တိုက်ခန်း အရောင်းဈေးကွက် ကောင်းမွန်စေရန် အရစ်ကျ ၀ယ်ယူနိုင်သော နှစ်ရှည် ငွေချေးစနစ် လိုအပ်

တိုက်ခန်း အရောင်းဈေးကွက် ကောင်းမွန်စေရန် အရစ်ကျ ၀ယ်ယူနိုင်သော နှစ်ရှည် ငွေချေးစနစ် လိုအပ်

ကွန်ဒိုဥပဒေကို သတ်မှတ်ပြဋ္ဌာန်းပြီးဖြစ်သော်လည်း ကွန်ဒိုတိုက်ခန်းအရောင်းအဝယ်ဈေးကွက်
သိသိသာသာတက်မလာခြင်းမှာ တိုက်ခန်းများဝယ်ယူရာတွင် ဘဏ်များနှင့် ချိတ်ဆက်ဆောင်
ရွက်နိုင်မည့် နှစ်ရှည်ချေးငွေစနစ်တစ်ခု လိုအပ်နေသောကြောင့် ဖြစ်သည်ဟု ဆောက်လုပ်ရေး
လုပ်ငန်းရှင် များက ပြောသည်။

"ကွန်ဒိုဥပဒေလည်း ထွက်ခဲ့ပြီ၊ ကွန်ဒို တိုက်ခန်းတွေကိုလည်း နိုင်ငံခြားသားတွေကို တောင်
ရောင်းနိုင်ပြီ။ အဲဒီလို အရောင်း ဈေးကွက်ချဲ့ထွင်နိုင်တာတောင်မှ အရောင်း ဈေးကွက်တက်
မလာတာက ၀ယ်ယူသူတွေ ဘက်က အဆင်ပြေပြေ ၀ယ်ယူနိုင်မယ့် နှစ်ရှည်ငွေချေးစနစ်လို
အပ်နေလို့ပါ"ဟု အာရှဆောက်လုပ်ရေး လုပ်ငန်းအထွေထွေ မန်နေဂျာ ဦးရန်အောင်က ပြောသည်။

အစိုးရသစ် အပြောင်းအလဲကာလတွင် မူဝါဒသစ်များ ထွက်ပေါ်လာပြီး ဘဏ်စနစ်
ပြောင်းလဲလာပါက ဘဏ်များမှတစ်ဆင့် အရစ်ကျစနစ်ဖြင့် ၀ယ်ယူရန် စောင့်ဆိုင်းနေသူ
များပြားနေသောကြောင့်လည်း တိုက်ခန်းအရောင်းဈေးကွက် ငြိမ်သက်နေခြင်းဖြစ်သည်ဟု
၎င်းကပြောသည်။ "အစိုးရသစ်လက်ထက်မှာ မူဝါဒတွေပြောင်းလဲလာရင် နိုင်ငံတကာ
ဘဏ်တွေ ၀င်ရောက်လာပြီး ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး အရစ်ကျစနစ်နဲ့ ၀ယ်ယူနိုင်ဖို့
မျှော်လင့်နေသူတွေများတယ်။ နိုင်ငံတကာမှာ ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး အရစ်ကျစနစ်နဲ့
၀ယ်ယူနိုင် သလို မြန်မာနိုင်ငံမှာလည်း ဒီစနစ် မကြာခင် အကောင်အထည်ပေါ်လာနိုင်ပါ
တယ်"ဟု ဦးရန်အောင်က ပြောသည်။ နိုင်ငံခြားဘဏ်များ ၀င်ရောက်လာပါက ပြည်တွင်း
ဘဏ်များနှင့် ပူးပေါင်း၍ အိမ်ခန်းဝယ်ယူချင်သူများကို အရစ်ကျဝယ်ယူနိုင်ရန် ငွေချေးပေး
မည်ဆိုပါက ဘဏ်များနှင့် ချိတ်ဆက်ပြီး သက်သာသောအတိုးနှုန်းဖြင့် တိုက်ခန်းများ
ရောင်းချပေးသွားမည်ဖြစ်ပြီး မြန်မာ နိုင်ငံတွင် အဆိုပါဘဏ်ချေးငွေစနစ်ဖြင့် တိုက်ခန်း
အရောင်းအဝယ်ဈေးကွက် ပေါ်ပေါက်လာစေရန် ဆန္ဒရှိနေသည်ဟုလည်း ၎င်းက
ပြောသည်။ "ဆောက်လုပ်ရေး လုပ်ငန်ရှင်တွေအနေ နဲ့က ကြိုပွိုင့်တိုက်ခန်းတွေကိုသာ အရစ်ကျနဲ့ ရောင်းပေးနိုင်ပေမဲ့ ဆောက်လုပ်ပြီးသား တိုက်ခန်းတွေကို အရစ်ကျ
ပြန်ရောင်းပေးဖို့ မလွယ်ကူတော့လို့ ၀ယ်ယူလိုသူတွေက ဘဏ် တွေဆီက
အရစ်ကျငွေချေးမယ်ဆို အဆင်ပြေအောင် အာမခံပဲ ပေးနိုင်မှာပါ။ အိမ်ရာအရစ်ကျ
၀ယ်ယူလိုသူတွေကလည်း အရစ်ကျဝယ်ဖို့ ဘဏ်တွေဆီက ငွေချေးမယ်ဆို မီးအာမခံကို
ပြန်ထပ်ထားရဦးမှာဆိုတော့ ငွေချေးဖို့ မလွယ်တော့ မလွယ်ကူလှပါဘူး"ဟု မြတ်မင်း
ဆောက်လုပ်ရေးဒါရိုက်တာ ဦးအောင်မင်းက ပြောသည်။

တိုက်ခန်းအရောင်းအဝယ်ဈေးကွက် တိုးတက်ကောင်းမွန်လာရန် ဘဏ်ချေးငွေဖြင့်
အရစ်ကျဝယ်ယူနိုင်သည့် စနစ်ကို ဆောက် လုပ်ရေးလုပ်ငန်းရှင်များက ဆန္ဒပြင်းပြနေ
သော်လည်း အိမ်ရာအဆောက်အအုံဝယ်ယူ ရန် နှစ်ရှည်ငွေချေးပေးခြင်းဝန်ဆောင်မှုကို
ပြည်တွင်းဘဏ်များအနေဖြင့် အစိုးရ၏ အကူ အညီမရရှိဘဲ အကောင်အထည်ဖော်ဆောင်
ရွက်ရန် မဖြစ်နိုင်ဟု ဘဏ်လုပ်ငန်းရှင်များက ပြောသည်။

"အမေရိကန်နိုင်ငံလိုမျိုး တိုးတက်တဲ့နိုင်ငံ မျိုးတောင်မှ အိမ်ရာဝယ်ယူလိုသူတွေအတွက်
နှစ်ရှည်ငွေချေးစနစ်၊ နှစ် ၃၀ ငွေချေးစနစ်ကို အမေရိကန်အစိုးရရဲ့ ငွေကြေးအကူအညီနဲ့
ဆောင်ရွက်ပေးနိုင်တာ။ အမေ ရိကန်မှာတောင် ဘဏ်တွေက သီးသန့်ရပ်တည်
ဆောင်ရွက်မပေးနိုင်သေးဘူး။ မြန်မာနိုင်ငံ မှာဆိုရင် ပိုဆိုးမှာပေါ့။ လက်ရှိအချိန်မှာ
ဘဏ်တွေက ဘယ်နည်းနဲ့မှ ဆောင်ရွက်ပေးနိုင်မှာ မဟုတ်ပါဘူး"ဟု ကမ္ဘောဇဘဏ်
ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်က ပြောသည်။ ကမ္ဘောဇဘဏ်အနေဖြင့် အိမ်ရာဝယ်ယူလို
သူများအတွက် သုံးနှစ်အရစ်ကျငွေချေးပေး ခြင်း ၀န်ဆောင်မှုကို လက်ရှိတွင် အကောင်
အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး အိမ်ရာတိုက်ခန်းဝယ်ယူလိုသူ၊ ရောင်းမည့်ကုမ္ပဏီနှင့်
ဘဏ်က ချိတ်ဆက်ကာ ဆောင်ရွက်ပေးလျက်ရှိသည်ဟု ၎င်းက ပြောသည်။

"လက်ရှိအချိန်မှာ တိုက်ခန်းဝယ်ယူလိုသူတွေအတွက် ငွေချေးပေးပြီး သုံးနှစ်အတွင်း အရစ်ကျ ငွေပြန်ဆပ်နိုင်ပါတယ်။ နှစ်ရှည်ငွေချေးပေးတဲ့စနစ်ကတော့ လက်ရှိအချိန်မှာ
ဆောင်ရွက်နိုင်ခြင်းမရှိသေးပါဘူ။ နိုင်ငံခြား ဘဏ်တွေနဲ့ ပူးပေါင်းပြီး နှစ်ရှည်ငွေချေးစနစ်ကို
အကောင်အထည်ဖော်ချင်ပေမဲ့ မူဝါဒတွေ က ချမှတ်ဖို့ လိုသေးတယ်"ဟု ဦးသန်းလွင်က
ပြောသည်။ အိမ်ရာ ၀ယ်ယူလိုသူများကို နှစ်ရှည်ငွေချေးပေးနိုင်ရေးအတွက် ငွေရေးကြေးရေး
ဆိုင်ရာ ဥပဒေများ၊ နှစ်ရှည်ငွေချေးခြင်းဆိုင်ရာဥပဒေများ ရှိရန်လိုအပ်ပြီး မြန်မာနိုင်ငံတွင် အိမ်ရာဝယ်ယူလိုသူများကို နှစ်ရှည်ငွေချေး ခြင်းနှင့် ပတ်သက်၍ မည်သည့်ဥပဒေမှ
အတည် ပြု ပြဋ္ဌာန်းထားခြင်း မရှိသေးကြောင်းလည်း ၎င်းကပြောသည်။ "အဓိကက
ဥပဒေပိုင်းဆိုင်ရာ ပြည့်စုံဖို့ လည်း လိုသေးတယ်။ အခုချိန်မှာ ဥပဒေပိုင်း အရလည်း
ပြည့်စုံမှုမရှိသေးဘူး။ ဥပဒေပိုင်း အရ ပြည့်စုံပြီးရင်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက
ပီပီပြင်ပြင် ၀င်လာဖို့ လိုသေးတယ်။ အစိုးရကိုယ်တိုင်ကလည်း နှစ်ရှည်ငွေချေး စနစ်အတွက်
လက်ရှိအချိန်မှာ ငွေကြေးအကူ အညီမပေးနိုင်သေးဘူး"ဟု ဦးသန်းလွင်က ပြောသည်။

ရန်ကုန်မြို့လယ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်။အောင်မြင်ရဲဇော် / မြန်မာတိုင်း(မ်)

၂၀၁၄ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည့် နိုင်ငံ ပိုင် အဆောက်အအုံနှင့် အိမ်ရာဖွံ့ဖြိုးရေး
ဘဏ်အနေဖြင့် တန်ဖိုးနည်းအိမ်ရာနှင့် သာမန်တိုက်ခန်း ၀ယ်ယူလိုသူများကို လေးနှစ်
အရစ်ကျ ငွေချေးပေးမည့်ဝန်ဆောင်မှုကို လက်ရှိတွင် အကောင်အထည်ဖော်ဆောင်
ရွက်လျက်ရှိသည်ဟု သိရသည်။ "လက်ရှိအချိန်မှာ အစိုးရက ဆောက်လုပ် နေတဲ့
တန်ဖိုးနည်းအိမ်ရာ တိုက်ခန်းဝယ်ယူ လိုသူတွေအတွက် လေးနှစ်အထိ အရစ်ကျ
ငွေချေးဝန်ဆောင်မှုကို ပြီးခဲ့တဲ့နှစ်လယ်ပိုင်း လောက်ကတည်းက ဆောင်ရွက်ပေးနေ
ပါ တယ်။ လက်ရှိမှာ အစိုးရပိုင်အဆောက်အအုံ တွေ ၀ယ်ယူဖို့ ငွေချေးပေးနေပေမဲ့
နောက် ပိုင်းမှာ တခြားဆောက်လုပ်ရေးလုပ်ငန်းရှင်တွေနဲ့လည်း ချိတ်ဆက်ပြီး
သာမန်တိုက်ခန်းဝယ်ယူလိုသူတွေကို အရစ်ကျငွေချေးပေးသွားမှာပါ"ဟု ဘဏ်
တာဝန်ရှိသူတစ်ဦးက ပြောသည်။

အိမ်ရာဝယ်ယူလိုသူများအတွက် နှစ်ရှည် ငွေချေးပေးခြင်း ၀န်ဆောင်မှုကို
အကောင် အထည်ဖော်နိုင်ရန် ဥပဒေများကို ပြဋ္ဌာန်းရန် လိုအပ်ပြီး အစိုးရ၏
ငွေကြေးထောက်ပံ့မှု လည်း လိုအပ်ကာ၊ လက်ရှိတွင် တစ်နှစ် အရစ်ကျ
ငွေချေးဝန်ဆောင်မှုကို အကောင် အထည်ဖော်ဆောင်ရွက်နေသည်ဟု
သမဝါယမဘဏ် (CB) ဒါရိုက်တာဦးကျော်သူကိုက ပြောသည်။

"ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေအနေနဲ့ကတော့ ဆောက်လုပ်ပြီးသားတိုက်ခန်းတွေကို
နှစ်ရှည်အရစ်ကျစနစ်နဲ့ ရောင်းပေးဖို့က ကြီးမားတဲ့အခက်အခဲတစ်ခုဖြစ်နေတယ်။ အဲဒီတော့
ဒီနည်းလမ်းကို ဖြေရှင်းဖို့ အကောင်း ဆုံးနည်းလမ်းက နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့အတိုင်း
ဘဏ်တွေက ကြားထဲကနေ သက်သာ တဲ့အတိုးနှုန်းနဲ့ နှစ်ရှည်ငွေချေးပေးတာမျိုး မြန်မာနိုင်ငံ
မှာလည်း အကောင်အထည်ဖော် ဖို့ လိုအပ်နေပါတယ်"ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင်
ဦးရန်အောင်က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်