ထီးချိုင့်မြို့တွင် တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်ရန်ရှိ

ထီးချိုင့်မြို့တွင် တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်ရန်ရှိ

တစ်လ ကျပ် ၃၀,၀၀၀ ငွေပေးသွင်းသည့်စနစ်ဖြင့် တန်ဖိုးနည်းအိမ်ရာစီမံကိန်းကို
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်၊ ကသာနှင့် ထီးချိုင့်မြို့များတွင် ပုဂ္ဂလိက အစီအစဉ်ဖြင့်
ဆောက်လုပ်သွားမည်ဖြစ်ကြောင်း အိမ်ရာ စီမံကိန်းဆောက်လုပ်မည် The Infrastructure
of Myanmarနှင့် ဒေသခံ ဖြစ်သည့် စိမ်းဝါနီကုမ္ပဏီတို့က လွန်ခဲ့သော ရက်သတ္တပတ်က ပြောသည်။

တန်ဖိုးနည်း အိမ်ရာများ ဆောက်လုပ် ရောင်းချခွင့် ရရှိစေရန် သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်အုပ်ချုပ်ရေး
အဖွဲ့အစည်းများသို့ တင်ပြ ထားပြီး ပြည်ထောင်စုအစိုးရအဖွဲ့ထံမှ အပြီးသတ် ခွင့်ပြုမိန့်ရရှိပါက အမြန်ဆုံး ဆောက်လုပ်သွားမည်ဖြစ်သည်။ "ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ အပြီးသတ် ခွင့်ပြုမိန့်ကျတာနဲ့
အမြန်ဆုံး တည်ဆောက် သွားပါမယ်။ ခွင့်ပြုမိန့်ရတဲ့နေ့က စပြီး နှစ်နှစ် ပြည့်တဲ့နေ့မှာ အခန်းဝယ်ဖို့
လျှောက်ထားတဲ့ လူတွေကို အခန်းအပ်နိုင်ဖို့ လုပ်သွားမှာပါ"ဟု ဆောက်လုပ်မည့် The Infrastructure
of Myanmar ကုမ္ပဏီ၏ ဒါရိုက်တာ ဦးခင်မောင်တိုးက ဇွန် ၁ ရက်တွင် ပြောသည်။

အဆိုပါ မြို့များတွင် စတုရန်းပေ ၆၀၀ ကျယ်ဝန်းသည့် တန်ဖိုးနည်း တိုက်ခန်းပေါင်း ၂,၅၆၀ ကို
အသီး သီး တည်ဆောက်သွားမည်ဖြစ်သည်။ ကသာမြို့တွင် တည်ဆောက်မည့် ယင်း
အိမ်ရာစီမံကိန်းကို ကသာမြို့နှင့် သုံးမိုင် အကွာ မိတ်သလင်းကျေးရွာရှိ ယာမြေဧက
၂၀ ပေါ်တွင် တည်ဆောက်သွားမည်ဖြစ်သည်။

အိမ်ရာဝယ်ယူနိုင်ရန်အတွက် ဒေသခံကုမ္ပဏီ ဖြစ်သည့် စိမ်းဝါနီကုုမ္ပဏီသို့ လာရောက်
စာရင်းပေးသွင်းထားသူ ၃၀၀ ကျော်ရှိနေ သည်။ ထီးချိုင့်မြို့နယ်တွင် တည်ဆောက်မည့်
ဒုတိယတန်ဖိုးနည်း အိမ်ရာစီမံကိန်းမှာ ထီးချိုင့် မြို့နှင့် သုံးမိုင်အကွာ ကျောက်မော်ကျေးရွာ
အုပ်စု၊ ဇီးကုန်းကျေးရွာ ရှိမြေဧက ၂၀ ပေါ် တွင် တည်ဆောက်မည် ဖြစ်သည်။

ကသာနှင့် ထီးချိုင့်မြို့နယ်အတွင်း ဆောက်လုပ်မည့် မြေနေရာများ ရရှိရန်အတွက်
ဒေသခံကုမ္ပဏီ ဖြစ်သည့် စိမ်းဝါနီကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်ထားသည်။
"ပြည်သူအတွက်ရည်ရွယ်ပြီး လုပ်တဲ့ အတွက် အစိုးရအဖွဲ့က အပြီးသတ် အတည်
ပြုခွင့် ပြုပေးမယ်လို့ ထင်ပါတယ်"ဟု စိမ်းဝါနီကုမ္ပဏီမှ ဒါရိုက်တာ ဒေါ်နှင်းက ပြောသည်။

ဆောက်လုပ်မှုတာဝန်ယူထားသည့် The infrastructure of Myanmar ကုမ္ပဏီက
ထွက် ရှိလာမည့် အခန်းအရေအတွက်၏ ၈၀ ရာခိုင် နှုန်းကို ခံစားခွင့် ရရှိမည်ဖြစ်ပြီး
မြေစိုက်ထုတ် သည့် စိမ်းဝါနီကုမ္ပဏီဘက်မှ အခန်းစုစုပေါင်း ၏ ၂၀ ရာခိုုင်နှုန်း
အကျိုးခံစားခွင့် ရရှိမည် ဖြစ်သည်။

အိမ်ခန်းဝယ်ယူရန် လျှောက်ထားသူများ မှာ မြန်မာနိုင်ငံသား ဖြစ်ရမည့်အပြင် လစဉ်
ပေးသွင်းနိုင်သည့် လုံလောက်သည့် အထောက် အထားများကို ပြသရန်လိုအပ်သည်။

အစိုးရက ညွှန်ကြားချက်တွေ တောက်လျှောက်ဝင်နေပါတယ်။ မြေယာနဲ့ ပတ်သက်ပြီး
အစိုးရအဖွဲ့ကို အဆင့်ဆင့် တင်ပြရမှာ ဖြစ် ပါတယ်။ ခွင့်ပြုချက်ရလို့ ရှင်းလင်းပြီး အရှုပ်
အရှင်းမရှိမှ လွတ်လွတ်ကင်းကင်း လုပ်လို့ ရမှာ ဖြစ်ပါတယ်။ ပြည်သူတွေ ရေရှည်အာမခံ
ချက်ရဖို့အတွက် စိစစ်နေတာ ဖြစ်ပါတယ်၊ ကုမ္ပဏီတွေက ပြည်သူတွေအတွက် ပေးထားတဲ့
ကတိအတိုင်း စီမံကိန်းကို အကောင်အထည်ဖော်ပေးဖို့ လိုပါတယ်"ဟု ကသာခရိုင်
စီမံခန့်ခွဲရေးကော်မတီ အဖွဲ့ဝင် ဒုတိယညွှန် ကြားရေးမှုး ဦးမျိုးသိမ်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်