အိုရီယန်တယ် အာမခံရုံးဟောင်းအဖြစ် အသုံးပြုခဲ့သော အိန္ဒိယသံရုံးအဆောက်အအုံကို
ရန်ကုန်မြို့၏ ၁၂ ခုမြောက် ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် အဆောက်အအုံအဖြစ်
ရန်ကုန်မြို့ပြ အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က မေလ ၃၀ရက်နေ့တွင် အပြာရောင်
ကမ္ပည်းပြား တပ်ဆင်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး ကျောက် တံတားမြို့နယ် ကုန်သည်လမ်းပေါ်တွင် တည်ရှိသော အထပ်
ငါးထပ်မြင့် အိန္ဒိယ သံရုံးအဆောက်အအုံသည် အပြာရောင် ကမ္ပည်းပြား ပထမဆုံးတပ်ဆင်ခံရသော
အိန္ဒိယအမွေအနှစ် အဆောက်အအုံ တစ်ခုဖြစ်ကာ ကမ္ပည်းပြားတပ်ဆင်ခံရ သော ရှေးဟောင်း
အမွေအနှစ် အဆောက် အအုံများတွင် အထပ်အမြင့်ဆုံး အဆောက်အအုံ တစ်ခုလည်းဖြစ်သည်။
၁၉၁၄ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ သော ထိုအဆောက်အအုံကို မူလက ကိုလ်ကတ္တားအခြေစိုက်
အာမခံလုပ်ငန်း တစ်ခုဖြစ်သော အိုရီယန်တယ်အသက် အာမခံကုမ္ပဏီ၏ ရုံးခန်းအဖြစ် အသုံးပြု ခဲ့ပြီး
ထိုအချိန်က ရန်ကုန်မြို့၏ အိမ်ရာအခက်အခဲကို ဖြေရှင်းပေးသည့်အနေဖြင့် ၎င်းအသုံးမပြုသော
အစိတ်အပိုင်းများကို လူနေတိုက်ခန်းများအဖြစ် ငှားရမ်းပေးခဲ့ သည်။ ၁၉၅၇ ခုနှစ်မှစတင်ခါ
ထိုအဆောက်အအုံကို အိန္ဒိယသံရုံးအဖြစ် ပြောင်းလဲ အသုံးပြုခဲ့ပြီး အိန္ဒိယယဉ်ကျေးမှုဆိုင်ရာ
ပွဲလမ်းသဘင်များကျင်းပရာ အဓိက အဆောက်အအုံတစ်ခုလည်း ဖြစ်သည်။
ထိုအဆောက်အအုံကို ၁၉၉၉-၂၀၀၀ ပြည့်နှစ်များတွင် ပြန်လည်ပြင်ဆင်ခဲ့သော်လည်း ယခင်
ကုမ္ပဏီဟောင်း၏ အမှတ်တံဆိပ်သင်္ကေတကို ကုန်သည်လမ်း မျက်နှာစာတွင် ယနေ့တိုင်တွေ့မြင်နိုင်ဆဲ
ဖြစ်ကြောင်း ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့မှ ပြန်ကြားရေး မန်နေဂျာ
မရွှေယင်းမာဦးက ပြောသည်။
ရန်ကုန်မြို့ပြ အမွေအနှစ်ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့တည်ထောင်သူနှင့် ဥက္ကဋ္ဌဖြစ်သူ
ဒေါက်တာသန့်မြင့်ဦးက အာမခံရုံးအဖြစ်အသုံးပြုခဲ့ပြီး ရာစု နှစ်တစ်ခုကျော် သက်တမ်းရှိ
အဆိုပါအဆောက်အအုံမှာ ၁၉၅၀ ပြည့်နှစ်နောက် ပိုင်းတွင် အိန္ဒိယသံရုံးအဖြစ်လည်း အသုံး ပြုခဲ့ခြင်းကြောင့် ရှေးဟောင်းယဉ်ကျေးမှုအဆောက်အအုံအဖြစ် ထိန်းသိမ်းရန်
အရေးကြီးကြောင်း ပြောသည်။
"အိန္ဒိယ-မြန်မာနှစ်နိုင်ငံစလုံးနဲ့ သက်ဆိုင်တဲ့အမွေအနှစ်အဆောက်အအုံ များစွာ
ရန်ကုန်မြို့လယ်မှာ ရှိပါတယ်။ ဥပမာရာဘင်ဒြာနတ်တဂိုး၊ မဟတ္တမဂန္ဒီ နဲ့ ပန်ဒစ်နေရူးတို့
၂၀ ရာစုဆန်းပိုင်းက ရန်ကုန်မြို့ကို အကြိမ်ကြိမ်လာရောက်ခဲ့တဲ့ ခရီးစဉ်တွေနဲ့ ပတ်သက်တဲ့နေရာတွေပေါ့"ဟု ပြောသည်။ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်
Mr Gautam Mukhopadhaya က အိန္ဒိယ နှင့် မြန်မာ နှစ်နိုင်ငံစလုံးတွင် ဆောက်လုပ်ရေး
ကဏ္ဍများ ဖွံ့ဖြိုးလာသော်လည်း သမိုင်းဝင်ယဉ်ကျေးမှု အဆောက်အအုံများကို သေချာစွာ
မထိန်းသိမ်းနိုင်မူကြောင့် ဆုံးရှုံးနေရကြောင်းပြောသည်။ ရန်ကုန်မြို့ လယ်တွင်ပေါ်ပေါက်
လာသော အထပ်မြင့် အဆောက်အအုံများကြောင့် ရှေးဟောင်း သမိုင်းအမွေအနှစ်နှင့်
ယဉ်ကျေးမှု ဆိုင်ရာ အဆောက်အအုံများမှေးမှိန် ကွယ်ပျောက်သွားရကြောင်း ၎င်းက
ပြောသည်။
"ရန်ကုန်မြို့လယ်ကောင်မှာ ရှေးဟောင်းအဆောက်အအုံတွေ အများကြီးရှိနေပေမယ့် အိန္ဒိယသံရုံးကို ရှေးဟောင်းယဉ်ကျေးမှုအဆောက်အအုံအဖြစ် အပြာရောင် ကမ္ပည်းပြား
တပ်ဆင်ပေးခဲ့လို့ ၀မ်းသာပီတိ ဖြစ်ရပါတယ်။ ဒီရာစုနှစ်တစ်ခုကျော် သက်တမ်းရှိတဲ့ အိန္ဒိယ
သံရုံးအဆောက်အအုံက သံရုံးအဖြစ် စတင်အသုံးပြုခဲ့တဲ့အချိန် ကစပြီး အိန္ဒိယယဉ်ကျေးမှု
ဆိုင်ရာပွဲလမ်း သဘင်တွေကျင်းပနေတဲ့၊ ရန်ကုန်မြို့မှာ အိန္ဒိယယဉ်ကျေးမှုကို ပြန်လည်မိတ်
ဆက်တဲ့ အဆောက်အအုံတစ်ခုလည်း ဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။
ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့၏ အပြာရောင် ကမ္ပည်းပြား
တပ်ဆင်ခြင်းသည် ရန်ကုန်မြို့ သမိုင်းကြောင်းတွင် အရေးပါခဲ့သော ယဉ်ကျေးမှုနှင့် မြို့ပြ
အမွေအနှစ် အဆောက်အအုံများနှင့် နေရာများကို အထိမ်းအမှတ်ပြုခြင်းဖြစ်ပြီး ထိုကဲ့သို့
ကမ္ပည်းပြားတပ်ဆင်ရန် ရန်ကုန်မြို့ အနှံ့ရှိ သမိုင်းဝင်အဆောက်အအုံများကို လေ့လာခြင်း၊
ကမ္ပည်းပြားများ ထုတ်လုပ် ခြင်းနှင့် တပ်ဆင်ခြင်းများအတွက် Royal Philips Corporation က
အမေရိကန် ဒေါ်လာ ရ၅,၀၀၀ ထောက်ပံ့ပေးအပ်မည် ဖြစ်သည်။ ရန်ကုန်မြို့၏ သမိုင်းဝင်
ယဉ်ကျေးမှု အဆောက်အအုံများအဖြစ် ရန်ကုန်မြို့ တော်ခန်းမ၊ ဧရာဝတီဘဏ်ရုံးချုပ်၊
အာမေးနီးယန်း ခရစ်ယာန်ဘုရားကျောင်း၊ ဗဟိုမီးသတ်ရုံး၊ ရန်ကုန်စာတိုက်ကြီး၊ မြန်မာ့
လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ဗဟိုပုံနှိပ်စက်ရုံ၊ မဟာဗန္ဓုလပန်းခြံနှင့် လောကနတ်အဆောက်
အအုံစသော အဆောက်အအုံ ၁၁ ခုတွင်လည်း အပြာရောင်ကမ္ပည်းပြားများ တပ်ဆင်ခဲ့ပြီး
ဖြစ်သည်။
















