ရန်ကုန်မြို့လယ် ရွှေတိဂုံဘုရားလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်ရှိ
ယခင်ဗိုလ်ချုပ်ဈေးသစ်နေရာတွင် ရွှေတောင်ကုမ္ပဏီက တည်ဆောက်လျက်ရှိသည့်
ဂျန်းရှင်းစီးတီး (Junction City) စီမံကိန်း၏ ပထမအပိုင်းအဆင့်မှာ ရ၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကာ
၂၀၁၇ ခုနှစ် အစောပိုင်းတွင်ရုံးခန်းအဆောက် အအုံကို ဖွင့်လှစ်နိုင်တော့မည်ဖြစ်သည်ဟု ယခုရက်
သတ္တပတ်အတွင်း ကုမ္ပဏီက သတင်း ထုတ်ပြန်ခဲ့သည်။
အဆိုပါ ဂျန်းရှင်းစီးတီး (Junction City) စီမံကိန်း၏ ဂျန်းရှင်းစီးတီးတာဝါ (Junction City Tower) တွင်
၂၃ ထပ်အမြင့်ရှိ Grade A ရုံးခန်းအဆောက်အအုံ၊ ငါးထပ်အမြင့်ရှိသည့် ဈေးဝယ်စင်တာနှင့်
အခန်းပေါင်း ၃၄၈ ခန်း ပါ၀င်သော ၂၅ ထပ်အမြင့်ရှိ ကြယ်ငါးပွင့် ဟိုတယ်များပါ၀င်မည်ဖြစ်ကာ
စီမံကိန်းပထမပိုင်း တစ်ခုလုံးကို ၂၀၁၇ ခုနှစ်အတွင်း တွင် အပြီးတည်ဆောက်မည်ဖြစ်သည်။
ဂျန်းရှင်းစီးတီးတာဝါ၏ ရုံးခန်းအဆောက် အအုံကို ရွှေတောင်ကုမ္ပဏီနှင့် စင်ကာပူူနိုင်ငံ မှ
Keppel Land Limited ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းရင်းနှီးမြှုပ်နှံခြင်းဖြစ်ကာ မြန်မာနိုင်ငံတွင်
လုပ်ငန်းတိုးချဲ့လုပ်ကိုင်မည့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများအတွက် ရုံးခန်းလိုအပ်ချက်များကို
ဖြည့်ဆည်းရန် ရည်ရွယ်တည်ဆောက်ထားခြင်းဖြစ်သည်ဟု ရွှေတောင် ကုမ္ပဏီတာဝန်ရှိသူများက
ပြောသည်။
"စင်ကာပူနိုင်ငံက Keppel Land အဖွဲ့ အစည်းနဲ့ အကျိုးတူပူးပေါင်းလုပ်ကိုင်ရတဲ့အတွက်
ရွှေတောင်ကုမ္ပဏီက ဂုဏ်ယူပါ တယ်။ ကျွန်တော်တို့ ဂျန်းရှင်းစီးတီးတာဝါမှာ ငှားရမ်းသူတွေက
အဆောက်အအုံရဲ့ အရည် အသွေးနဲ့ သတ်မှတ်ချက်တွေကို နိုင်ငံတကာနဲ့ တန်းတူတဲ့ Grade A
အဆင့် ရုံးခန်းတွေအတိုင်းဖြစ်ဖို့ မျှော်မှန်းနိုင်ပါတယ်"ဟု ရွှေတောင်ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်
ဦးအောင်ဇော်နိုင်က ပြောသည်။
ဂျန်းရှင်းစီးတီးတာဝါ၏ ၂၃ ထပ်အမြင့်ရှိ ရုံးခန်းအဆောက်အအုံ၏ နေရာအကျယ်မှာ စုစုပေါင်း
၃၄,၀၀၀ စတုရန်းမီတာရှိပြီး ငှားရမ်းလိုသူများ၏ လိုအပ်သည့် အကျယ်အဝန်းပေါ်မူတည်ကာ
ငှားရမ်းသွားမည်ဖြစ်ကာ လက်ရှိတွင်လည်း ငှားရမ်းရန် စိတ်ဝင်စား သည့် အဖွဲ့အစည်းများ
ရှိနေပြီဖြစ်သည်ဟု သိရသည်။
"ကျွန်တော်တို့ ဂျန်းရှင်းစီးတီးတာဝါရဲ့ ရုံးခန်းအဆောက်အအုံကို ၂၀၁၇ နှစ်ဆန်းပိုင်းမှာ
ပြီးစီးအောင် တည်ဆောက်ရေးလုပ် ငန်းတွေကို အစဉ်တစိုက်လုပ်ခဲ့ပါတယ်။ ကျွန်တော်
တို့ရဲ့ လုပ်ငန်းဖော်နဲ့အတူ ကျွန်တော် တို့ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တွေ၊ ကန်ထရိုက်တွေ၊
၀န်ထမ်းတွေ အားလုံးကြိုးပမ်းမှုကြောင့် အခုလိုအကောင်အထည် ပေါ်လာနိုင်တာပါ။
လာမယ့်နှစ်မှာ ကျွန်တော်တို့ရဲ့ ရုံးခန်းတွေကို ငှားရမ်းကြမယ့်သူတွေအားလုံးကို
လက်ခံကြို ဆိုဖို့ မျှော်လင့်ပါတယ်"ဟု ဦးအောင်ဇော်နိုင်က ပြောသည်။
အဆိုပါ ဂျန်းရှင်းစီးတီး စီမံကိန်း၏ ပထမ ပိုင်းဂျန်းရှင်းတာဝါကို ၂၀၁၄ ခုနှစ်တွင် စတင်
တည်ဆောက်ခဲ့ပြီး ရုံးခန်းအဆောက်အအုံ အပြင် ဈေးဝယ်ခြင်းနှင့်ဖျော်ဖြေမှုများပါ၀င်မည့်
ဂျန်းရှင်းစီးတီး ဈေးဝယ်စင်တာနှင့် Pan Pacific Hotels Group မှ တွဲဖက်တာဝန်ယူဆောက်လုပ်သည့်
ကြယ်ငါးပွင့်အဆင့် Pan Pacific Hotels Group ဟိုတယ်တို့မှာလည်း လာမည့်နှစ်အတွင်း
တစ်ဆင့်ချင်း ပြီးစီးမည်ဖြစ်သည်ဟု သိရသည်။ ဂျန်းရှင်းစီးတီးစီမံကိန်း၏ ဒုတိယပိုင်းဖြစ်သည့်
၂၈ ထပ်အမြင့်ရှိသော ၀န်ဆောင်မှုပါ လူနေအဆောက်အအုံကို ဆောက်လုပ်ရန် လက်ရှိတွင်
အစီအစဉ်ဆွဲနေပြီး ၂၀၁၈ ခုနှစ် တွင် စတင်တည်ဆောက်နိုင်ရန် ပြင်ဆင်လျက်ရှိကာ ၂၀၁၉ တွင်
အပြီးတည်ဆောက်ရန် စီမံချက်ဆွဲထားကြောင်း ဦးအောင်ဇော်နိုင်က ပြောသည်။
ဂျန်းရှင်းစီးတီး (Junction City) စီမံကိန်း တစ်ခုလုံးအတွက် ၂၀၁၃ ခုနှစ်တွင် ဗိုလ်ချုပ်
အောင်ဆန်းဈေးသစ်မြေနေရာကို ပိုင်ဆိုင် သော ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
(ဈေးများဌာန)နှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်ရန် သဘောတူစာချုပ်ချုပ်ခဲ့ပြီး ယင်းနေရာတွင်
အထပ်မြင့်အဆောက်အအုံ များဆောက်လုပ်ရန်အတွက် စည်ပင်သာယာ ရေးကော်မတီ
အင်ဂျင်နီယာဌာန(အဆောက် အအုံ)၏ ဆောက်လုပ်ခွင့်ပါမစ်ကြီး ရရှိထား ပြီးဖြစ်သည်။

စီမံကိန်းကြီးတစ်ခုလုံးအတွက် ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မတီက ကျပ် ၁၂ ဒသမ
၀၈ ဘီလျံ အမြတ်ခွဲဝေရရှိမည်ဖြစ် ပြီး၊ ရွှေတောင်ကုမ္ပဏီသည် ကျပ် ၅ ဒသမ ၈ ဘီလျံကိုလည်း
ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီသို့ နှစ်စဉ် ပေးဆောင် သွားရမည်ဖြစ်သည်။
ဂျန်းရှင်းစီးတီးစီမံကိန်း ပထမပိုင်းတွင်ပါ၀င်သည့် ရုံးခန်းအဆောက်အအုံအတွက် ရွှေတောင်
ကုမ္ပဏီက ၅၅ ရာခိုင်နှုန်း၊ စင်ကာပူူ နိုင်ငံ Keppel Land ကုမ္ပဏီက ၄၀ ရာခိုင်နှုန်း နှင့် City
Square Development ကုမ္ပဏီက ငါးရာခိုင်နှုန်း အသီးသီးရင်းနှီး မြှုပ်နှံထား သည်။
















