နှစ်ပေါင်း ၃၀ နီးပါးသက်တမ်းရှိလာပြီဖြစ်သည့် ရန်ကုန်မြို့ရှိ အမျိုးသားဇာတ်ရုံနှင့် သုဝဏ္ဏ
အားကစားရုံများ အကြီးစားပြုပြင် မွမ်းမံခြင်းကို တရုတ်အစိုးရက ကူညီပ့ံပိုး သွားမည်ဟု
မေလ ၂၀ ရက်ကျင်းပပြုလုပ်ခဲ့ သည့် သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ ဆိုင်ရာ
တရုတ်သံအမတ်ကြီး မစ္စတာဟုန်လျန်က ပြောသည်။
နှစ်နိုင်ငံ ချစ်ကြည်ရေးလက်ဆောင် အဖြစ် ၁၉၈၀ ပြည့်နောက်ပိုင်းတွင် တရုတ် နိုင်ငံက
တည်ဆောက်ပေးခဲ့သည့် အမျိုးသား ဇာတ်ရုံနှင့် သုဝဏ္ဏအားကစားရုံများ အကြီး စားပြုပြင်
မွမ်းမံရေးအတွက် အစိုးရတာဝန်ရှိသူများနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး တာဝန်ရှိသူများ ပြီးခဲ့သည့်သီတင်းပတ်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
"အမျိုးသားဇာတ်ရုံနဲ့ သုဝဏ္ဏအားကစား ရုံကို တရုတ်နိုင်ငံက လက်ဆောင်အဖြစ် တည်ဆောက်ပေး
ထားတာ။ ဒီအဆောက်အအုံ နှစ်ခုက လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ နီးပါး အတွင်း မှာ မြန်မာနိုင်ငံရဲ့
ယဉ်ကျေးမှုနဲ့ မျိုးချစ်စိတ် ဓာတ်ပြသဖို့ အရေးကြီးတဲ့ ကဏ္ဍကို ရောက်ရှိခဲ့ပါတယ်။ နှစ်ပေါင်း
အတော်ကြာလည်ပတ်ပြီးတော့ အခုပြန်လည်မွမ်းမံရမယ့် အချိန်ရောက်ပါပြီ"ဟု မစ္စတာဟုန်လျန်က
ပြောသည်။
အဆိုပါ အဆောက်အအုံများ ပြန်လည်ပြုပြင်မွမ်းမံရေးအတွက် တရုတ်နိုင်ငံ ချင်းဟွာ တက္ကသိုလ်၊
အဆောက်အအုံဒီဇိုင်းကျောင်းမှ ပညာရှင် ၁၂ ယောက်ပါ၀င်သည့် လေ့လာရေး အဖွဲ့တစ်ဖွဲ့ကို
စေလွှတ်ကာ ပထမအဆင့် အဖြစ် အမျိုးသားဇာတ်ရုံနှင့် သုဝဏ္ဏ အားက စားကွင်းရုံ၏
တည်ဆောက်ပုံ၊ လုံခြံုရေးနှင့် ပတ်သက်၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးကြောင်း သိရသည်။
အဆိုပါပညာရှင်အဖွဲ့၏ အခြေခံလေ့လာ စစ်ဆေးမှုများအရ အမျိုးသားဇာတ်ရုံနှင့် သုဝဏ္ဏအားကစားရုံ
နှစ်ခုစလုံးသည် အဆောက်အအုံဖွဲ့စည်းပုံနှင့် လုံခြံုရေးအခြေ အနေ ကောင်းမွန်မှုရှိသော်လည်း
အသုံးပြုမှုများပြားခြင်းများကြောင့် အဆောက်အအုံများ ဟောင်းနွမ်းနေပြီး အသုံးပြုပစ္စည်း
ကိရိယာများမှာ အဆင့်မြှင့်တင်မှုများ လိုအပ်နေခြင်း ဖြစ်သည်။
လက်ရှိအခြေအနေတွင် အမျိုးသားကဇာတ်ရုံသည် အဆောက်အအုံနှင့်ပစ္စည်း
ကိရိယာများဟောင်းနွမ်းနေခြင်း၊ စင်မြင့် ကိရိယာများ၊ စင်မြင့်မီးအလင်းရောင်များ နှင့်
အသံစနစ်များ ခေတ်နောက်ကျခြင်း၊ အတွင်းအပြင် အပြင်အဆင်များ ပျက်စီးနေ ပြီး သုဝဏ
္ဏ အားကစားရုံမှာလည်း အဆောက် အအုံနှင့်ပစ္စည်းများ ဟောင်းနွမ်းနေသည့်အပြင်
လေအေးပေးစက်များ စွမ်းရည်လျော့ ကျခြင်း၊ မီးသတ်စနစ်များ ယိုယွင်းနေခြင်း နှင့်
အပြင်အဆင်များလည်း ပျက်စီးနေပြီ ဖြစ်သည်။ "ဒီအဆောက်အအုံနှစ်ခုစလုံးက တရုတ်
အစိုးရက မြန်မာနိုင်ငံကို ပထမအဆင့်အနေနဲ့ လက်ဆောင်အဖြစ် ပေးထားတာဖြစ်ပြီး
ပထမအဆင့် အကောင်းဆုံး တည်ဆောက်မှု ကို လုပ်ခဲ့သလို အကောင်းဆုံးပစ္စည်းတွေကိုလည်း
သုံးခဲ့တယ်။ အခုက ဒါတွေကို အဆင့်မြှင့် တင်ဖို့ အဲကွန်းစနစ်တွေ၊ အသံစနစ်တွေ စတဲ့
တော်တော်မျာများက ပြဿနာရှိနေတာကို တွေ့ ရပါတယ်"ဟု မစ္စတာ ဟုန်လျန်က ပြောသည်။
သုဝဏ္ဏအားကစားရုံနှင့် အမျိုးသားဇာတ် ရုံများ ပြုပြင်မွမ်းမံမှုကို ပထမပိုင်းအဖြစ် ဆောင်ရွက်
သွားမည်ဖြစ်ပြီး ကျွမ်းကျင်ပညာ ရှင်များ၏ လေ့လာတွက်ချက်မှုများပြီးမှသာ ငွေကြေးသုံးစွဲမှုနှင့်
ပြင်ဆင်ကြာမြင့်ချိန်ကို အတိအကျ ခန့်မှန်းနိုင်မည်ဖြစ်သည်ဟု သိရသည်။ "တရုတ်အစိုးရက
ဘတ်ဂျက်အတွက် အသင့်ရှိနေပါပြီ။ သက်ဆိုင်ရာကျွမ်းကျင်တဲ့ ပညာရှင်တွေလည်း အသင့်ရှိနေ
ပါပြီ။ လုပ်ငန်းအကောင်အထည်ဖော်ဖို့အတွက်လည်း လုပ်ငန်းတွေ အသင့်ရှိနေပါပြီ။ ကုန်ကျစရိတ် နဲ့ တည်ဆောက်မှုကြာမြင့်ချိန်ကတော့ ကျွမ်း ကျင်ပညာရှင်တွေ လေ့လာပြီးတော့ သတ်မှတ်နိုင်ပါတယ်။
ခန့်မှန်းမယ်ဆို ပမာဏကတော့ ကြီးမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ပစ္စည်း တွေ အများကြီးလဲဖို့ရှိနေ
ပါတယ်။ ဒီစီမံကိန်း နှစ်ခုကို အမြန်ဆုံးအကောင်အထည်ဖော် လိမ့်မယ်လို့ မျှော်လင့်ပါတယ်" ဟု
မစ္စတာ ဟုန်လျန်က ပြောသည်။ အဆိုပါအဆောက်အအုံများ ပြန်လည်ပြုပြင်မွမ်းမံရေးစီမံကိန်းကို
ပြီးခဲ့သည့်နှစ်တွင် သဘောတူညီမှုရရှိခဲ့ပြီး ၂၀၁၆ ခုနှစ်၊ ဇန်န ၀ါရီလတွင် စီမံကိန်းဖြစ်မြောက်နိုင်
စွမ်းလေ့လာရန် လက်မှတ်ရေးထိုးခဲ့ကြသည်။
အဆိုပါအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းကို ဆက်လက်လုပ်ကိုင်သွားမည်
ဖြစ်ကြောင်း တရုတ်သံရုံးက သတင်းထုတ် ပြန်ခဲ့သည်။ ရန်ကုန်မြို့ရှိ အမျိုးသားဇာတ်ရုံသည်
တရုတ်အစိုးရအကူအညီဖြင့် ၁၉၈၈ ခုနှစ်၊ မတ်လတွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ်၊
ဇွန်လတွင် ဆောက်လုပ်ပြီးစီးခဲ့သည်။ စုစုပေါင်းဧရိယာ ၃၄,၇၀၀ စတုရန်းမီတာကျယ်ဝန်းပြီး
ထိုင်ခုံပေါင်း ၁,၅၀၀ ရှိကာ တည်ဆောက်စဉ်က ကျပ်ငွေ ၂၁၅ သန်းခန့် ကုန်ကျခဲ့သည်။
သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံကို ၁၉၈၂ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင် တည်ဆောက်ခဲ့ပြီး
၁၉၈၆ ခုနှစ်မတ်လတွင် ဆောက်လုပ်ပြီးစီးခဲ့သည်။ စုစုပေါင်းဧရိယာ ၆၉,၅၀၀ စတုရန်းမီတာရှိပြီး
အဆောက်အအုံ တစ်ခုလုံး ဧရိယာ ၂၆,၀၀၀ စတုရန်းမီတာခန့်ရှိကာ ပရိသတ်ထိုင်ခုံပေါင်း
၁၀,၈၅၃ ခုပါရှိသည်။
















