ရန်ကုန်တိုင်း၊ အင်းစိန်မြို့ တညင်းကုန်းရပ်ရှိ ရန်ကုန်မြို့၏ ပထမဆုံး နိုင်ငံတကာအဆင့်မီ သစ်သီးဝလံ၊
ဟင်းသီးဟင်းရွက်နှင့် ပန်းမန် အဆင့်မြင့်လက္ကားဈေးသစ် စီမံကိန်းသည် ၃၅ ရာခိုင်နှုန်း
တည်ဆောက်ပြီးစီးနေပြီဖြစ်သည်ဟု တာဝန်ရှိသူများက ပြောကြားသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် မြန်မာအက်ဂရိုအိတ်စ်ချိန်းအများပိုင်ကုမ္ပဏီတို့
ပူးပေါင်းအကောင် အထည်ဖော်လျက်ရှိသည့် သစ်သီးဝလံ၊ ဟင်း သီးဟင်းရွက်နှင့် ပန်းမန်အဆင့်မြင့်
လက် ကားဈေးသစ်စီမံကိန်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီပိုင်မြေ ၈၅ ဧက ပေါ်တွင် တည်ဆောက်လျက်ရှိပြီး မြန်မာကျပ် ၁၁၈ ဘီလျံခန့် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်သည် ဟု မြို့တော်စည်ပင်
သာယာရေးကော်မတီ၊ တာဝန်ရှိသူတစ်ဦးက ပြောသည်။
"ရန်ကုန်တိုင်းဒေသဝန်ကြီးချုပ်က ဒီစီမံ ကိန်းက ုိ Public Private Partnership ကပဲ
အကောင်အထည်ဖော်သွားမှာဖြစ်ပြီး စီမံကိန်းကို တင်ဒါအောင်တဲ့ကုမ္ပဏီကလည်း
အများပိုင်ကုမ္ပဏီအဖြစ်ဖွဲ့စည်းပြီး လယ် သမားတွေ၊ကုန်သည်တွေနဲ့ တခြားစိတ်ဝင်
စားသူတွေကို ရှယ်ယာတွေရောင်းပေးရမယ် လို့ ၂၀၁၄ နှစ်ကုန်ပိုင်းကတည်းက ကြေညာ
ချက်ထုတ်ပြန်ထားပါတယ်"ဟု ၎င်းက ပြောသည်။ အဆိုပါဈေးသစ်တည်ဆောက်ရေးစီမံကိန်းကို
ပြီးခဲ့သည့်နှစ် ဧပြီလတွင် စတင်ခဲ့၍ ၂၀၁၈ ခုနှစ် မတ်လကုန်တွင် အပြီးတည် ဆောက်သွားမည်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
ဈေးသစ် စီမံကိန်းအတွက် ဂျပန်နှင့် ထိုင်းနိုင်ငံများမှ တည်ဆောက်ရေးဒီဇိုင်းပုံစံများကို လေ့လာခဲ့ပြီး
မြန်မာအင်ဂျင်နီယာ ၃၂ ယောက်က ဒီဇိုင်း ဆွဲကာ တည်ဆောက်ခြင်းဖြစ်သည်ဟု စီမံကိန်း
ဆောက်လုပ်ရေးတာဝန်ခံ ဒဂုံအင်တာနေရှင် နယ်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါဈေးသစ်တွင် အဆောက်အအုံလေးခုပါ၀င်မည်ဖြစ်ပြီး ကားအစီးရေ ၂,၅၀၀ ရပ်နားနိုင်မည့်
ယာဉ်ရပ်နားရန်နေရာ၊ ကုန် တင်ကားများ ကုန်တင်ကုန်ချပြုလုပ်နိုင်မည့် နေရာ၊ လက်ကား
အရောင်းဈေးနေရာ၊ အသီး အနှံနှင့် ဟင်းသီးဟင်းရွက်များကို ရေဆေးသန့်စင်နိုင်မည့်နေရာ၊
ငါးခြောက်ရောင်းရန် အဆောက်အအုံတစ်ခု၊ အသားနှင့် ငါးများ ရောင်းရန် အအေးခန်း သိုလှောင်ရုံတစ်ခု၊ တောင်သူလယ်သမားများအတွက် လက်လီလက်ကားရောင်းနိုင်သော
နေရာများ၊ ဓာတ်ဆီဆိုင်၊ ၀န်ထမ်းနားနေဆောင်များနှင့် ဈေး ၀ယ်သူများ နားနေခန်းများ
ပါ၀င်မည်ဖြစ်သည်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက
ပြောသည်။
လက်ရှိတွင် အရောင်းအဝယ်ပြုလုပ်နေသော တညင်းကုန်းအသီးအနှံဈေးကြီး၏ ဘေးဘက်တွင်
အဆိုပါ အဆင့်မြင့် သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နှင့် ပန်းမန်လက် ကားဈေးသစ်ကို
တည်ဆောက်လျက်ရှိပြီး အဆိုပါဈေးသစ် တည်ဆောက်ပြီးစီးပါက တညင်းကုန်းဈေးမှ
အသီးအနှံဆိုင်ရှင်များက ထိုဈေးသို့ ပြောင်းရွှေ့ခွင့်ရမည်၊ မရမည် ကို မသိရှိသေးကြောင်း
ဈေးဆိုင်ရှင်တစ်ဦး က ပြောသည်။ "ဒီတညင်းကုန်း ဈေးသစ်တည်ဆောက်တာနဲ့ ပတ်သက်လို့
ဒီကဆိုင်ရှင်တွေကို စည်ပင်သာယာရေးကော်မတီက ဘာမှ အသိ ပေးပြောကြားတာမျိုးမရှိပါဘူး။
ဈေးသစ်ကြီး တည်ဆောက်ပြီးစီးရင် ဆိုင်ခန်းအသစ်ပြန်မရမှာကိုတော့ နည်းနည်းစိတ်ပူမိနေပါ
တယ်"ဟု တညင်းကုန်းဈေးမှ အသီးအနှံ ဈေးသည် တစ်ဦးဖြစ်သူ ဒေါ်သက်မာက ပြောသည်။
တညင်းကုန်း ဈေးသစ်တည်ဆောက် သော သတင်းကို သတင်းစာထဲတွင် တွေ့သည့် အချိန်မှစတင်ခါ
အလွန်စိတ်ဝင်စားမိသော် လည်း ယခုအချိန်ထိ ထိုဈေးမှ ဆိုင်ခန်းများ ကို ရောင်းမည်လား၊
ငှားမည်လားဟုပင် မသိရ သေးကြောင်း တညင်းကုန်းဈေးမှ ဆိုင်ရှင် များက ပြောသည်။
"ဈေးသစ်ဆောက်ပြီးရင် ဆိုင်ခန်းတွေက အရောင်းလား၊ အငှားလားတောင် မသိရသေးပါဘူး။
တစ်ခါတလေမှာ မရောင်းရဘဲ နာသွား တဲ့၊ ပုပ်သွားတဲ့အသီးအနှံက ရောင်းလိုက်ရတဲ့ အသီး
အနှံထက်တောင် များနေပါသေးတယ်။ တကယ်လို့သာ အအေးခန်းပါတဲ့ အဆင့်မြင့် ဈေးသစ်မှာ
ဆိုင်ပြောင်းရွှေ့ဖွင့်လှစ်နိုင်မယ်ဆိုရင် ဒီလိုအလေအလွင့် ပျက်စီးတာတွေ ကြောင့် အရှုံးပေါ်တာတွေ
ဖြစ်မှာမဟုတ်တော့ပါဘူး"ဟု တညင်းကုန်းဈေးမှ ဈေးသည် တစ်ဦးဖြစ်သူ ဦးစိန်လွင်က ပြောသည်။
နိုင်ငံတကာအဆင့်မီ သစ်သီးဝလံ၊ ဟင်း သီးဟင်းရွက်နှင့် ပန်းမန် အဆင့်မြင့်လက်ကား
ဈေးသစ်များကို ရန်ကုန်မြို့အပြင် နေပြည် တော်၊ မန္တလေးနှင့် မူဆယ်မြို့နယ်များတွင်လည်း
တည်ဆောက်သွားမည်ဖြစ်ပြီး သက်ဆိုင်ရာ ၀န်ကြီးဌာနများအကြား သဘောတူစာချုပ်
ချုပ်ဆိုခဲ့ပြီးဖြစ်သည်ဟု ယခင် အစိုးရလက်ထက် သမဝါယမဝန်ကြီးဖြစ်ခဲ့ သူ ဦးကျော်ဆန်းက
၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် ပြောကြားခဲ့သည်။
















