့ပူးပေါင်းရေးဆွဲထားသည့် မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးရေးစီမံ ကိန်း ၂၀၄၀ ပင်မစီမံချက်တွင်ပါ၀င်သည့်
သယ်ယူပို့ဆောင်ရေးစီမံကိန်းအရ ရန်ကုန်မြို့အတွက် နှစ်ထပ်လမ်းများတည်ဆောက်မည့်အချိန်တွင်
လက်ရှိအသုံးပြုနေသော ခုံး ကျော်တံတားအချို့ကို ပြန်လည်ဖြိုဖျက်ရ မည်ဖြစ်သည်ဟု လွှတ်တော်
ကိုယ်စားလှယ် များက ဆွေးနွေးခဲ့ခြင်းဖြစ်သည်။ ရေးဆွဲထားသည့် ပင်မစီမံချက်အရ
အပြင်မြို့ပတ်လမ်း၊ အတွင်းမြို့ပတ်လမ်းများ တည်ဆောက်သည့်အခါ နှစ်ထပ်လမ်းများကို
တည်ဆောက်ရမည်ဖြစ်ပြီး အဆိုပါလမ်းများ တည်ဆောက်သွားမည့် နေရာများတွင်
လက်ရှိဆောက်လုပ်ပြီးသား ခုံးကျော်တံတား များအနက် ဘုရင့်နောင်ခုံးကျော်တစ်ခုသာ လျှင် နှစ်ထပ်လမ်းဆောက်မည့်လမ်းကြောင်း ပေါ်တွင်ရှိသည်ဟု ရန်ကုန်မြို့တော်စည်ပင်
သာယာရေးကော်မတီ၏ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန၏ ဒုတိယဌာနမှူး ဦးတိုးအောင်က
ပြောသည်။ "အခုလက်ရှိခုံးကျော်တံတားတွေက တော့ အဲဒီနှစ်ထပ်လမ်းတွေ လုပ်ဖို့လိုလောက်
တဲ့နေရာမှာတော့ မရှိပါဘူး။ ကျွန်တော်တို့ က နှစ်ထပ်လမ်းဆိုပြီး နဂိုမူလကလျာထားတဲ့
နေရာမှာတော့ ဆောက်ပြီးသားခုံးကျော် တံတားတွေက လွတ်ပါတယ်။ ဘုရင့်နောင် ခုံးကျော်
တံတားတစ်ခုလောက်ပဲ ပါနိုင်ရှိ တယ်။ ပြန်ဖျက်ဖို့ဆိုတာတွေကလည်း အဲဒီ အချိန်ကျမှ
တံတားပေါ်မူတည်ပြီး စဉ်းစား မှာပါ" ဟု ၎င်းပင်မစီမံချက်ရေးဆွဲရာ တွင်လည်း ပါ၀င်ခဲ့သည့်
မြို့ပြစီမံကိန်း ပညာရှင်တစ်ဦးလည်းဖြစ်သူ ဦးတိုးအောင်က ပြောသည်။
မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း ၂၀၄၀ (Master Plan) သည် ၂၀၁၃ ခုနှစ်ခန့်တွင် ရေးဆွဲ
ခဲ့ခြင်းဖြစ်ပြီး၊ ရန်ကုန်မြို့အတွက် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး၊ အခြေခံအဆောက်အအုံ၊ သယ်ယူပို့ဆောင်ရေး
အစရှိသည့်စီမံ ကိန်းများစွာကို နှစ်ရှည်စီမံကိန်းဖြင့် မြန်မာနှင့် ဂျပန်မြို့ပြပညာရှင်များ ပူးပေါင်းရေး
ဆွဲထားသည့် စီမံကိန်းကြီးတစ်ခုဖြစ်သည်။ ရန်ကုန်မြို့တွင်းသွား နှစ်ထပ်လမ်းများသည် ၎င်း
စီမံကိန်းကြီး၏ တစ်စိတ်တစ်ပိုင်း အဖြစ် ပါ၀င်နေပြီး၊ လက်တွေ့အကောင်အထည်ဖော်ဆောက်
လုပ်သွားရန်မှာလည်း အချိန်ယူဆောင်ရွက်ရဦးမည်ဖြစ်ကြောင်း ဦးတိုးအောင်က ပြောသည်။
"နှစ်ထပ်လုပ်မယ့် ဟာက နှစ်ရှည်သွားမှာဆိုတော့ ကြာဦးမှာပါ။ နှစ်ရှည်မသွားခင်မှာလည်း
ကျွန်တော်တို့က တစ်ပိုင်းချင်း တစ်ပိုင်းချင်းကို သွားရမှာဆိုတော့ ဖျက်ရမယ့်ကိစ္စတွေကို ထည့်
မစဉ်းစား နိုင်သေးဘူး။ လက်ရှိခုံးကျော်တံတားတွေက ပြည်လမ်းတို့၊ ကမ္ဘာအေးဘုရားလမ်းတို့မှာ
ဆိုတော့ အဲဒီနေရာတွေက နှစ်ထပ်လမ်းလုပ် ဖို့ နဂိုမူလလျာထားတဲ့ အထဲမှာတော့ မပါဘူး" ဟု
၎င်းက ပြောသည်။ နဂိုမူလလျာထားသည့် နှစ်လမ်းတည် ဆောက်မည့်နေရာများသည်အတွင်း မြို့ပတ်
လမ်းအတွက်ဖြစ်ပြီး ကမ်းနားလမ်းမှစတင် ကာ အောက်ကြည့်မြင်တိုင်လမ်း၊ ဘုရင့်နောင်လမ်း၊ ခရေးပင်လမ်းမှ ဝေဇယလမ်းထိ ဖြစ်သည် ဟု သိရသည်။ "ဒီအတွင်းမြို့ပတ်လမ်း လုပ် ဖို့
လျာထားတာ ပိုလိုအပ်လို့ပါ။ ၂၀၁၃ -၁၄ လောက်မှာ ရေးဆွဲပြီးစီးခဲ့တဲ့ ဒီပင်မစီမံချက် ထဲမှာ
ဒီနှစ်ထပ်လမ်းတွေ တည်ဆောက်ဖို့ လျာထားခဲ့ပေမယ့် အင်ဂျင်နီယာ (လမ်းတံတား) ဌာနက
ဒီဇိုင်းတွက်ချက်ခဲ့တာကလည်း ဒီနှစ် ထဲလောက်မှ တွက်ချက်ခဲ့ကြတာပါ။ လျာထား ခဲ့တဲ့ စီမံကိန်းတွေနဲ
့တော့ ဆောက်ပြီးသား ခုံးကျော်တံတားတွေက လွတ်ပါတယ်" ဟု ဦးတိုးအောင်က ပြောသည်။ ထို့ပြင်
JICA မှရေးဆွဲသည့် (Master Plan) တွင် ခုံးကျော်တံတားများဆောက်လုပ်သည့် စီမံကိန်းများ
မပါ၀င်ကြောင်းနှင့် အဆိုပါ (Master Plan) ကြောင့် ဆောက်လုပ်ပြီး ခုံးကျော်တံတား များ ပြန်လည်
ဖျက်ရန်လိုအပ်သည့် ကိစ္စမှာလည်း ယခုအချိန်တွင် ပြောရန်စောလွန်းနေကြောင်း JICA တာဝန်ရှိသူ
တစ်ဦးက ပြောသည်။
"ခုံးကျော်တံတားတွေ တည်ဆောက် တာတစ်ခုတည်းနဲ့ ရန်ကုန်မြို့ရဲ့ ယာဉ်ကြော ပိတ်ဆို့မှုကို
မဖြေရှင်းနိုင်ပါဘူး။ ဘယ်လို ပဲဖြစ်ဖြစ် အခုချိန်မှာ ကျွန်တော်တို့အနေ နဲ့ ခုံးကျော်တံတားတွေ
ပြန်ဖျက်မယ်ဆို တဲ့ကိစ္စကို မပြောနိုင်သေးပါဘူး။ ဘာဖြစ် လို့လဲဆိုတော့ JICA အနေနဲ့ လက်ရှိ
ရန်ကုန်မြိုရဲ့ ယာဉ်ကြောပိတ်ဆို့မှုကို အခြေခံထားတဲ့ ပို့ဆောင်ဆက်သွယ်ရေး မြို့ပြမဟာစီမံကိန်းကို
လာမယ့် ဇွန်၊ ဇူလိုင်မှာ ပြန်လည်သုံးသပ်ဖို့ရှိပါတယ်" ဟု ၎င်းက ပြောသည်။ ရန်ကုန်တိုင်းဒေသကြီး
လွှတ်တော် ကိုယ်စားလှယ်များကလည်း လာမည့် ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော် ရန်လျာ
ထားသော ခုံးကျော်တံတားစီမံကိန်း များသည် ပြည်သူလူထုအပေါ် ရေရှည်အကျိုးသက်ရောက်မှုမရှိ
သည့်အတွက် ၂၀၁၆- ၁၇ ဘဏ္ဍာနှစ် ဒေသန္တရဥပဒေကြမ်း တွင်း လျာထားချက်ကို ပြန်လည်စိစစ်သင့်
ကြောင်း ပြီးခဲ့သည့် လွှတ်တော်အစည်းအဝေးများတွင်လည်း ဆွေးနွေးခဲ့ကြသည်။ သက်တမ်းကုန်ဆုံးရန်
ရက်ပိုင်းသာ ကျန်ရှိတော့သည့် ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့သည် ၂၀၁၆ - ၁၇ ဘဏ္ဍာ နှစ်အတွင်း
ရန်ကုန်မြို့ရှိ ကမ္ဘာအေးဘုရားလမ်းနှင့် ပါရမီလမ်းဆုံတွင် ခုံးကျော်တံတား တစ်စင်း၊ မြောက်ဥက္ကလာပ
အဝိုင်းလမ်းဆုံ ၌ ခုံးကျော် တံတားတစ်စင်းတည်ဆောက် ရန် ဆက်လက်လျာထားခဲ့ပြီး လွှတ်တော်
အသစ်က အတည်ပြုပါက အစိုးရအဖွဲ့သစ်လည်း အကောင်အထည်ဖော်သွားရမည်ဖြစ်သည်။
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ ရည်မှန်းချက်တွင် လူမှုစီးပွားဖွံ့ဖြိုးတိုးတက် စေရန် အိမ်ရာစီမံကိန်းများ၊
စက်မှုဇုန် စီမံကိန်းများ၊ အထူးဖွံ့ဖြိုးရေးဇုန် စီမံကိန်း များကို Master Plan များစနစ်တကျရေး ဆွဲပြီး
အကောင်အထည်ဖော်ဆောင်ရွက် ရန်ဟူသည့် ရည်မှန်းချက်ပါရှိသောကြောင့် ခုံးကျော်တံတား စီမံကိန်းနှစ်ခုကို သေချာစွာဆန်းစစ်သင့်ကြောင်း ကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက ဆိုသည်။ "အခု
လက်ရှိအခြေအနေမှာ ပြည်သူများ ခံစားနေရတဲ့ မြို့တွင်းကားကျပ်နေမှု ကိစ္စရပ်တွေကို ခုံးကျော်တံတားတွေ ဆောက်ပြီး ရေတိုနည်းနဲ့ ဖြေရှင်းတဲ့ကိစ္စ ဟာ မထိရောက်ဘဲ နိုင်ငံတော်
ဘဏ္ဍာငွေ သာ ဆုံးရှုံးနေရပါတယ်လို့ အကြံပြုပါ တယ်"ဟု ဒေါ်န္ဒာမင်းက လွှတ်တော်တွင် ပြောကြား
ခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ငွေလုံးငွေရင်းအသုံးစရိတ်သုံးစွဲမှုမှာ စုစုပေါင်း ကျပ်
သန်းပေါင်း ၄၄,၇၈၂ ရှိပြီး အထူးစီးမံကိန်းလုပ်ငန်းများဖြစ်သော ခုံးကျော်တံတားနှစ်စင်း တည်ဆောက်ရန်
အတွက် တောင်းခံထားမှုမှာ ကျပ်သန်း ၃၂,၂၀၀ ဖြစ်သောကြောင့် စုစုပေါင်းအသုံး စရိတ်၏ ရ၅
ရာခိုင်နှုန်းကို ခုံးကျော်တံတားနှစ်စင်းအတွက် အသုံးပြုရန်လျာထားကြောင်း ကော်မတီက ထောက်ပြ
ခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ထားသည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယအကြိမ်
အစည်းအဝေး များအရ အဆိုပါ ခုံးကျော်တံတားစီမံကိန်း နှစ်ခုမှာ ဥပဒေကြမ်းတွင် ပြန်လည်ပြင်ဆင်ကာ
ချန်ထားခဲ့နိုင်သည့် အနေအထား တွင်ရှိနေသည်။ "ခုံးကျော်တံတားနှစ်စင်းဆောက်လုပ်ဖို့ ဘတ်ဂျက်
လျာထားငွေကို ခုံးကျော်တံတား တွေ ဆောက်လုပ်ရေးထက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး
နယ်နိမိတ်ပြင်ပရှိ ကျေးလက်နဲ့ မြို့နယ်ဆက်သွယ်ရေးလမ်း တွေ တည်ဆောက်ဖို့အတွက် ခွဲဝေချထား
သင့်ပါတယ်။ ထိုသို့ဆောင်ရွက်ရန် လျာထား ငွေပမာဏကို ကျေးလက်နဲ့ မြို့နယ်ဆက်သွယ်ရေးလမ်းများ
တည်ဆောက်ရေးအတွက် လျာထားသင့်ပါတယ်"ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးကျော်ဇေယျက ပြောသည်။ ရန်ကုန်မြို့၏ ခုံးကျော်တံတားစီမံကိန်း များ ဆောက်လုပ်မှုတွင်
အများဆုံးရရှိခဲ့ သည့် Capital Development ကုမ္ပဏီ၏ အမှုဆောင်အရာချုပ် ဦးတင်မောင်ဝင်း
ကလည်း လာမည့်ဘဏ္ဍာနှစ်တွင် တည်ဆောက်ရန်လျာထားသည့် တံတားနှစ်စင်း အနက်
မြောက်ဥက္ကလာပ အဝိုင်းလမ်းဆုံ တွင် တည်ဆောက်မည့် တံတားမှာ မဆောက် လုပ်သင့်ကြောင်း
ပြောသည်။
"လက်ရှိအစိုးရက လာမည့်ဘတ်ဂျက် မှာ တံတားနှစ်စင်းလျာထားတဲ့ ချော်တွင်းကုန်းမီးပွိုင့်နဲ့
မြောက်ဥက္ကလာလမ်းဆုံနှစ်ခု မှာ ချော်တွင်းကုန်းမီးပွိုင့်ကို ကျွန်တော်တို့ က လုပ်သင့်တယ်လို့
ယူဆပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ ချော်တွင်းကုန်းက တကယ်ကျပ် နေတာကို၊ ဒါပေမဲ့ မြောက်ဥက္ကလာက
တော့ နောက်လာမယ့် စီမံကိန်းတွေနဲ့ တိုက်နေတယ်။ အဲဒါကြောင့် မလုပ်သင့်ဘူးထင်တယ်လို့
ကျွန်တော်လည်း ပြောပြခဲ့ပါတယ်" ဟု ၎င်းက ပြောသည်။ ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ်အတွင်း
လှည်းတန်း၊ မြေနီကုန်း၊ ဘုရင့်နောင်၊ ရွှေဂုံတိုင်၊ ကုက္ကိုင်းနှင့် ရှစ်မိုင်လမ်းဆုံနေရာများတွင်
ခုံးကျော်တံတားများကို တည်ဆောက်ခဲ့ပြီး တာမွေအဝိုင်းလမ်းဆုံ ခုံးကျော်တံတားကို နှစ်ပိုင်း
ခွဲတည်ဆောက် လျက်ရှိရာ အပိုင်း(၁)ကို သင်္ကြန်ကာလ မတိုင်မီ ဖွင့်လှစ်သွားမည် ဖြစ်သည်။
















