ဆောက်လုပ်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာရန် လုပ်ငန်းရှင်များ မျှော်လင့်နေ

ဆောက်လုပ်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာရန် လုပ်ငန်းရှင်များ မျှော်လင့်နေ

ဆောက်လုပ်ရေးကဏ္ဍသည် ပြီးခဲ့သည့်ငါးနှစ် တာကာလအတွင်း အထပ်မြင့်အဆောက်
အအုံများ၊ ခုံးကျော်တံတားများ၊ ဇိမ်ခံကွန်ဒို မီနီယံကြီးများနှင့် လမ်းတံတားစီမံကိန်းများ ဖြင့်
ကောင်းမွန်စွာ လုပ်ငန်းလည်ပတ်ခဲ့သည်။

ကွန်ဒိုမီနီယံများနှင့် ဘက်စုံသုံး လူနေရပ်ဝန်း အိမ်ရာ စီမံကိန်းများ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ
၀င်ရောက်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ စာရင်း များအရ ၂၀၁၄-၁၅
ဘဏ္ဍာနှစ်တွင် အိမ်ခြံ မြေကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိ ကန်ဒေါ်လာ သန်း ရ၈၀
ကျော်ခန့် ရှိသည်။ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ကြောင့် လုပ်ငန်းလည်ပတ်မှုကောင်းမွန်ခဲ့ သော်လည်း ဆောက်လုပ်ရေးလုပ်ငန်းဈေး ကွက်မှာ ၂၀၁၅
ခုနှစ်အစပိုင်းလောက်မှ စတင်၍ သိသိသာသာကျဆင်းလာခဲ့သည်။ ဆောက်လုပ်ဆဲ အထပ်မြင့်
အဆောက်အအုံများ၊ ရုံးခန်း တာဝါ တည်ဆောက်မှုများနှင့် လူနေကွန်ဒို မီနီယံများ တည်ဆောက်
မှုများ၏ အခန်းကြိုတင် ရောင်းချမှုများ၊ ငှားရမ်းနိုင်မှုများမှာ အစိုးရ အပြောင်းအလဲကာလအတွင်း
သိသာစွာလျော့ ကျခဲ့သည်ဟု အိမ်ခြံမြေဈေးကွက်လေ့လာ သုံးသပ်သူများက ပြောသည်။

အစိုးရသစ် လက်ထက်တွင် ဆောက်လုပ်ရေးနှင့် အိမ်ခြံ မြေကဏ္ဍများတွင် လုပ်ငန်းလည်ပတ်မှုနှင့် ဈေးကွက်ပြန်လည်ကောင်းမွန်လာမည်ဟု လည်း ၎င်းတို့က
မျှော်လင့်ထားကြသည်။ မြန်မာနိုင်ငံသည် သံယဇာတနှင့် လူ့စွမ်းအား အရင်းအမြစ်
ပေါကြွယ်ဝပြီး ပထဝီအနေ အထားအရလည်း အချက်အချာကျသည့် နေရာတွင်ရှိနေ
သည့်အတွက် အစိုးရသစ် အနေဖြင့် နိုင်ငံတကာ၏ စိတ်ဝင်စားမှုကို အကျိုးရှိရှိအသုံး
ချနိုင်မည်ဟု မျှော်လင့်ထား သည်ဟု Golden City အဆင့်မြင့်ကွန်ဒို မီနီယံစီမံကိန်းရင်းနှီးမြှုပ်နှံသူ
စင်ကာပူနိုင်ငံမှ Uni Global Power ၏ ဒါရိုက်တာ ဒပ်ဖနီတေ ရိုက ပြောသည်။

"ခုနကပြောခဲ့သလို မြန်မာနိုင်ငံမှာရှိနေ တဲ့ အခွင့်အရေးတွေဆိုတာ အမြဲတမ်းရနေမှာတော့
မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီအစိုးရသစ်က နိုင်ငံရဲ့စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုပိုင်းကို အလားအလာ
ပိုကောင်းအောင်လို့ မူဝါဒ ကောင်းကောင်းတွေနဲ့ အမြော်အမြင်ရှိရှိ လုပ် ဆောင်ပေးလိမ့်မယ်လို့
ကျွန်မတို့အနေနဲ့ မျှော်လင့်ပါတယ်"ဟု ၎င်းက ပြောသည်။

နိုင်ငံတကာ အတွေ့အကြံုများအရ မြန်မာ နိုင်ငံ၏ နိုင်ငံခြားနှင့်ပြည်တွင်း အကျိုးတူပူးပေါင်းဆောင်ရွက်
မှုများသည် ကောင်းမွန် သည့်လမ်းကြောင်းပေါ်တွင် ရှိနေပြီး ယခု ထက်ပိုမိုချောမွေ့သည့် ပြည်တွင်း
ပြည်ပ ဆက်ဆံရေးများ ဖြစ်လာဖို့အတွက် အစိုးရ သစ်အနေဖြင့် နိုင်ငံတကာနှင့်ဆက်ဆံမှုများတွင် ကျယ်ပြန့်လာအောင်ဆောင်ရွက်သွား မည်ဟု မျှော်လင့်မိကြောင်းလည်း ဒပ်ဖနီက ပြောသည်။ "ဆောက်လုပ်ရေးလုပ်ငန်းနဲ့ပတ်သက်ပြီး တော့ အစိုးရသစ်ကိုတော့ အများကြီးမျှော် လင့်နေ
ပါတယ်။ အရင်အစိုးရလက်ထက်မှာ ကျွန်တော်တို့ အကောင်အထည်မဖော်နိုင်တဲ့ စီမံကိန်းတွေ
အများကြီးရှိခဲ့ပါတယ်။ အဲဒါတွေကို လာမယ့်အစိုးရကိုမျှော်လင့်ပြီး အစိုးရ သစ်အဖွဲ့ အတည်
အကျဖြစ်တဲ့အချိန်ကျရင် အကောင်ဖော်နိုင်အောင် လုပ်ဆောင်ဖို့ ကြိုးစားသွားပါမယ်"ဟု First
Golden Dragon ကုမ္ပဏီမှ ဦးစိုင်းလမင်းက ပြောသည်။ ဆောက်လုပ်ရေးစီမံကိန်းအများစုသည်
အစိုးရအဖွဲ့နှင့် ပူးပေါင်းကာ ဆောင်ရွက်ပါက ပိုမိုအောင်မြင်နိုင်သည့် အနေအထားဖြစ်သည့်
အတွက် အစိုးရသစ်အနေဖြင့် ၎င်းတို့ အုပ်ချုပ်မည့် ကာလအတွင်းတွင် လုပ်ငန်းရှင် များနှင့်
ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည် ဟုလည်း ၎င်းက ပြောသည်။ "အစိုးရသစ်လက်ထက်
မှာတော့ ဆောက် လုပ်ရေးလုပ်ငန်းတွေ ပိုပြီးပြောင်းလဲလာမှာပါ။ ဘယ်လိုပုံစံမျိုးတွေနဲ့
ပြောင်းလဲလာမယ် ဆိုတာကတော့ စီမံကိန်းတော်တော်များများက အစိုးရနဲ့ပူးပေါင်းပြီးဆောင်ရွက်မှ
အောင်မြင်နိုင်တဲ့အနေအထားတွေ ရှိတဲ့အတွက် အစိုးရ ကလုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းမယ်လို့
မျှော်လင့်လို့ပါ"ဟု ဦးစိုင်းလမင်းက ပြောသည်။

နိုင်ငံတကာနှင့် နှိုင်းယှဉ်ပါက မြန်မာနိုင်ငံ ၏ ဆောက်လုပ်ရေးနှင့် အခြေခံအဆောက် အအုံကဏ္ဍ
များသည် များစွာ ဖွံ့ဖြိုးမှုနောက် ကျခဲ့ပြီး၊ ယခင်ထက်သာလွန်သည့် ဖွံ့ဖြိုး တိုးတက်မှုကိုရရှိရန်
ဆောက်လုပ်ရေးလုပ်ငန်းရှင်များက အစိုးရသစ်ကို မျှော်လင့်နေခြင်း ဖြစ်သည်။ အစိုးရသစ်
အနေဖြင့် ခိုင်မာ သည့်မူဝါဒများဖြင့် စီမံခန့်ခွဲအုပ်ချုပ်ပါက နိုင်ငံတကာ၏အကူအညီများ၊
ရင်းနှီးမြှုပ်နှံမှုများ ပိုမိုရရှိနိုင်ပြီး စီးပွားရေးကဏ္ဍအသီးသီးတွင် အကျိုးတူပူးပေါင်းရင်းနှီးမြှုပ်နှံ
လုပ်ကိုင် မှုများဖြင့် ပိုမိုတိုးတက်နိုင်ကြောင်း ဒုတိယ စီးပွားရေးမြို့တော်စီမံကိန်းကို အကောင်
အထည်ဖော်ခွင့်ရရှိထားသည့် င်္ First Myanmar Construction ကုမ္ပဏီဥက္ကဋ္ဌ ဦးစုန်ဟန်က
ပြောသည်။

"အခုအစိုးရသစ် ပြောင်းလာပြီဆိုတော့ နိုင်ငံရေးအရလည်း နိုင်ငံတကာအဆင့်တစ်ခု ဖြစ်
လာနိုင်မယ်။ အာဏာရှင်စနစ်ကနေ ဒီမို ကရေစီစနစ်ကို ပြောင်းလာပြီးတော့ တခြား ဒီမို
ကရေစီနိုင်ငံတွေဆီကနေ အထောက်အကူ တွေလာနိုင်တယ်။ အကူအညီပေးတာလည်း
ပါမယ်။ နောက်ပြီးရင်းနှီးမြှုပ်နှံတာတွေ လည်း ပါမယ်ဆိုတော့ ဆောက်လုပ်ရေးကဏ္ဍ
ကိုပိုကောင်းလာမယ်လို့ပဲ အကောင်းဘက်က နေမြင်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုတွေ အများကြီး
၀င်လာရင် စီမံကိန်းတွေလည်း အများကြီး ဖြစ်လာမယ်"ဟု ၎င်းက ပြောသည်။

ဆောက်လုပ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် အတွက် အစိုးရသစ်အနေဖြင့် ဘီအိုတီစနစ်ကို
မှန်ကန်စွာကိုင်တွယ် အသုံးချသင့်သည်ဟု လည်း Uni Global Power ၏ ဒါရိုက်တာ
ဒပ်ဖနီက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်