မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်က တောင်ကိုရီးယားကုမ္ပဏီနှင့် ပူးပေါင်း၍ ဒေါ်လာသန်း၁၂၀ တန် အထပ်မြင့်အဆောက်အအုံတည်ဆောက်မည်

မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်က တောင်ကိုရီးယားကုမ္ပဏီနှင့် ပူးပေါင်း၍ ဒေါ်လာသန်း၁၂၀ တန် အထပ်မြင့်အဆောက်အအုံတည်ဆောက်မည်

Inno Group နှင့် အကျိုးတူပူးပေါင်း၍ အမေရိကန် ဒေါ်လာသန်း ၁၂၀ ကျော်ရင်းနှီးမြှုပ်နှံ၍
Inno City အမည်ရှိ နိုင်ငံတကာအဆင့်မီ အထပ်မြင့် အဆောက်အအုံ စီမံကိန်းတစ်ခုကို
တည် ဆောက်သွားမည်ဖြစ်သည်ဟု ဧပြီလ ၂၅ ရက် က ကျင်းပခဲ့သည့် အဆိုပါအဆောက်အအုံအုတ်မြစ်ချပွဲအခမ်းအနားတွင် မြန်မာ့စီးပွား ရေးဦးပိုင်လီမိတက်၏
အုပ်ချုပ်မှုဒါရိုက်တာ ဗိုလ်ချုပ်ဇာနည်ဝင်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပ မြို့နယ်၊ ပါရမီလမ်းနှင့် ဝေဇယန္တာလမ်းထောင့်ရှိ
ကာကွယ်ရေးဝန်ကြီးဌာနပိုင်မြေ (ယခင်ပါရမီ ကားကြီးဝင်းနေရာ) ပေါ်တွင် လူနေအိမ်ခန်း
၂၁၆ ခန်းပါ အထပ် ၃၀ မြင့်အဆောက်အအုံ နှစ်လုံး၊ လူနေအိမ်ခန်း ၁၀၄ ခန်းပါ ၂၉ ထပ်မြင့်
အဆောက်အအုံသုံးလုံး၊ အခန်းပေါင်း ၁၅၀ ပါ ၁၃ ထပ်မြင့် ဟိုတယ်တစ်လုံး၊ အဝေးပြေးယာဉ်
ရပ်နားစခန်း၊Convention Center နှင့် ဈေးဝယ် စင်တာအပါအဝင် အဆင့်မြင့်အဆောက်အအုံ
များတည်ဆောက်သွားမည်ဖြစ်သည်။ "မြန်မာ့စီးပွားရေးဦးပိုင်ရဲ့ ရ ဒသမ ၆၂၉ ဧကပေါ်မှာ Inno
ကုမ္ပဏီလီမိတက်က အဆောက်အအုံများကို ဘီအိုတီစနစ်ဖြင့် လည်းကောင်း၊ ဖက်စပ်
(Joint Venture) စနစ် ဖြင့်လည်းကောင်း တည်ဆောက်သွားမှာဖြစ်ပါတယ်"ဟု
ဗိုလ်ချုပ်ဇာနည်ဝင်းက ပြော ကြားခဲ့သည်။

အဆိုပါစီမံကိန်းမှာ အဝေးပြေးယာဉ်ရပ်နားစခန်းပါ၀င်သည့် ပထမဆုံးတည်ဆောက်
အကောင်အထည်ဖော်မည့် အထပ်မြင့်အဆောက်အအုံစီမံကိန်းဖြစ်ပြီး ထိုစီမံကိန်း မှ
တိုက်ခန်းများနှင့် ဟိုတယ်ကို နှစ် ၅၀၊ ထပ် တိုး ၁၀နှစ် နှစ်ကြိမ်ဖြင့် နှစ် ရ၀၊ဘီအိုတီစနစ်
(တည်ဆောက်၊လည်ပတ်၊ လွှဲပြောင်း) ဖြင့် တည်ဆောက်မည်ဖြစ်သည်။ အဝေးပြေးယာဉ်
ရပ်နားစခန်းနှင့် စတုရန်းပေ ငါးသောင်း အကျယ်ရှိ Convention Center ကို မြန်မာ့ စီးပွားရေး
ဦးပိုင်လီမိတက်နှင့် ဖက်စပ်လုပ်ငန်း အဖြစ် တည်ဆောက်မည်ဖြစ်သည်ဟု ှုညညသ ကုမ္ပဏီမှ
ဆောက်လုပ်ရေးဒါရိုက်တာ ဦးလှ မိုးကျော်ကပြောသည်။ "ဒီအဆောက်အအုံတွေက ကိုရီယား
စတိုင် အိမ်အပြင်အဆင်နဲ့ နေထိုင်လိုကြတဲ့ မြန်မာနိုင်ငံသားတွေအတွက်ပါ။ အိမ်ခန်း တွေကို
ကိုရီးယားဒီဇိုင်းအတိုင်း အလှဆင်ပေး မှာဖြစ်ပြီး အိမ်တွင်းအလှဆင်တာတွေကို ကိုရီးယားကုမ္ပဏီတွေကပဲ ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်" ဟု ၎င်းကပြောသည်။

နေထိုင်သူမိသားစုများနှင့် ဟိုတယ်သို့လာ သော ယာဉ်များအတွက် ယာဉ်စီးရေ ၁,၁၃၉ စီး
ရပ်နားနိုင်မည့် ကားပါကင်စနစ်၊ မီးဘေးလုံခြုံ ရေးစနစ်၊ ၂၄ နာရီလုံခြံုရေးအတွက် လုံခြံုရေး
ကင်မရာများ တပ်ဆင်ထားမည့်အပြင် နေထိုင် သူများအတွက် ရေကူးကန်၊ အားကစားခန်းမ၊
ကလေးကစားကွင်းနှင့် ပန်းခြံများလည်း ပါ၀င်မည်ဖြစ်ပြီး လူဦးရေ ၅,၀၀၀ ခန့် နေထိုင်နိုင်
မည်ဖြစ်သည်ဟု သိရသည်။ အဆိုပါစီမံကိန်းအကောင်အထည်ဖော် ရန် ၂၀၁၅ ခုနှစ်၊
မတ်လတွင် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က သဘောတူညီခဲ့ပြီး ဧပြီလဆန်းပိုင်းတွင်
မြန်မ ာနိုင်ငံရင်းနှီးမြှုပ်နှံ မှုကော်မရှင်၏ ခွင့်ပြုချက်ရရှိခဲ့ကာ ရန်ကုန် မြို့တော်စည်ပင်
သာယာရေးကော်မတီကလည်း စက်တင်ဘာလဆန်းပိုင်းတွင် ခွင့်ပြုခဲ့သည်ဟု ဗိုလ်ချုပ်
ဇာနည်ဝင်းက ပြောသည်။

အဆိုပါစီမံကိန်း တည်ဆောက်ရေး လုပ်ငန်းများကို ယခုလကုန်ပိုင်းတွင် စတင် မည်ဖြစ်ပြီး၊
စီမံကိန်းတစ်ခုလုံးကို ၂၀၁၈ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် အပြီးသတ်တည်ဆောက်သွားမည်ဟု
သိရသည်။ အဆိုပါ အဆောက်အအုံသည် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ ၆ ဒဿမ ၅
ကီလိုမီတာအကွာနှင့် ရန်ကုန်မြို့လယ်မှ ရှစ်ကီလိုမီတာ အကွာတွင်ရှိပြီး အင်းလျာကန်၊ ရွှေတိဂုံ
စေတီတော်၊ ကမ္ဘာအေးစေတီတော်များသို့ လည်း အလွယ်တကူသွားလာနိုင်သည်ဟု ကြော်ငြာ
ထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်