ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းဈေးကွက်တွင် အရောင်းအဝယ်အေးနေ

ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းဈေးကွက်တွင် အရောင်းအဝယ်အေးနေ

ပြီးခဲ့သောနှစ်မှစတင်ကာ ဆက်တိုက်ဈေးနှုန်း ကျဆင်းလျက်ရှိသည့် ဆောက်လုပ်ရေး
လုပ်ငန်းသုံးပစ္စည်းများမှာ လက်ရှိတွင် ဆက်လက်ပြီးအရောင်းအဝယ်လည်းအေးနေသည်ဟု
ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းရောင်းဝယ်သူများက ပြောသည်။

"၂၀၁၃ နှစ်ဆန်းပိုင်းကနေ ၂၀၁၄ နှစ်ဆန်းပိုင်းလောက်ထိ အိမ်ဆောက်ပစ္စည်းတွေ
ဈေးအမြင့်ပိုင်းကိုရောက်ခဲ့ပြီး ဈေးကွက် လည်း အလွန်ကောင်းခဲ့ပေမဲ့ ၂၀၁၄ နှစ်ကုန် ပိုင်းလောက်ကနေ ဆောက်လုပ်ရေးပစ္စည်း ဈေးတွေ ဆက်တိုက်ကျဆင်းလာတာ အခု
အထိပါပဲ။ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းဈေးတွေ ဆက်တိုက်ကျဆင်းနေတဲ့
အတွက် အရောင်းအဝယ်ဈေးကွက် အေးနေပါတယ်"ဟု မဟေသီ သဲ၊ ကျောက်နှင့်
ဘိလပ် မြေရောင်းဝယ်ရေးမှ ဦးစိုင်းမျိုးက ပြောသည်။ အသေးစား ဆောက်လုပ်ရေး
လုပ်ငန်းများနှင့် ကန်ထရိုက်အဆောက်အအုံဆောက် လုပ်ခြင်းများ သိသိသာသာလျော့နည်းနေသည့်အတွက် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်း
ရောင်းဝယ်ရေးဈေးကွက် အေးနေခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

ပြည်တွင်းထွက် ဆောက်လုပ်ရေးလုပ်ငန်း သုံးပစ္စည်းများဖြစ်သော အုတ်၊ သဲ၊
ကျောက်စရစ်များကို အလွယ်တကူရရှိသော်လည်း အခြားသော ဆောက်လုပ်ရေး
လုပ်ငန်းသုံး ပစ္စည်းများနှင့် အိမ်အလှဆင်ပစ္စည်းအများစု ကို အိမ်နီးချင်းနိုင်ငံများမှ တင်သွင်းနေရဆဲ ဖြစ်သည်။ ပြည်တွင်းငွေကြေးဈေးကွက်တွင် မြန်မာကျပ်ငွေတန်ဖိုး
မြင့်တက်နေသည့်အတွက် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း ဈေး ကျဆင်းေနေရခြင်းဖြစ်
သည်ဟု ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းရောင်းဝယ်သူ ဦးသန်းစိုးက ပြောသည်။
"ပြည်ပကတင်ပို့တဲ့ ဆောက်လုပ်ရေး ပစ္စည်းအများစုက ဈေးကျဆင်းနေပေမဲ့ ပြည်တွင်းက
ထွက်တဲ့ပစ္စည်းတွေဖြစ်တဲ့ သဲနဲ့ ကျောက်စရစ်ဈေးကတော့ ဈေးငြိမ်နေတယ်လို့ပြောလို့ရပါ
တယ်။ ပြည်ပကတင်ပို့တဲ့ သံချောင်းတို့၊ ဘိလပ်မြေတို့ကတော့ဈေးကျနေပါတယ်"ဟု ၎င်းက
ပြောသည်။

လက်ရှိတွင် ဈေးကွက်အတွင်း စက်အုတ်တစ်လုံးလျှင် ကျပ် ၁၄၀ ခန့်ရှိပြီး၊ လက်လုပ်အုတ်မှာမူ
ဈေးကွက်အတွင်း လအတော်ကြာ ပစ္စည်းပြတ်နေသည်ဟု စော်ဘွားကြီးကုန်းရှိ မိဘမေတ္တာ
အိမ်ဆောက်သံထည်ပစ္စည်းနှင့် အထွေထွေရောင်းဝယ်ရေးမှ ဦးသန်းစိုးက ပြောသည်။
"စက်အုတ်တစ်လုံးကို ပြီးခဲ့တဲ့နှစ်က ကျပ် ၁၂၀ ခန့် ဈေးကွက်ထဲဈေးရှိပေမဲ့ ယခု နှစ်ဆန်းပိုင်း
လက်အုတ်ဈေးကွက်ပျက်ချိန်က စပြီး စက်အုတ်တွေကတစ်လုံးကို ကျပ် ၂၀ ခန့် ဈေးတက်
လာပါတယ်။ စက်အုတ်တွေကို အသုံးများကြပေမဲ့ လက်အုတ်ကိုပဲသုံးလို တဲ့သူတွေလည်း
အခုချိန်ထိရှိနေသေးပါတယ်။ လက်အုတ်ဖုတ်တဲ့သူတွေက ဆက် လက်မရပ်တည်နိုင်ကြဘဲ
လုပ်ငန်းရပ်နားသွား တာတွေများလို့ ဈေးကွက်ထဲမှာ လက်အုတ် တွေပျက်နေပေမဲ့
လက်အုတ်ဖုတ်သူတွေသာ ဆက်လက်အုတ်ဖုတ်နိုင်သေးရင် ဈေးကွက်ထဲမှာ
လက်အုတ်တွေလည်း ရောင်းရမှာပါ"ဟု ၎င်းက ပြောသည်။

ဈေးကွက်အတွင်း ကျောက်စရစ်ဈေးနှုန်း မှာ ကျပ် ၃,၀၀၀ ခန့်ကျဆင်းခဲ့ပြီး လက်ရှိတွင်
ကျောက်စရစ်တစ်ကျင်းလျှင် ကျပ် ၅၅,၀၀၀ရှိသည်ဟု ဦးစိုင်းမျိုးက ပြောသည်။

"ကျောက် စရစ်ဈေးက ၂၀၁၄ ခုနှစ်က တစ်ကျင်းကို ကျပ်၁၀၁,၀၀၀ ခန့်ထိ ဈေးအမြင့်တက်ဆုံး
အချိန်ကို ရောက်ခဲ့တယ်။ ၂၀၁၅ ခုနှစ်က စပြီး တစ်ကျင်းကို ကျပ် ရ၀,၀၀၀ အထိ ဈေးပြန်
ကျခဲ့တယ်။ ဒီရက်ပိုင်းမှာတော့ တစ်ကျင်းကို ၃,၀၀၀ လောက် ဈေးကျသွားပါတယ်။ မိုးတွင်း
ကာလ နီးလာတာကြောင့်လည်းပါမယ်ထင်တယ်။ မိုးရာသီဆိုရင် ဆောက်လုပ်
ရေးလုပ်ငန်းတွေ နည်းလာတာနဲ့အတူ ဆောက်လုပ်ရေးပစ္စည်းဈေးတွေလည်း ကျ
လေ့ရှိပါတယ်"ဟု ၎င်းက ပြောသည်။ ဆောက်လုပ်ရေးလုပ်ငန်းသုံး သဲဈေးနှုန်းမှာမူ
တစ်ကျင်းလျှင် ကျပ် ၁၅,၀၀၀ ဖြစ်ပြီး အထိုင်ဈေးမှာ တစ်ကျင်းလျှင် ကျပ် ၉,၀၀၀ ဖြစ်သည်။
သဲဈေးနှုန်းမှာ သိသာစွာ ပြောင်းလဲ ခြင်းမရှိဘဲ တစ်ကျင်းလျှင် ၉,၀၀၀ ၀န်းကျင်ဖြင့်
ဈေးငြိမ်နေကြောင်း ဦးစိုင်းမျိုးက ပြောသည်။

"အရင်က သဲဈေးက တစ်ကျင်းကို အထိုင်ဈေး ကျပ် ၁၅,၀၀၀ လောက်ထိ မြင့်တက်ဖူးပေမဲ့
၂၀၁၅ နှစ်လယ်ပိုင်းကနေစပြီး တစ်ကျင်းကို အထိုင်ဈေး ကျပ် ၉,၀၀၀ နဲ့ ဈေးကွက်ထဲ
အရောင်းအဝယ်ဖြစ်နေပါတယ်။ သဲဈေးက မိုးဦးကာလရောက်ရင် ဈေးထက်ကျဦးမှာဆိုတော့
ရှေ့ဆက်ပြီး နည်းနည်းတော့ ဈေးထပ် ကျနိုင်ပါတယ်"ဟု ၎င်းက ပြောသည်။ ယခုလပိုင်း
အတွင်း ဘိလပ်မြေဈေးနှုန်း ကျဆင်းလျက်ရှိပြီး၊ ဆင်တံဆိပ်ဘိလပ်မြေတစ်အိတ်လျှင်
ကျပ် ၆,၀၀၀၊ ကြံ့တံဆိပ်ဘိလပ် မြေတစ်အိတ်လျှင် ကျပ် ၅,၀၀၀ ဈေးရှိသည် ဟု သိရသည်။
"ဘိလပ်မြေဈေးက လွန်ခဲ့တဲ့ ငါးလလောက်က ဆင်တံဆိပ်တစ်အိတ်ကို ကျပ် ၆,၅၀၀၊
ကြံ့တံဆိပ်တစ်အိတ်ကိုကျပ် ၅,၂၀၀ ထိ ဈေးပေါက်ခဲ့ပေမဲ့ သင်္ကြန်ပြီးကစပြီး ဆင်တံဆိပ်က
တစ်အိတ်ကို ကျပ် ၅၀၀ ဈေးကျသွားပါတယ်။ တခြားဘိလပ်မြေတံဆိပ်တွေ အမျိုးမျိုးရှိနေပေမယ့်
ဈေးဝယ်သူတွေက ှဃွ တံဆိပ်ကို ပိုသဘောကျကြတယ်။ အခုတလော ဈေးကွက်ထဲမှာ
ကြံ့တံဆိပ် ဘိလပ်မြေက နည်းနည်းပစ္စည်းပြတ်နေပါ တယ်"ဟု ဦးစိုင်းမျိုးက ပြောသည်။
ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းဈေးကွက်တွင် အဓိကကျသော သံချောင်းများ မှာလည်း
ဈေးအကျဘက်သို့ ဦးတည်ကာ ဈေးနှုန်းများ တဖြည်းဖြည်း သိသိသာသာ ကျဆင်းလျက်ရှိဟု
သိရသည်။

မြန်မာနိုင်ငံထုတ်ခြောက်မူးလုံး သံချောင်းတစ်တန်လျှင် ကျပ် ၃၉၈,၀၀၀၊ ငါးမူးလုံးသံချောင်း
တစ်တန်လျှင် ကျပ် ၃၉၃,၀၀၀ နှင့် သုံးမူးလုံးသံချောင်း တစ်တန်လျှင် ကျပ် ၄၀၃,၀၀၀ ရှိပြီး
နိုင်ငံ ခြားမှ တင်ပို့သော ခြောက်မူးလုံးသံချောင်းတစ်တန်လျှင် ကျပ် ၄၈၅,၀၀၀၊ ငါးမူးလုံး
သံချောင်းတစ်တန်လျှင် ကျပ် ၄၇၃,၀၀၀ နှင့် သုံးမူးလုံးသံချောင်းတစ်တန်လျှင် ကျပ် ၄၆၂,၀၀၀
ဈေးရှိသည်ဟု သိရသည်။

မြန်မာနိုင်ငံထုတ် သံချောင်းများမှာ ဈေး ကွက်တွင် မကြာခဏပစ္စည်းပြတ်လေ့ရှိသဖြင့်
တရုတ်နိုင်ငံမှ တင်သွင်းလာသော သံချောင်း များ ဈေးကွက်တွင် ပိုမိုအဝယ်လိုက်ကြောင်း ဆောက်လုပ်ရေးပစ္စည်းရောင်းဝယ်သူများက ပြောသည်။
"သံချောင်းဈေးက ဒီနှစ်ထဲမှာ သိသိသာ သာ ဈေးကျလာတယ်။ နိုင်ငံခြားကနေ တင်သွင်း
လာတဲ့ သံချောင်းဈေးက တစ်တန်ကို ကျပ် ၅၆၀,၀၀၀ ထိ ဒီနှစ်ဆန်းပိုင်းလောက်က
ဈေးရှိခဲ့ပေမဲ့ တဖြည်းဖြည်းဈေးကျလာတာ အခုဆို ကျပ် ၄၈၀,၀၀၀ ကျော်ပဲ ဈေးရှိတော့
တယ်။ ဒီရက်ပိုင်းမှာလည်း တစ်တန်ကို ကျပ် ၁၀,၀၀၀ လောက်ဈေးကျတယ်။ ပြည်တွင်း
ထုတ်သံချောင်းတွေလည်း ဒီနှစ်ဆန်းပိုင်းတုန်း က တစ်တန်ကို ကျပ် ၄၈၀,၀၀၀ လောက်ထိ
ဈေးရှိခဲ့ပေမဲ့ အခုဆို ကျပ် ၄၀၀,၀၀၀ အောက်ရောက်နေပြီ"ဟု ဦးသန်းစိုးက ပြောသည်။

အိမ်မိုးသွပ်ပြားဈေးနှုန်းမှာ ဈေးနှုန်းအနည်းငယ်ကျဆင်းသော်လည်း သိသာစွာ ပြောင်းလဲခြင်း
မရှိကြောင်း သိရသည်။ လက်ရှိတွင် ကြယ်စိမ်းအမိုးသွပ်ပြား အထူမှာ တစ်ပေပတ်လည်လျှင်
ကျပ် ၃၇၀ ဖြစ်ပြီး အပါးမှာ တစ်ပေပတ်လည် ကျပ် ၃၁၀ ဖြစ်ကာ ကာလာသွပ်ပြားမှာ
တစ်ပေပတ်လည်လျှင် ကျပ် ၄၅၀ ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်