ရန်ကုန်ရှိ ဆောက်လုပ်ရေးစီမံကိန်းနှစ်ခုကို ဆိုင်းငံ့ထားရန် တင်ပြထား

ရန်ကုန်ရှိ ဆောက်လုပ်ရေးစီမံကိန်းနှစ်ခုကို ဆိုင်းငံ့ထားရန် တင်ပြထား

ဗဟန်းမြို့နယ်၊ ရွှေတိဂုံဘုရားအနောက်ဘက်ရှိ ပြည်သူ့ဥယျာဉ်အတွင်းမှ မြေသုံးဧကအပေါ်တွင်
စားသောက်ဆိုင်ဖွင့်လှစ်ရောင်းချမည့် စီမံကိန်းနှင့် လမ်းမတော်မြို့နယ်ရှိ ကျန်းမာ ရေးဝန်ကြီးဌာနပိုင်
မြေကွက်ပေါ်တွင် ပုဂ္ဂလိက ဆေးရုံဆောက်လုပ်မည့် စီမံကိန်းများကို ဆက်လက်အကောင်
အထည်ဖော်ခြင်းမပြုပဲ ဆိုင်းငံ့ထားရန် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က တိုင်းဒေသကြီး
၀န်ကြီးချုပ်ထံ အကြောင်းကြားထားသည်ဟု တိုင်းဒေသကြီး လွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့်
စီးပွား ရေးကော်မတီမှ သိရသည်။

တစ်နှစ်လျှင်မြေငှားရမ်းခ ကျပ်သိန်း ၄,၅၀၀ ဖြင့် ပြည်သူ့ဥယျာဉ်အတွင်း စားသောက်ဆိုင်
ဖွင့်လှစ်ရောင်းမည့်စီမံကိန်းကို ယခင်တိုင်းဒေသကြီးအစိုးရနှင့် Western Park အမည်ဖြင့်
စားသောက်ဆိုင်များ ဖွင့်လှစ်ရောင်းချ လျက်ရှိနေသော Western Park Royal Group
ကုမ္ပဏီတို့အကြား သဘောတူထားခြင်းဖြစ်သည်ဟု ကော်မတီအတွင်းရေးမှူး ဦးကျော်ဇေယျက
ပြောသည်။

"ဒီစီမံကိန်းအတွက် တင်ဒါအောင်မြင်ထားပြီးသားဆိုတာ ကျွန်တော်တို့သိပါတယ်။ ဒါပေမယ့်
တစ်နှစ်ကို မြေငှားရမ်းခ ကျပ်သိန်း ၄,၅၀၀ လေးထောင့်ငါးရာဆိုတာ အရမ်းကို နည်းပါတယ်။
အဲဒါကြောင့် ပြန်သုံးသပ်ဖို့ လိုအပ်တာပါ။ တခြားဘာအကြောင်းကြောင့် မဟုတ်ပါဘူး"ဟု ၎င်းက
ပြောသည်။ Western Park Royal Group ကုမ္ပဏီ သည် မြေသုံးဧကပေါ်တွင် စားသောက်ဆိုင်
ဖွင့်လှစ်ရောင်းချမည့် စီမံကိန်းအတွက် ယခင် တိုင်းဒေသကြီး အစိုးရထံမှ တင်ဒါအောင်မြင်
ထားပြီးဖြစ်သော်လည်း ယနေ့အချိန်အထိ စီမံကိန်းကို အကောင်အထည်ဖော်ဆောင် ရွက်ခြင်း
မရှိသေးကြောင်း ကုမ္ပဏီ၏ ပြောရေးဆို ခွင့်ရှိသူ ဒေါ်မို့မို့ခိုင်က ပြောသည်။ "တင်ဒါအောင်ထားပေ
မယ့်လည်း စီမံကိန်း ကိုဘာမှမလုပ်သေးဘူး။ စီမံကိန်းကိုဆိုင်ငံ့ထားမယ်ဆိုတဲ့အပေါ်မှာလည်း
ကျွန်မတို့ ဘက်က လောလောဆယ် ဘာမှပြောဖို့ အစီ အစဉ်မရှိသေးဘူး။ အကောင်အထည်ဖော်
ဖြစ်တဲ့အခါကျရင် ကုမ္ပဏီဘက်က သတင်း ထုတ်ပြန် ပေးသွားမှာပါ"ဟု ၎င်းက ပြောသည်။

ယခင်က ယင်းနေရာတွင် ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာနက ငှားရမ်းလုပ်ကိုင် ခဲ့ရာ
စာချုပ်သတမ်းပြည့်ပြီးနောက် ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီထံမှ ငှားရမ်းရန်
လျှောက်ထားသည့်ကုမ္ပဏီများပြား ခဲ့သည့်အတွက် တင်ဒါခေါ်ယူခဲ့ရာတွင် Western Park
Royal Group ကုမ္ပဏီက တင်ဒါအောင်မြင်ခဲ့ခြင်း ဖြစ်သည်။ အခြားစီမံကိန်းတစ်ခုဖြစ်သော
လမ်း မတော်မြို့နယ်ရှိ ကျန်းမာရေးဝန်ကြီးဌာနပိုင် မြေကွက် (သူနာပြုတက္ကသိုလ်အနီး)ပေါ်တွင်
အကောင်အထည် ဖော်မည့် Parkway Yan- gon ပုဂ္ဂလိကပိုင်ဆေးရုံတည်ဆောက်ခြင်း စီမံကိန်း
ကိုလည်း ဖျက်သိမ်းပေးရန် တောင်းဆို သူ များပြားနေသည့်အတွက် ပြန်လည်သုံးသပ်ရန်လို
အပ်သင့်သည်ဟု ထင်မြင်သည့်အတွက် ဆိုင်းငံ့ပေးထားရန် အကြောင်းကြားရ ခြင်းဖြစ်သည်ဟု ကော်မတီအတွင်းရေးမှူးက ပြောသည်။

အဆိုပါ Parkway Yangon ပုဂ္ဂလိကပိုင် ဆေးရုံတည်ဆောက်ခြင်း စီမံကိန်းကို စင်ကာပူနိုင်ငံမှ
Parkway Hospital Group နှင့် မြန်မာနိုင်ငံမှ Andaman Alliance Heal-thcare Limited တို့က
ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်ပြီး၊ အမေရိကန်ဒေါ်လာ သန်း ရ၀ နီးပါး တန်စီမံကိန်းလည်းဖြစ်
သည်။

"ကျွန်တော်တို့အနေနဲ့ ဒီစီမံကိန်းနဲ့ပတ်သက် ပြီး စင်ကာပူဘက်ကမပါဘဲ ပြောလို့မရပါဘူး။
စင်ကာပူဘက်က တရားဝင်ထုတ်ပြန်မှ ပြော လို့ရမှာပါ။ စင်ကာပူကိုလည်း ကျွန်တော်တို့
အကြောင်းကြားထားပါတယ်"ဟု Andaman Alliance Healthcare Limited ၏ လုပ်ငန်းရှင်
တစ်ဦးဖြစ်သော Grand Royal  ပိုင်ရှင် ဦးအောင်မိုးကျော်က ပြောသည်။ လက်ရှိတွင် အဆိုပါ
Parkway Yangon ပုဂ္ဂလိကပိုင်ဆေးရုံတည်ဆောက်ရေးလုပ်ငန်းများကို ရပ်နားထားကြောင်းသိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်