လက်ရှိဘဏ္ဍာနှစ်အတွင်း ငွေကျပ် ၂ ဒသမ ၃ ဘီလျံ အကုန်အကျခံ၍ ပန်းခြံသုံးခုနှင့်
ဘောလုံးကွင်း ကိုးခုကို အကောင်အထည်ဖော်တည်ဆောက်သွားမည်ဖြစ်ကြောင်း
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပန်းဥယျာဉ်နှင့်အားကစားကွင်း
ထိန်းသိမ်းရေးဌာန တာဝန်ရှိသူက ပြောသည်။
ရန်ကုန်မြို့ စည်ပင်သာယာရေးနယ် နိမိတ်အတွင်းရှိ ယခင်ကကြာရှည်စွာ ထိန်းသိမ်း
မွမ်းမံပြင်ဆင်မှုမရှိခဲ့သည့် ပန်းခြံများနှင့် အားကစားကွင်းများကို အကြီးစားနှင့်
အလတ်စား ပြန်လည် ပြုပြင်မွမ်းမံခြင်းကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်
မတီက ၂၀၁၃ ျွ ၁၄ ဘဏ္ဍာနှစ်တွင် စတင် အကောင်အထည်ဖော်ခဲ့သည်။
"ဒီနှစ်မှာ မင်္ဂလာဒုံမြို့နယ်မှာရှိတဲ့ မြနန္ဒာပန်းခြံကိုမွမ်းမံပြင်ဆင်မယ်။ သင်္ဃန်းကျွန်းမြို့နယ်
ပြည်ထောင်စုပန်းခြံကိုအဆင့် မြှင့်တင်မယ်။ ဆိပ်ကမ်းသာပန်းခြံ(၂) ကို အသစ်တည်ဆောက်
သွားပါမယ်။ ပြီးတော့ မြို့နယ်အသီးသီးမှာ ဘောလုံးကွင်း အသစ်တွေကို ဖော်ထုတ်သွား
ပါမယ်"ဟု ပန်းဥယျာဉ်နှင့်အားကစားကွင်း ထိန်းသိမ်းရေးဌာနမှူး ဦးကိုကိုလင်းက ပြောသည်။ အသစ်တည်ဆောက်သွားမည့် ဘောလုံးကွင်းများသည် မြောက်ဥက္ကလာပ မြို့နယ်တွင်
နှစ်ခု၊ သင်္ဃန်းကျွန်းမြို့နယ်တွင် တစ်ခု၊ တောင်ဒဂုံမြို့နယ်တွင် တစ်ခု၊ ဒဂုံဆိပ်ကမ်းမြို့နယ်တွင်
တစ်ခု၊ သာကေတ မြို့နယ်တွင်တစ်ခု၊ လှိုင်သာယာမြို့နယ်တွင် တစ်ခုနှင့် ရွှေပြည်သာမြို့နယ်တွင်
နှစ်ခု ဖြစ်သည်ဟု သိရသည်။
ရန်ကုန် မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ပန်းခြံပေါင်း ၆၃ ခု ရှိပြီး
အဆင့်မြှင့်တင်ပြုပြင်ခဲ့သည့်ပန်းခြံ များမှာ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် ၁၀ ခု၊ ၂၀၁၄-၁၅
ဘဏ္ဍာနှစ်တွင် ခြောက်ခု၊ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ခုနစ်ခုဖြစ်ပြီး၊ ၎င်းတို့အနက်
ပန်းခြံ ၁၁ ခုကို အကြီးစား ပြင်ဆင်မွမ်းမံခဲ့ခြင်းဖြစ်သည်။ အထက်ပါဘဏ္ဍာနှစ်များ
အတွင်း ပန်းခြံ ၂၂ ခုကို သာမန်အဆင့်ပြင်ဆင်ခဲ့ပြီး ပုံမှန်ထိန်းသိမ်းထားသည့်ပန်းခြံများမှာ
၁၃ ခု နှင့် ဆက်လက်မွမ်းမံပြင်ဆင်ရန်လိုအပ် သေးသည့်ပန်းခြံမှာ ငါးခုရှိသည်ဟု
သိရသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာ နယ်နိမိတ်အတွင်း အားကစားကွင်း ၁၀၀ ရှိရာ ဧရိယာ
အကျယ် ၁၂၉ ဒသမ ၄၇၄ ဧရိယာရှိသည် ဟု အဆိုပါဌာန တာဝန်ရှိသူ ကပြောသည်။
ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် ပန်းခြံများနှင့် အားကစားကွင်းများ ပြင်ဆင်မွမ်းမံမှုများ အတွက်
အသုံးစရိတ်မှာ ကျပ် ၃ ဒသမ ၅ မှ ၃ ဒသမ ရ ဘီလျံအတွင်းရှိခဲ့ပြီး၊ လက်ရှိဘဏ္ဍာနှစ်တွင်
ဘတ်ဂျက်သုံးစွဲနိုင်မှုနည်းကြောင်း ဦးကိုကိုလင်းက ပြောသည်။
"ဘတ်ဂျက်ကတော့ ဒီနှစ်နည်းသွား တယ်။ နည်းသွားတယ်ဆိုတာကလည်း ရန်ကုန်မြို့အတွက်
တခြားအရေးကြီးတဲ့ လုပ်ငန်းတွေအတွက်လည်း သုံးရတယ်။ ကျွန်တော်တို့ဌာနကလည်း
ကော်မတီကခွဲဝေပေးတဲ့ ငွေပဲသုံးရတာဒ ဟု ၎င်းက ပြောသည်။















