တတိယအကြိမ်မြောက် အိမ်ခြံမြေအရောင်းပြပွဲကို ဇွန် ၁၀ ရက်တွင် ကျင်းပမည်

တတိယအကြိမ်မြောက် အိမ်ခြံမြေအရောင်းပြပွဲကို ဇွန် ၁၀ ရက်တွင် ကျင်းပမည်

အိမ်ခြံမြေ ၀န်ဆောင်မှုဝက်ဘ်ဆိုက်ဖြစ်သည့် iMyanmarHouse.com မှ ကြီးမှူးကျင်းပသော
တတိယအကြိမ်မြောက် အိမ်ခြံမြေအရောင်းပြပွဲကို ဇွန်လ ၁၀ ရက်မှ ၁၂ ရက်နေ့အထိ ဦးဝိ
စာရလမ်းရှိ တပ်မတော်ခန်းမတွင် ကျင်းပသွားမည်ဖြစ်ကြောင်း iMyanmarHouse.com မှ
အုပ်ချုပ်မှုဒါရိုက်တာ ဦးနေမင်းသူက ပြောသည်။

ထိုပြပွဲတွင် အိမ်ခြံမြေနှင့် ဆောက်လုပ် ရေးကုမ္ပဏီပေါင်း ၅၀ ကျော် ပါ၀င်ပြသမည် ဖြစ်ပြီး
ပြပွဲအတွင်းရောင်းချမည့် ကျပ်သိန်း ၃၀၀ မှ ကျပ်သိန်း ၅,၀၀၀ တန်ဖိုးရှိ ကွန်ဒို တိုက်ခန်းများကို
ငါးရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ အထူးလျှော့ဈေးနှုန်းများ ရောင်းချပေးမည်ဖြစ်ပြီး၊ တိုက်ခန်း
၀ယ်ယူရာတွင် တစ်နှစ်မှ ရှစ်နှစ်အတွင်း ငွေပေးချေနိုင်မည့် အရစ်ကျစနစ်များလည်း ပါ၀င်မည်ဖြစ်သည်ဟု
သိရသည်။

ပြီးခဲ့သောနှစ်အတွင်း ကျင်းပခဲ့သော ပထမအကြိမ်နှင့် ဒုတိယအကြိမ်အိမ်ခြံမြေ
အရောင်းပြပွဲများတွင် တိုက်ခန်းနှင့် ကွန်ဒိုမီနီ ယံ စုစုပေါင်း တန်ဖိုး ကျပ် ၂၅ ဘီလျံကျော်ခန့်
ရောင်းချခဲ့ရသည့်အတွက် ယခုတတိယအကြိမ် မြောက်အိမ်ခြံမြေပြပွဲကို ထပ်မံကျင်းပရ
ခြင်းဖြစ်ကြောင်း ဦးနေမင်းသူက ပြောသည်။

"ပြီးခဲ့တဲ့ မေလတတိယအပတ်က ဂျန်းရှင်း စကွဲမှာ ပြုလုပ်ခဲ့တဲ့ အိမ်ခြံမြေအရောင်းပြပွဲ
နှစ်ရက်အတွင်းမှာ တိုက်ခန်းရောင်းရငွေ တန်ဖိုး ကိုးဘီလျံကျော်ထိ ရှိခဲ့ပါတယ်။ အရင်
မြန်မာနိုင်ငံရဲ့ အကြီးဆုံးအိမ်ခြံမြေပြပွဲလို့ အမည်ပေးထားတဲ့ အိမ်ခြံမြေပြပွဲနှစ်ခုမှာလည်း
တစ်ခုကို ခန့်မှန်းခြေ တစ်ဆယ်ဘီလျံကျော်ဖိုးစီ ရောင်းချခဲ့ရတယ်ဆိုတော့ အိမ်ခြံ မြေ
အရောင်းဈေးကွက်တွေ ကျနေပေမဲ့ ပြပွဲတွေမှာတော့ ရောင်းအားတွေ ကောင်းနေသေးပါတယ်"ဟု
၎င်းက ပြောသည်။ အိမ်ခြံမြေအရောင်းဈေးကွက်တွင် ကြိုပွိုင့် တိုက်ခန်းအရောင်းဈေးကွက်
အားနည်းနေသော်လည်း အိမ်ခြံမြေပြပွဲများတွင် ကြိုပွိုင့်တိုက်ခန်းဈေးကွက်အရောင်းအဝယ်ဖြစ်နေကြောင်း
ဦးနေမင်းသူက ပြောသည်။

"ပြပွဲမှာ အရစ်ကျစနစ်နဲ့ တိုက်ခန်းဝယ်ယူမယ့်သူတွေ ယုံကြည်စိတ်ချရစေဖို့ နာမည် ပျက်စာရင်းရှိတဲ့
ဆောက်လုပ်ရေးလုပ်ငန်း ရှင်တွေကို ပြခန်းမှာ လာရောက်ရောင်းချ ခွင့်မပေးပါဘူး။ ပြခန်းမှာ
လာရောက်ရောင်းချတဲ့ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေကိုလည်း တိုက်ခန်းတွေကို အနည်းဆုံး
ငါးရာခိုင်နှုန်း အထိ ဈေးလျှော့ ရောင်းချရမယ်လို့ သတ်မှတ် ပေးထားပါတယ်"ဟု ၎င်းက ပြောသည်။
ပြပွဲကာလ သုံးရက်အတွင်း တော်ဝင်စင်တာမှ ဦးကိုကိုထွေး၊ စိုင်းခွန်နောင် အိမ်ခြံမြေအကျိုးဆောင်မှ
ဦးစိုင်းခွန်နောင်အပါအဝင် အိမ်ခြံမြေဆိုင်ရာ အသိပညာရှင်များမှ အိမ်ခြံမြေနှင့် ပတ်သက်သော
အသိပညာ ဗဟုသုတများကို ဆွေးနွေးဟောပြောပေးသွားမည်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်