ရပ်ဆိုင်းထားသော ဆောက်လုပ်ရေးလုပ်ငန်းများကြောင့် အခက်တွေ့ နေရဟု လုပ်ငန်းရှင်များဆို

ရပ်ဆိုင်းထားသော ဆောက်လုပ်ရေးလုပ်ငန်းများကြောင့် အခက်တွေ့ နေရဟု လုပ်ငန်းရှင်များဆို

ရန်ကုန်မြို့တွင်း အထပ်မြင့်အဆောက်အအုံ ဆောက်လက်စများကိုခေတ္တရပ်ဆိုင်းထားရန်
ညွှန်ကြားချက်ကြောင့် လုပ်ငန်းရှင်များနှင့် လုပ်သားများအတွက် အခက်အခဲများ ဖြစ်ပေါ်နေရကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ပြောသည်။

အထပ်မြင့်အဆောက်အအုံ ဆောက်လုပ် မှုများကို ပြန်လည်စိစစ်ရန် ရန်ကုန်တိုင်း ဒေသကြီးအစိုးရဖွဲ့မှ ညွှန်ကြားချက်ထွက် ပေါ်လာခဲ့ခြင်းကြောင့် လုပ်ငန်းရှင်
များသာမက ယင်းနှင့် ဆက်စပ်နေသည့် လုပ်ငန်း များနှင့် အလုပ်သမား သောင်းနှင့်ချီကာ အတိဒုက္ခ ရောက်နေကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းမှ
နာယကဦးခင်ရွှေက မြန်မာတိုင်း(မ်) ကို ပြောသည်။ "စီမံကိန်းတွေအများကြီး ရပ်နေတယ်၊
ဆောက်လုပ်ရေးလုပ်ငန်းတွေ ရပ်ထားတော့ သူနဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းတွေ အားလုံးပါ
လိုက်ရပ်ကုန်တယ်။ လုပ်ငန်းခွင်တစ်ခုမှာ လူ ၁,၀၀၀ လောက်အနည်းဆုံး သုံးရတယ်၊ အခု
ရပ်ထားတဲ့ ဆောက်လုပ်ရေးက အများကြီး ဆိုတော့ အလုပ်သမားတွေ သောင်းနဲ့ချီ ဒုက္ခရောက်
ရသလို လုပ်ငန်းရှင်တွေဘက်က လည်း အများကြီး ထိခိုက်နစ်နာတယ်၊ နိုင်ငံ စီးပွားရေးကိုလည်း
ထိခိုက်နစ်နာတယ်"ဟု ၎င်းက ပြောသည်။ ယခင်အစိုးရလက်ထက်တွင် ခွင့်ပြုထားပြီးဖြစ်သည့်
စီမံကိန်းများနှင့် ခွင့်ပြုရန် စိစစ် နေဆဲဖြစ်သည့် အဆောက်အအုံပေါင်း ၄၀၀ ကျော် ဆောက်လုပ်မှုများ
ရပ်ဆိုင်းထား ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ယခုလ လလယ်ပိုင်းက နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် ကြေညာသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ကိုးထပ်နှင့် အထက် ခွင့်ပြုပြီး အဆောက်အအုံ ၂၀၀ ကျော် ရှိပြီး ပုံစံကြီး
(နောက်ဆုံးအဆင့်အတည်ပြု ချက်ဖြင့်) ခွင့်ပြုမိန့်ရရှိထားပြီးဖြစ်သည့် အထပ်မြင့် အဆောက်အအုံ
၆၀ ကျော်နှင့် တည်ဆောက်ဆဲ စီမံကိန်းပေါင်း ၁၂၀ ကျော်ရှိသည်။ မြန်မာနိုင်ငံအတွင်း စီးပွားရေး
လာရောက် လုပ်ကိုင်သည့် နိုင်ငံတကာလုပ်ငန်းရှင်များ ရုံးခန်းဖွင့်လှစ်ခြင်း၊ နေထိုင်ခြင်းမျာအတွက်
မြို့တွင်းခြောက်မြို့နယ်တို့တွင် အထပ်မြင့် အဆောက်အအုံများ အမြောက်အမြား တည် ဆောက်ရန်
လိုအပ်နေဆဲဖြစ်ကြောင်း ဦးခင်ရွှေက ပြောသည်။

"တစ်ကမ္ဘာလုံးမှာရှိတဲ့ မြို့ကြီးတိုင်းလိုလို မှာ အထပ်မြင့်တွေရှိတယ်၊ အဲဒါတွေကို သွားတားလိုက်ရင်
ဆောက်လုပ်ရေးနဲ့ နွှယ်တဲ့ လူအားလုံးဒုက္ခရောက်မယ်။ မြို့ပြင်မှော်ဘီ၊ ထောက်ကြန့်လို နေရာတွေမှာဘဲ အထပ်မြင့် ဆောက်ခိုင်းမယ်ဆိုရင် ဘယ်ပြည်တွင်းပြည်ပ သူဌေးကမှ ရင်းနှီးမြုပ်နှံမှာ မဟုတ်ဘူး။
စီးပွား ရေးမှာ ဆောက်လုပ်ရေး လုပ်ငန်းတွေက ပမာဏကြီးကြီးမားမား ပါတယ် တစ်ခုခုလုပ် မယ်ဆိုရင်သေသေချာချာ ပြန်လည်စဉ်းစားတွက်ချက်ပြီးမှ ဆုံးဖြတ်ချက်ချသင့်တယ်"ဟု ၎င်းက
ဆက်လက်ပြောသည်။ "အစိုးရဆိုတာ သူ့မှာဆုံးဖြတ်ပိုင်ခွင့်ရှိပေမယ့် အတွေ့အကြံုတွေအများကြီးရှိဖို့
လို တယ်၊ အတွေ့အကြံုရှိတဲ့ လူတွေဆီကလည်း အကြံဉာဏ်တောင်းရမယ်။ ဆုံးဖြတ်နိုင်တဲ့ လူကို
ဗိသုကာ တစ်ယောက်က ဒီလိုအိုင်ဒီ ယာလေး ပြောလိုက်တယ်၊ ဗိသုကာက ဗိသုကာ အမြင်ပဲရှိပြီး
စီးပွားရေး အမြင်မရှိ ဘူး။ ဗိသုကာက တင်ပြပေမဲ့ စီးပွားရေး အမြင်၊ နိုင်ငံရေးအမြင်ရှိတဲ့ သူက
၀င်ပြီး ဆွေးနွေးရမယ်၊ အားလုံးသုံးသပ်ပြီးမှပဲ အဖြေ မှန်ထွတ်မယ်၊ စီးပွားရေးသမားတွေ မလုပ်နိုင်တဲ့
ကိစ္စတွေကို လုပ်နိုင်အောင်လို့တောင် အစိုးရက ပံ့ပိုးပေးရမယ်၊ ခေါ်မေးရင်တော့ အစိုးရကို ရှင်းပြဖို့
အသင့်ရှိသလို ဖြေရှင်း ပေးဖို့လည်း ရှိတယ်"ဟု ဦးခင်ရွှေက ဆက်လက်ပြောသည်။

ဆောက်လုပ်လျက်ရှိသည့် အထပ်မြင့်အဆောက်အအုံအများစုမှာ နိုင်ငံသားနှင့် ပြည်ပလုပ်ငန်းရှင်များ ပူးပေါင်းတည်ဆောက် နေခြင်းဖြစ်ပြီး အထပ်မြင့် အဆောက်အအုံ တစ်လုံး၏ တည်ဆောက်ရေး
ကုန်ကျစရိတ်မှာ အမေရိကန် ဒေါ်လာသန်း ၂၀ မှ အမေရိကန် ဒေါ်လာသန်း ၁၅၀ အထိရှိကြောင်း
၎င်းက ပြောသည်။

ကမ္ဘာ့လှည့်ခရီးသည် အများအပြား ၀င်ရောက်လာမှုကြောင့် ဟိုတယ်ခနှုန်းထား ကြီးမြင့်နေရာ
မြို့၏အချက်အချာနေရာများ တွင် ဟိုတယ်များ၊ အထပ်မြင့်အဆောက် အအုံများ တိုးချဲ့ဆောက်လုပ်မှုက
ဖြေရှင်း ချက်တစ်ရပ်ဖြစ်နိုင်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ပြောသည်။ နာမည်ကြီး
ဆောက်လုပ်ရေးတစ်ခုက လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးသန်းနိုင်က ဆောက်လက်စ အဆောက်
အအုံများရပ်ဆိုင်း ထားရာတွင် ဘဏ်ချေးငွေယူလုပ်ကိုင်နေ သည့်လုပ်ငန်းများမှာ အတိုးနှုန်းမြင့်
တက်ခြင်း၊ သတ်မှတ်ချိန်အတွင်းမပြီးစီးနိုင်သည့် အတွက် ဆောက်လုပ်သူ၊ မြေရှင်နှင့် ၀ယ်ယူသူ
များအကြား အမှုအခင်းများဖြစ်လာနိုင်ကြောင်း၊ မူဝါဒအပြောင်းအလဲများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ နှောင့်နှေးသွား နိုင်ကြောင်း
ပြောသည်။

"လုပ်ငန်းရှင်တွေ အများကြီးနစ်နာပါ တယ်၊ ဆောက်လုပ်ရေးနယ်ပယ်နဲ့ ဆပ်စပ်တဲ့ လုပ်ငန်းတွေ
ပါကျကုန်လို့ အလုပ်သမားတွေ သောင်းနဲ့ချီ အလုပ်လက်မဲ့ ဖြစ်ကုန်တယ်။ ဆိုက်တွေက ရပ်ထားတော့
ဒီအလုပ်သမား တွေရဲ့ စားဝတ်နေရေးကလည်း ပြဿနာ ရှိတယ်။ "ဒီလုပ်ငန်းတွေ နည်းပညာ၊
ငွေကြေးအရင်းအနှီးကြီးသလို ပြည်ပ ကုမ္ပဏီတွေနဲ့ လည်း ဖက်စပ်လုပ်ကြတာများတယ်၊
မူဝါဒ တွေ မတည်ငြိမ်ရင် ဘယ်နိုင်ငံခြားသူဌေးက လာပြီး လုပ်တော့မှာ မဟုတ်ဘူး FDI တွေ
ဘာကြောင့်မဝင်ရသလဲ ဆိုတာ ပြန်ဆန်း စစ်ဖို့ ကောင်းတယ်၊ သူတို့ပြန်စစ်ဆေးပြီး ပြန်ဆောက်လုပ်ခွင့်
ပေးမယ်ဆိုလည်း အနည်းဆုံး အချိန်တစ်နှစ်လောက် ကြာနိုင်တယ်"ဟု ၎င်းက ပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ်အတွင်း 'မူ'အားဖြင့်ခွင့်ပြချက်ရရှိ
ထားသော်လည်း ရန်ကုန်မြို့ တော်စည်ပင်သာယာရေး ကော်မတီ အင်ဂျင် နီယာဌာန
(အဆောက်အအုံ)မှ အပြီးသတ် အတည်ပြုထားပြီးဖြစ်သည့် ဆောက်လုပ်ခွင့်ပြုမိန့်
မရရှိသေးသည့် အထပ်မြင့် အဆောက်အအုံများ ဆောက်လုပ်ခြင်း လုပ်ငန်းများကို
ခေတ္တရပ်ဆိုင်းထားရန် ကြေညာထားခြင်းဖြစ် သည်။ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က
ကွင်းဆင်းစစ်ဆေးပြီး သတ်မှတ်ချက်နှင့် ကိုက် ညီသည့် အဆောက်အအုံဆောက်လုပ်
ခွင့်ကို မူ ဆက်လက်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ကော်မတီက ကြေညာထားသည်။

"အထပ်မြင့် အဆောက်အအုံ ၆၄ ခုမှာ ၁၁ ခုကိုတော့ တားမြစ်စာ ပို့ထားတယ်ဆိုတာ မှန်ပါတယ်။
တိုင်းဒေသကြီးက ညွှန်ကြားလို့ တားမြစ်စာ ပို့လိုက်တာဖြစ်တယ်"ဟု ရန်ကုန် မြို့တော်စည်ပင်
သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန(အဆောက်အအုံ)မှ အဆင့်မြင့် အရာရှိတစ်ဦးက
မြန်မာတိုင်း(မ်) ၏ ဆက်သွယ်မေးမြန်းချက်ကို ပြန်လည် ဖြေကြားခဲ့သည်။Capital Diamond
Star construction၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးတင်မောင်ဝင်းက ဆောက်လုပ်ဆဲလုပ်ငန်းများမှာ
တကယ် ဆောက်လုပ်ခွင့်ကို အပြီးသတ်ခွင့်ပြုမိန့်ရမှသာလုပ်သင့်ကြောင်း ပြောသည်။ "ကျွန်တော်တို့
ကြားတာကတော့ ကျွန် တော်တို့ အပါအဝင် အထပ်မြင့် ၆၄ ခုကို သူတို့ က ပြန်ပြီးစိစစ်တာပါ၊
စိစစ်ပြီးတော့ တားသင့် တဲ့ဟာကိုတားပြီး ဥပဒေနဲ့ ညီရင် ဆောက်လုပ်ခွင့်ပေးနေတယ်လို့
သိရပါတယ်။ ကျွန်တော်တို့က မူအနေနဲ့ကော တည်ဆောက်ခွင့် အမိန့်တွေ အားလုံးရပြီးမှ
ဆောက်ခဲ့တာပါ။ တစ်အချက်ကတော့ မူအရ ခွင့်ပြုချက်ရဖို့ လိုသလို တကယ့်တည်ဆောက်ခွင့်
အပြီးသတ် ခွင့်ပြုမိန့်ရပြီးမှပဲ လုပ်ငန်းတွေကို လုပ်သင့်တယ်လို့ ထင်တယ်။ အပြီးသတ်မရသေးဘဲနဲ့
ဆောက်လို့ တားမြစ်ခံရတယ် ဆိုရင်တော့ ထိခိုက်နစ်နာနိုင်တယ်။ ဘောင်ကျော်ပြီး လုပ်ထားတာတွေ
ဖြစ်ကြလို့ ဥပဒေတွေ၊ စည်း မျဉ်းစည်းကမ်းတွေကို ဖောက်ဖျက်လိုက် သလို ဖြစ်လို့ နစ်နာမှု ရှိနိုင်တယ်"ဟု
၎င်းက ပြောသည်။ အထပ်မြင့်အဆောက်အအုံဆောက်လုပ် မှုများအတွက် ရန်ကုန်မြို့တော်စည်ပင်
သာယာရေးကော်မတီ၏ ဌာနပေါင်းစုံ ဖွဲ့စည်းထားသည့် အထပ်မြင့်အဆောက် အအုံ စိစစ်ရေးကော်မတီက
ဆောက်လုပ်မည့် အဆောက်အအုံကိုစစ်ဆေးပြီး ရန်ကုန်မြို့ တော်ဝန် ဦးဆောင်သည့် ကော်မတီဝင်
အစည်းအဝေးသို့ တင်ပြသည်။ ထိုမှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြကာ
အစိုးရအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ခွင့်ပြုခြင်းမှာ 'မူ'အားဖြင့် ခွင့်ပြုခြင်းဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်