ဆောက်လုပ်ရေးဝန်ကြီးဌာနတွင် မြေယာသိမ်း လျော်ကြေးပေးရန် အမှု ၁၀၀ ကျော်သာကျန်ရှိ

ဆောက်လုပ်ရေးဝန်ကြီးဌာနတွင် မြေယာသိမ်း လျော်ကြေးပေးရန် အမှု ၁၀၀ ကျော်သာကျန်ရှိ

ပြီးခဲ့သည့် အစိုးရလက်ထက်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် သက်ဆိုင်သော မြေယာ သိမ်းဆည်းမှုများအတွက် လျော်ကြေးငွေပေးအပ်ရန် အမှုပေါင်း ၁,၀၀၀ ကျော်ရှိခဲ့သော်လည်း
လက်ရှိတွင် မြေယာ လျော်ကြေးကိစ္စ ရှင်းလင်းရန် အမှုပေါင်း ၁၀၀ ကျော်သာ ကျန်ရှိတော့သည်ဟု
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တာဝန်ရှိသူများက ဇွန် ရ ရက်တွင် နေပြည်တော်၌ ပြောကြားသည်။

ဆောက်လုပ်ရေး ၀န်ကြီးဌာနက အသုံး ပြုရန် အစီအစဉ်မရှိတော့သည့် သိမ်း ဆည်းမြေယာများကို
ပြန်လည်ပေးအပ်ခဲ့ ပြီး ကျန်ရှိနေသည်များကိုလည်း ပြန်လည် ပေးအပ်နိုင်ရန် ဆက်လက်ဆောင်ရွက်နေ သည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်ဖြစ်သူ ဦးကျော်လင်း က ပြောသည်။
လက်ရှိကျန်ရှိနေသည့် အမှု ၁၀၀ ကျော် မှာ ပိုင်ဆိုင်မှုမပြတ်မသားဖြစ်နေသာ မြေများ၊ ပိုင်ဆိုင်မှု
အထောက်အထား မပြ နိုင်သောမြေများ၊ ၁၉၈၈ ခုနှစ်မတိုင်မီ အစောပိုင်းကာလများတွင် သိမ်းယူ
ခဲ့သည့်မြေများနှင့် လျော်ကြေးငွေ ညှိနှိုုင်း ရန် ကျန်ရှိနေသည့် မြေများဖြစ်သည်ဟု ၎င်းက
ပြောသည်။

"၁၉၈၈ နောက်ပိုင်းမှာ သိမ်းတဲ့မြေက တော်တော့်ကို စနစ်တကျရှိခဲ့ပါတယ်။ တိုင် ကြားသူဘက်မှာလည်း
စနစ်တကျနှင့် အထောက်အထားများ ရှိနေလို့ ကျွန်တော် တို့ဌာနတွေဘက်ကလည်း စနစ်တကျ
ဖြေရှင်းပေးလို့ရပါတယ်။ သို့ပေမဲ့ တချို့ ကိစ္စတွေရှိတယ်။ ၁၉၄၀ ပြည့်နှစ်က အသိမ်း ခံရတာတို့၊
၁၉၅၀ ပြည့်နှစ်က အသိမ်း ခံရတာတို့တွေပေါ့။ အဲဒီတုန်းကဟာတွေ လည်း ပြန်တောင်းနေတာတွေ
ရှိပါတယ်။ ဒီကိစ္စတွေကို ဖြေရှင်းတဲ့နေရာမှာ ပွင့်ပွင့် လင်းလင်းပြောရရင် အခက်အခဲတွေ အများကြီး
ရှိပါတယ်။ ဒီမြေတွေကို ပြန် တောင်းတဲ့နေရာမှာ ဘယ်လောက်ထိ ရိုးသားသလဲ။ ဘယ်လောက်ထိ
အထောက် အထား ခိုင်မာလဲ။ ပိုင်ဆိုင်မှုအနေနဲ့လည်း အထောက်အထား ခိုင်ခိုင်မာမာလိုတယ်။
အဲဒီလိုဟာမျိုး အမှုကိစ္စလေးတွေ ကျန်ပါ တယ်"ဟု ဦးကျော်လင်းက ပြောသည်။

ဆောက်လုပ်ရေး ၀န်ကြီးဌာနက သိမ်းယူခဲ့သည့် မြေများအတွက် လျော် ကြေးငွေပေးအပ်ရာတွင်
မြေသိမ်းယူစဉ် က မြေတန်ဖိုးနှင့် ယနေ့အချိန် ဖြစ်ပေါ် နေသည့် မြေတန်ဖိုးမှာ မြောက်မြားစွာ
ကွာခြားသွားပြီဖြစ်ရာ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့တွင် မြေယာကော်မတီ အဆင့် ဆင့်ဖြင့် လျော်ကြေးငွေများကို ပြန်လည်ပေးအပ်ခြင်းဖြစ်ရာ မူလမြေပိုင်ရှင်များက မြေယာလျော်ကြေးကို
လက်ရှိပေါက်ဈေး အတိုင်း တောင်းဆိုသဖြင့် အချိန်ကြန့် ကြာနေခြင်းဖြစ်သည်ဟုလည်း
၎င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်