မြန်မာနိုင်ငံသားများ အတွက် မလေးရှား နိုင်ငံရှိ ကွန်ဒို တိုက်ခန်းများ ဒုတိယ အကြိမ် ရောင်းချ

မြန်မာနိုင်ငံသားများ အတွက် မလေးရှား နိုင်ငံရှိ ကွန်ဒို တိုက်ခန်းများ ဒုတိယ အကြိမ် ရောင်းချ

မလေးရှားနိုင်ငံ၊ မီဒီနီမြို့တွင် တည်ရှိသော အဆင့်မြင့် Paradiso ကွန်ဒို တိုက်ခန်းများကို
စင်ကာပူအခြေစိုက် KAE Alliance ကုမ္ပဏီမှတစ်ဆင့် မြန်မာနိုင်ငံသားများအတွက်
ဒုတိယ အကြိမ်စတင်ရောင်းချနေပြီဖြစ်သည် ဟု အဆိုပါကုမ္ပဏီမှတစ်ဆင့် သိရသည်။

တရုတ်နိုင်ငံအခြေစိုက် Zhuoda အိမ်ခြံမြေလုပ်ငန်းစုနှင့် မလေးရှား နိုင်ငံအခြေစိုက်
Medini Islanda ကုမ္ပဏီတို့ ပူးပေါင်းအကောင်အထည်ဖော် တည်ဆောက်နေသည့်
အဆိုပါကွန်ဒိုစီမံကိန်းတွင် ၃၅ ထပ် အမြင့် အဆောက်အအုံနှစ်လုံးပါ၀င်မည်ဖြစ်သည်။

"မြန်မာကျပ်ငွေ သိန်း ၂,၅၀၀ ၀န်းကျင်ခန့်နဲ့ မလေးရှားနိုင်ငံမှာ ကွန်ဒိုတိုက်ခန်းတစ်ခန်းကို
၀ယ်ယူ နိုင်တဲ့ အခွင့်အရေးဖြစ်လို့ ရန်ကုန်မြို့မှာ ရောင်းချနေတဲ့ တခြားကွန်ဒို တွေထက်တောင်
ဈေးသက်သာပါ တယ်။ ဒီနှစ်ဆန်းပိုင်းကတည်းက မလေးရှားရင်းဂစ်ဈေးတွေ ကျနေလို့
မလေးရှားနိုင်ငံမှာ အိမ်ရာဝယ်ပြီး ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ဒီအချိန်က အသင့်တော်ဆုံးအချိန်ပါပဲ"ဟု
KAE Alliance ကုမ္ပဏီ အရောင်းဌာန အတိုင်ပင်ခံပညာရှင် ဦးနောင်ကိုကိုလတ်က ပြောသည်။

မလေးရှားနိုင်ငံရှိ အဆိုပါကွန်ဒိုတိုက်ခန်းများကို ဒုတိယအကြိမ် မြောက်ရောင်းချခြင်းဖြစ်ပြီး၊
ပြီးခဲ့သည့်ဇန်နဝါရီလတွင် မြန်မာနိုင်ငံတွင် ပထမအကြိမ်ရောင်းချခဲ့ရာ၌ ကွန်ဒိုတိုက်ခန်း
ကိုးခန်းအထိ ရောင်းချခဲ့ရသည်ဟု သိရသည်။ "ဒုတိယအကြိမ်မှာ ပိုရောင်းချရဖို့ မျှော်လင့်
ထားပါတယ်"ဟု ဦးနောင်ကိုကိုလတ်က ပြောသည်။ အဆိုပါတိုက်ခန်းဝယ်ယူသူများက
မလေးရှားနိုင်ငံသို့ ပြည်ဝင် ခွင့်ဗီဇာမလိုအပ်ပဲ မိသားစုလိုက် ၁၀ နှစ် ၀င်ထွက်သွားလာခွင့်အပြင်
အခြားသော အထူးအခွင့်အရေးများ လည်း ရရှိမည်ဖြစ်သည်ဟု သိရသည်။

တိုက်ခန်းဝယ်ယူသူများသည် တိုက်ခန်း တန်ဖိုးကို သတ်မှတ်ထားသော အဆင့်အထိ
တည်ဆောက်မှု ပြီးစီးမှသာငွေပေးချေရမည်ဖြစ်သည်။ နှစ်ပေါင်း ၉၀ ဂရန်ဖြင့် ရောင်းချ
မည့် အဆိုပါကွန်ဒိုအဆောက်အအုံ များကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာတွင် တည်ဆောက်ပြီး
စီးမည်ဖြစ်ပြီး တိုက် ခန်းများမှာ ၆၉၆ စတုရန်းပေမှ ၁,၄၇၅ စတုရန်းပေအထိ အကျယ်
အဝန်းရှိပြီး အခန်းအမျိုးအစား အမျိုးမျိုးပါ၀င်မည်ဖြစ်သည်။ အဆိုပါကွန်ဒိုများမှနေ၍
စင်ကာပူ နိုင်ငံသို့ ၁၅ မိနစ်အတွင်း သွားရောက် နိုင်မည်ဖြစ်သည်ဟုလည်း
ဦးနောင်ကိုကိုလတ်က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်