နိုင်ငံတစ်ဝန်းတွင် တန်ဖိုးနည်းနှင့် အငှားအိမ်ရာများ တည်ဆောက်သွားမည်

နိုင်ငံတစ်ဝန်းတွင် တန်ဖိုးနည်းနှင့် အငှားအိမ်ရာများ တည်ဆောက်သွားမည်

အစိုးရသစ်လက်ထက်တွင် အများပြည်သူများ လက်လှမ်းမီနိုင်သည့် အိမ်ရာယူနစ်များတည်ဆောက်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးဝင်းခိုင်က ညွှန်ကြား လာသည့်အတွက် နိုင်ငံတစ်ဝန်းတွင် တန်ဖိုးနည်းနှင့် အငှားအိမ်ရာ
အများအပြား ဆောက် လုပ်သွားမည်ဖြစ်သည်ဟု မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေး
မှူးချုပ် ဦးမင်းထိန်က ပြောသည်။

"၀န်ကြီးကလည်း ပြည်သူတွေ လက်လှမ်းမီ နိုင်တဲ့ အိမ်ရာယူနစ်တွေ ဆောင်ရွက်ပါလို့ လမ်းညွှန်
ချက်ပေးထားတယ်။ အငှား အိမ်ရာကော၊ အပိုင်အိမ်ရာဖြစ်တဲ့ အိမ်ရာ တွေကော နှစ်မျိုးစလုံးကို
လုပ်ဆောင်သွား မယ်။ အစိုးရအဖွဲ့ရဲ့ လမ်းညွှန်မှုကိုပဲ အခြေခံ ပြီး လုပ်ရမှာပါ"ဟု ၎င်းက ပြောသည်။
ကုန်လွန်ခဲ့သည့် ငါးနှစ်တာကာလအတွင်း ဆောက်လုပ်ခဲ့သည့် အိမ်ရာစီမံကိန်းများ၊ တန်ဖိုးနည်း၊
တန်ဖိုးမျှတနှင့် အငှားအိမ်ရာ စီမံကိန်းများကို အကောင်အထည်ဖော် ဆောင် ရွက်ရာတွင် တွေ့ကြံုခဲ့ရသည့် အခက်အခဲများ၊ ကောင်းကျိုး၊ဆိုးကျိုးများကိုတင်ပြရန် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက
ညွှန်ကြားထားသည်ဟု သိရသည်။

ဆောက်လုပ်ရေး ၀န်ကြီးဌာန၏ တွက်ချက် ခန့်မှန်းထားမှုများအရ ရန်ကုန်တိုင်းဒေသကြီး
အတွင်း၌နှစ်စဉ်တိုက်ခန်းလိုအပ်ချက် တစ်သိန်းခန့်အထိ ရှိနေပြီး တန်ဖိုးကြီး အိမ်ရာ များထက်
တန်ဖိုးနည်းနှင့် အငှားအိမ်ရာများ ကို အများအပြား ဆောက်လုပ်နိုင်မှသာ နိုင်ငံ ၀န်ထမ်းများ၊
လခနည်းဝန်ထမ်းများနှင့် အခြေခံ ပြည်သူလူထု၏ အိမ်ရာလိုအပ်ချက်များကိုအမှန်တကယ်ဖြည့်ဆည်း
ဆောင်ရွက်နိုင်မည်ဖြစ်သည်ဟု ဦးမင်းထိန်က ပြောသည်။

"အစိုးရသစ်ကလည်း ပြည်သူတွေ လိုအပ် နေတဲ့ အိမ်ရာတွေကို အကောင်းဆုံးဖြစ်အောင် တော့ ဖြည့်ဆည်း ဆောင်ရွက်သွားမှာပဲလေ၊ မူလရည်ရွယ်ချက်ဖြစ်တဲ့
အိမ်ခန်းပေါင်း တစ်သန်းကိုလည်း ဆက်ပြီးလုပ်သွားမယ်၊ နိုင်ငံတော်ဘတ်ဂျက်ကို မသုံးပါဘူး။
ချမှတ် ပေးထားတဲ့ လည်ပတ်ရန်ပုံငွေနဲ့ပဲ အိမ်ရာတွေ ကို ဖော်ထုတ်နေတာပါ။ ငါးနှစ်တာအတွင်း ဆောင်ရွက်ခဲ့ရတဲ့ ကောင်းကျိုးဆိုးကျိုးတွေကို တင်ပြဖို့ ၀န်ကြီးက ညွှန်ကြား
ထားပါတယ်" ဟု ၎င်းက ဆက်လက်ပြောသည်။

အများပြည်သူအိမ်ရာ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်ဟူသည့် ရည်ရွယ်ချက် ဖြင့် ၂၀၁၁ ခုနှစ်မှ
၂၀၃၁ ခုနှစ်အတွင်း မြန်မာ နိုင်ငံ အနှံ့အပြားရှိ လူဦးရေထူထပ်များပြားနိုင် သည့် မြို့ကြီး ၈၁ မြို့နယ်တွင်
အိမ်ရာတိုက်ခန်း ပေါင်း တစ်သန်းအထိ တည်ဆောက်ရန် ပြီးခဲ့ သည့်အစိုးရလက်ထက်တွင်
လျာထားခဲ့ပြီး၊ အစိုးရသစ်လက်ထက်တွင် အဆိုပါမူလ လျာထားချက်အတိုင်း ဆက်လက်လုပ်ဆောင်
သွားရန် ရည်ရွယ်ထားသည်ဟု သိရသည်။ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန သည် ၂၀၁၀ ပြည့်နှစ်မှ
၂၀၁၅ ခုနှစ်ဘဏ္ဍာနှစ် အထိတန်ဖိုးနည်း၊ တန်ဖိုးမျှတ၊ တန်ဖိုးသင့်နှင့် အငှားအိမ်ရာများ အပါအဝင်
အိမ်ရာယူနစ်ပေါင်း ၅၀,၀၀၀ ကျော်ကို ဖြည့်ဆည်း တည်ဆောက်ပေးခဲ့ပြီးဖြစ်သော်လည်း လိုအပ်ချက်
များစွာရှိနေဆဲ ဖြစ်သည်ဟု အဆိုပါဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမင်းအောင်အေးကပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်