သဘာဝဓာတ်ငွေ့သုံးယာဉ်များ စိစစ်သည့် လုပ်ငန်းကို သာကေတမှ အင်းစိန်ရွာမစခန်း သို့ ပြောင်းရွှေ့ဖွင့်လှစ်သွားမည်

သဘာဝဓာတ်ငွေ့သုံးယာဉ်များ စိစစ်သည့် လုပ်ငန်းကို သာကေတမှ အင်းစိန်ရွာမစခန်း သို့ ပြောင်းရွှေ့ဖွင့်လှစ်သွားမည်

သာကေတရှိ နိုင်ငံပိုင် ကမ်းလွန်အခြေစိုက် ရေနံစခန်းဝင်းအတွင်း၌ ဖွင့်လှစ်ဆောင်ရွက် ပေးနေသည့်
သဘာဝဓာတ်ငွေ့သုံးယာဉ်များ၏ ကြံ့ခိုင်မှုစစ်ဆေးခြင်း လုပ်ငန်းများကို လာမည့်အောက်တိုဘာလမှ
စတင်ကာ အင်းစိန်မြို့နယ် ရွာမရပ်ကွက်ရှိ မြန်မာ့ရေနံ နှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်းပိုင်မြေနေရာသို့
ပြောင်းရွှေ့ဖွင့်လှစ်သွားမည်ဟု သိရသည်။

''အခုရှိနေတဲ့ နေရာက အဆင်မပြေပါဘူး။ တကယ်တမ်းပြောရရင် အခုလုပ်နေတဲ့ဝင်းထဲမှာ ပစ္စည်း
တွေ အရမ်းများပြီး အရမ်းလည်းအန္တရာယ်ကြီးတယ်။ လာစစ်တဲ့ကားက တစ်ရက်ကို အစီးရေ ၁ဝဝ
အထက် မှာရှိတယ်။ ကားကျပ်တာတွေ၊ ဝင်းထဲမှာ ကားပိတ်တာ တွေအပြင် ပြသနာတွေကလည်း
အများကြီးရှိတယ်။ ဒါကြောင့် ရွာမကို ရွှေ့ပြီးဆောက်တာ ဖြစ်တယ်။ အဆောက်အအုံ တော်တော်
များများလည်း ပြီးနေပါပြီ။ အောက်တိုဘာလကုန်လောက်ဆိုရင် လုပ်ငန်းစလုပ်လို့ရပါ ပြီ။ ယာဉ်လာ
စစ်မယ့် ကားတွေအတွက် လည်း ကျယ်ကျယ်ဝန်းဝန်းနဲ့ စစ်ဆေးနိုင် သလို စောင့်နေရတဲ့ ကားတွေ
အတွက်လည်း ကားရပ်နားစရာနေရာကို ကျယ်ကျယ်ဝန်းဝန်း ဖြစ်အောင် ဆောက်နေပါတယ်'' ဟု
မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ CNG ဌာနခွဲ (ရန်ကုန်တိုင်းဒေသကြီး) အထွေထွေ
မန်နေဂျာ ဦးလှဝင်းဌေးက ပြောသည်။

အင်းစိန်မြို့နယ် ရွာမရပ်ကွက်အနီး၊ စက်မှု လမ်းမကြီးပေါ်ရှိ ရွာမသဘာဝဓာတ်ငွေ့ ထိန်းဖြန့် စခန်းပိုင်
မြေဧရိယာ ၃ ဒသမ ၄၈ ဧကပေါ်တွင် CNG ရုံးနှင့်၊ ဆလင်ဒါအိုးများကို စစ်ဆေးပေးနိုင်သည့် ့hydrotest
အလုပ်ရုံ များနှင့် မော်တော်ယာဉ်ကြံ့ခိုင်မှုများ စစ်ဆေး သည့် အလုပ်ရုံများကို ၂ဝ၁၅ - ၂ဝ၁၆ တွင်
ချထားပေးခဲ့သည့် ဘတ်ဂျက်ဖြင့် ပြင်ပဆောက်လုပ်ရေး ကုမ္ပဏီများသို့ တင်ဒါ ခေါ်ယူဆောက်
လုပ်ခဲ့ခြင်းဖြစ်ပြီး အဆောက်အအုံအချို့ ပြီးစီးနေပြီဖြစ်သည်။

ရုံးနှင့် ဆလင်ဒါအိုးများ စစ်ဆေးသည့် အလုပ်ရုံ ခြံစည်းရိုးကာရံခြင်း လုပ်ငန်းများ အတွက် Asia
megavo Construction ကုမ္ပဏီက ၁၁၂ ဒသမ ၉၃ သိန်း၊ အရေးပေါ်မီးစက်ထားရှိမည့် အဆောက်
အအုံကို Myanmar Land and Development ကုမ္ပဏီ ၃၃ သန်းကျော်၊ ရွာမ Gas Control Station
ဝင်းရှေ့ မျက်နှာစာ လမ်းမကြီးဘေးတွင် အရှည် ၁၅ဝဝ ပေ၊ အမြင့် ၆ ပေရှိ အုတ်ခြံစည်းရိုးကာရံခြင်း
လုပ်ငန်းအတွက် CRDCC Construction ကုမ္ပဏီက သိန်း ၆၄ဝ ကျော်နှင့် အဝီစိတွင်း တူးဖော်ခြင်း
အတွက် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း အင်ဂျင်နီယာလုပ်ငန်းဌာနက ကျပ်သိန်း ၈ဝ နှုန်းဖြင့်
အသီးသီး တင်ဒါ အောင် မြင်ခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်ဟု
သိရသည်။

မော်တော်ယာဉ်များတွင် တပ်ဆင်ထား သည့် သဘာဝဓာတ်ငွေ့အိုးများ၏ သက်တမ်း ကို ၁ဝ နှစ်
သက်မှတ်ထားပြီး ကနဦးတပ်ဆင် ထားပြီး ငါးနှစ်အကြာတွင် တစ်ကြိမ်၊ နောက်ထပ်သုံးနှစ်အကြာ
တွင် ဒုတိယတစ်ကြိမ်နှင့် တတိယအကြိမ်အဖြစ် နှစ်စဉ်ပုံမှန််စစ်ဆေး ပေးလျက်ရှိသည်။

အဆိုပါ စစ်ဆေးချက်များ အောင်မြင်မှသာ သဘာဝဓာတ်ငွေ့ အရောင်းဆိုင်များတွင် ဓာတ်ငွေ့များကို
သွားရောက် ဝယ်ယူဖြည့်တင်းနိုင်သည့် စနစ်ကို ကျင့်သုံးလျက်ရှိသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌
စွမ်းအင် ဝန်ကြီးဌာန မြန်မာရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်းက ဓာတ်ငွေ့အရောင်းဆိုင် ၄၁ ဆိုင် ကို
ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ဓာတ်ငွေ့ တစ်ကီလိုဂရမ်လျှင် ၂၇၃ ကျပ် ၂၅ ပြားနှုန်းဖြင့် ရောင်းချပေးလျက်
ရှိသည်။ ၂ဝဝ၄ ခုနှစ်၌ မော်တော်ယာဉ်များတွင် သဘာဝဓာတ်ငွေ့ စတင်အသုံးပြုခွင့် ပေးခဲ့ခြင်းဖြစ်သည်။ 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်