အထပ်မြင့်အဆောက်အအုံစီမံကိန်းများ ရပ်ဆိုင်း ထားရခြင်းကြောင့် စီမံကိန်းဆောက်လုပ်မှုတွင်
ပါ၀င်ပတ်သက်နေသည့် ကန်ထရိုက်များ၊ ကျွမ်းကျင်လုပ်သားများနှင့် နေ့စားအလုပ် သမားများအတွက်
ပုံမှန်လုပ်ခပေးချေရန် အခက်အခဲရှိလာကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်အသိုင်းအဝိုင်းက
ပြောသည်။
ပြန်လည်စိစစ်မှုများပြုလုပ်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန် ကြားချက်ဖြင့်ဆောက်
လုပ်နေသည့် အဆောက် အအုံပေါင်း ၄၀၀ ကျော်ကို ခေတ္တရပ်ဆိုင်း ထားရန် ရန်ကုန်မြို့တော်စည်
ပင်သာယာရေး ကော်မတီက မေလ ဒုတိယပတ်အတွင်းက ကြေညာခဲ့သည်။
အဆိုပါ အဆောက်အအုံ အများစုမှာ ယခင်အစိုးရလက်ထက်က 'မူ'အားဖြင့် ခွင့်ပြုထားပြီး၊
အပြီးသတ်ခွင့်ပြုမိန့် ရထားသည့် အဆောက်အအုံအရေအတွက် မှာ ၆၀ ကျော်သာရှိသည်။
"ကျွမ်းကျင်အလုပ်သမား ရှာရခက်တာ အားလုံးအသိပဲဖြစ်ပါတယ်။ ပုံမှန်အခြေအနေ ဆိုရင်
တခြားဆိုက်တွေဆီ ကျွမ်းကျင်အလုပ် သမားတွေရောက်မှာစိုးလို့ ကျွန်တော်တို့လို ကန်ထရိုက်တွေက
အမြဲတမ်း ဆွဲထား ရတယ်။ လုပ်ငန်းတွေက ရပ်တာ နှစ်ပတ်လောက်ရှိပြီဆိုပေမဲ့ လစာတွေ၊
နေ့စားခ တွေပေးပြီး ဆွဲထားရတယ်။ ကျွန်တော်တို့ ကလည်း အလုပ်အပ်တဲ့ကုမ္ပဏီက ပိုက်ဆံ
ရမှ သူတို့ကို ပြန်ပေးနိုင်တာ ဖြစ်ပါတယ်။ အနည်းဆုံး နှစ်လလောက်တော့ တောင့်ခံပြီး
ထိန်းထားနိုင်မယ်လို့ ယူဆတယ်။ နှစ်လကျော် ရင်တော့ ကျွန်တော် သူတို့ကို ဖြုတ်ပစ်ရုံကလွဲပြီး
ဘာမှမတတ်နိုင်တော့ပါဘူး"ဟု ရပ်ဆိုင်း ထားသည့် ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင်
အလူမီနီယံဖရိန်တပ်ဆင်ရန် ကန်ထရိုက် ရရှိထားသည့် Hein Htet ဆောက်လုပ်ရေးအုပ်စုမှ
ကန်ထရိုက် ကိုသန်းနိုင်က ပြောသည်။
အထပ်မြင့်အဆောက်အအုံတည်ဆောက် ရေးလုပ်ငန်းခွင်တစ်ခုအတွက် လုပ်သားအင်အား ၆၀၀ မှ
၁,၀၀၀ အထိ ပါ၀င်ဆောက် လုပ်ရခြင်းဖြစ်သလို ယင်းနှင့် ဆက်စပ်လုပ် ငန်းများတွင်လည်း အလုပ်
သမား သောင်းနှင့်ချီကာ မှီခိုလုပ်ကိုင်နေရဆဲဖြစ်သည်။ "ကျွန်တော်တို့ကိုတော့ အလုပ်နားတဲ့ အချိန်မှာ
နေ့စားခ အပြည့်မပေးကြပေမဲ့ ကန်ထရိုက်က ထမင်းစားဖို့ ဆန်တို့၊ ဆီတို့ ၀ယ်ပေးထားတယ်။
တခြားအလုပ် ပြောင်း လုပ်ဖို့ဆိုတာကလည်း မလွယ်ဘူး။ တခြားဆိုက်တွေက သူငယ်ချင်းတွေ
လည်း အလုပ် တွေကမကောင်းတော့ မှေးပြီး နေရတယ်။ဘယ်အချိန် ကန်ထရိုက်က ပြန်ခိုင်းမလဲဆို
တာကိုပဲ ရင်တထိတ်ထိတ်နဲ့ စောင့်နေရတယ်။ အလုပ်နားနေရတော့ နယ်က မိသားစုကို လည်း
ပိုက်ဆံမပို့နိုင်တော့ဘူး"ဟု ရပ်ဆိုင်း ထားသည့် ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု ဖြစ်သည့်
ကမာရွတ်မြို့နယ်၊ သီရိမင်္ဂလာလမ်း တွင် အလုပ်လုပ်ကိုင်နိုင်သည့် ပန်းရံလုပ်သား ကိုမြင့်ဌေးက
ပြောသည်။
အထပ်မြင့်အဆောက်အအုံတစ်ခု အတွက် ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ သန်း ၂၀ မှ
ဒေါ်လာသန်း ၁၅၀ အထိရှိပြီး၊ အလုပ် အကိုင်အခွင့်အလမ်းလည်း အများအပြား ဖန်တီးပေးနိုင်နေကြောင်း
မြန်မာနိုင်ငံဆောက် လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း၏ နာယက၊ ဇေကမ္ဘာကုမ္ပဏီလီမိ
တက်၏ဥက္ကဋ္ဌ ဒေါက်တာခင်ရွှေက ပြီးခဲ့သည့်သီတင်းပတ်က ပြောခဲ့သည်။ ဒေသတွင်းတွင်
ဖွံ့ဖြိုးပြီးနိုင်ငံ တစ်ခုဖြစ်သည့် စင်ကာပူပင်လျှင် ဆောက်လုပ် ရေးလုပ်ငန်းများ ဖော်ထုတ်ကာ
အလုပ်သမား များ အလုပ်အကိုင် ရရှိရေးအတွက်ဆောင် ရွက်နေရဆဲဖြစ်ကြောင်း ၎င်းက ပြောသည်။
System Engineering Construction ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးကျော် ကျော်စိုးက ၎င်း၏
လုပ်ငန်းခွင်မှာလည်း ရပ်နားထားရမှုကြောင့် အလုပ်သမားများ အလုပ်လက်မဲ့အခြေအနေမျိုး
ဖြစ်လာတော့ မည်ဟု ပြောသည်။ "ကျွန်တော်တို့က ကန်ထရိုက်တွေကို ပုတ်ပြတ်စနစ်နဲ့ပေးပြီး
ဆောက်ခိုင်းတာ၊ ပြီးစီး မှုအပေါ်မူတည်ပြီး ပိုက်ဆံရှင်းလိုက်တဲ့စနစ် ဖြစ်တယ်။ အခု အလုပ်တွေ
နားထားတော့ ကျွန်တော်တို့လည်း သူတို့ကို ပိုက်ဆံမရှင်း နိုင်ဘူး၊ အလုပ်ရပ်ပေါ့။ သူတို့အတွက်က
တော့ အရင်လို တခြားဆိုက်ပြောင်းလုပ်ဖို့ဆို တာကလည်း မလွယ်တော့သလို ကျွန်တော်တို့ ကလည်း
ရေရှည် သူတို့ကို လုပ်ခလစာပေးပြီး ဆွဲထားဖို့လည်း မလွယ်ပါဘူး"ဟု ၎င်းက ပြောသည်။ ထို့ပြင်
နည်းပညာလိုအပ်ချက်အရ ပြည်ပ မှ ကျွမ်းကျင်ဝန်ထမ်းများကို ဈေးနှုန်းကြီးမြင့်စွာ ငှားရမ်းခဲ့ရခြင်းကြောင့်
လည်း အခက်အခဲ များရှိနေကြောင်း နာမည်ကြီး ဆောက်လုပ်ရေးကုမ္ပဏီတစ်ခု၏ လုပ်ငန်းရှင်
ဦးသန်းနိုင်က ပြောသည်။
"ပြည်ပက ကျွမ်းကျင်ပညာရှင်ရဖို့ စင်ကာပူရောက် မြန်မာဝန်ထမ်းတွေကို အချိန်ပေးပြီးညှိပြီးခေါ်ရတယ်။
တစ်လကို ဒေါ်လာသောင်းနဲ့ချီ လစာပေးထားရတယ်။ သူတို့ ဒီမှာပြန်လာလုပ်ချင်လာအောင် အချိန်
အတော်ကြာညှိပြီး မနည်းခေါ်ထားရတာ။ "အထပ်မြင့်ဆောက်တာ ရပ်လိုက်ရပေမယ့်
အလုပ်သမားတွေကိုရှင်းပေးရမယ့် လုပ်ခ လစာတွေ၊ ဘဏ်ချေးငွေ အတိုးနှုန်းတွေက တော့
ပုံမှန်အတိုင်း တက်နေတာဖြစ်တယ်။ အတတ်နိုင်ဆုံး အလုပ်သမားတွေအတွက်
ထိန်းထားနိုင်အောင်လို့ ကြိုးစားနေပါတယ် " ဟု ၎င်းကပြောသည်။ အလားတူ ဆက်စပ်
လုပ်ငန်းခွင်များဖြစ် သည့် သဲကျောက်တင်သွင်းသည့် လုပ်ငန်း၊ အသင့်ဖျော်ဘိလပ်မြေ
ပို့ဆောင်ရောင်းချ သည့် လုပ်ငန်းများနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းအရောင်းဆိုင်များတွင်လည်း
၀ယ်လိုအား လျော့ပါးလာသည်။
ကုန်ပစ္စည်း ထားသိုသည့် ဂိုဒေါင်၊ အဆောက်အအုံများ နှင့် စက်ရုံတည်ဆောက်ရေးလုပ်ငန်းများကို သာ အားပြုရောင်းချနေရကြောင်း ဆောက် လုပ်ရေးပစ္စည်းများ တင်သွင်းဖြန့်ဖြူးရောင်း ချသူများထံမှ သိရ
သည်။ "ကျွန်တော်တို့က ဘိလပ်မြေဖျော်ပြီး လုပ်ငန်းခွင်တွေ ရောင်းချရတာ ၅၀ ရာခိုင်နှုန်း အထိကို
အရောင်းကျသွားတယ်။ စက်မှုဇုန် ကိုပဲ အားပြုရောင်းနေရတယ်။ အဆောက်အအုံတွေ ရပ်ဆိုင်းဖျက်သိမ်းလုပ်လိုက်တော့ ဈေးကွက်လည်း ကျသွားတယ်။ ကျောက်ဒိုင် သဲဒိုင်တွေဆို ပိုဆိုးတယ်။
နေ့စားသမားတွေ က နေ့စားလရှင်းဆိုတော့ ဒုက္ခရောက်တယ်။ ၀န်ထမ်းတွေရဲ့ လစာပေးနေရတာ
ကလည်း ၀န်ပိပါတယ်။ အမြန်ဆုံး ပြန်ဖွင့်ပေးမယ်လို့ ထင်ပါတယ်"ဟု Asia Concrete Product
ကုမ္ပဏီ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးတင်မောင် ထွန်းက ပြောသည်။
















