တစ်နိုင်ငံလုံးတွင် တန်ဖိုးနည်းအိမ်ရာတိုက်ခန်း နှစ်သိန်းနီးပါး တည်ဆောက်သွားမည်

တစ်နိုင်ငံလုံးတွင် တန်ဖိုးနည်းအိမ်ရာတိုက်ခန်း နှစ်သိန်းနီးပါး တည်ဆောက်သွားမည်

အိမ်ရာကဏ္ဍ ဖွံ့ဖြိုးဖို့ ဆောက်လုပ်ရေး လျာထားချက်အရ မြန်မာတစ်နိုင်ငံလုံးတွင် သိန်း ၁၀၀ အောက်
တန်ဖိုးနည်းအိမ်ရာ ယူနစ် ပေါင်း တစ်သိန်းရှစ်သောင်း ဆောက်လုပ်သွားရန် မျှော်မှန်းထားသည်ဟု
နေပြည်တော်၌ ဇွန် လ ရ ရက်ကကျင်းပခဲ့သည့် သတင်းစာရှင်း လင်းပွဲတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တာဝန်ရှိသူများက ပြောသည်။

မြေနေရာနှင့် ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်၍ တန်ဖိုးနည်းအိမ်ရာစီမံကိန်းများကို ရန်ကုန်မြို့တွင်
စက်တင်ဘာလအတွင်း စတင် တည်ဆောက်သွားနိုင်ရန် မျှော်မှန်းထားပြီး၊ ပြည်ထောင်စုနယ်မြေဖြစ်သည့်
နေပြည်တော်တွင်လည်းစတင်ဆောင်ရွက်နေပြီဖြစ်သည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်
စုဝန်ကြီးဦးဝင်းခိုင်က ပြောသည်။

"နေပြည်တော်မှာ စဆောက်နေပြီ။ ရန်ကုန် မှာတော့ ရေမြောင်းတို့ လမ်းတို့ စတည် ဆောက်မှာပါ။
စနစ်တကျဖြစ်တဲ့ တန်ဖိုးနည်း အိမ်ရာစခန်းတွေ ဖြစ်အောင် အိမ်တွေချည်းပဲ ပြွတ်သိပ်ပြီး
ဆောက်ထားတဲ့ပုံစံမျိုး မဟုတ် ဘဲနဲ့ အိမ်တွေလည်းပါမယ်။ လူမှုရေး ကိစ္စတွေ ဆောင်ရွက်နိုင်မယ့်
နေရာတွေပါမယ်။ ကလေးကစားကွင်းလေးတွေ ကားရပ်နားလို့ ရမယ့် နေရာလေးတွေ စသဖြင့်ပေါ့။
ဒီလို စနစ် ကျတဲ့ တန်ဖိုးနည်း အိမ်ရာစီမံကိန်းလေးတွေ ဖြစ်အောင် ဆောင်ရွက်သွားမှာပါ" ဟု
၎င်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း တည်ဆောက်မည့် အိမ်ရာစီမံကိန်းများအတွက် ဆောက်လုပ်ရေး
ကုမ္ပဏီများကို တရားဝင်ဖိတ် ခေါ်သွားမည်ဖြစ်သည်။ ဒဂုံမြို့သစ်မြို့နယ် နှင့် လှိုင်သာယာမြို့နယ်များ
ကဲ့သို့ နေရာများ တွင် တန်ဖိုးနည်းအိမ်ရာစီမံကိန်းများကို အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး၊
စုစုပေါင်း မြေဧရိယာ ၂၃၂ ဧကတွင် စီမံကိန်း အကောင်အထည်ဖော်ရန် ရည်မှန်းထားသော်လည်း
မြေနေရာရရှိရန် အခက်အခဲဖြစ် နေသည်ဟု ဦးဝင်းခိုင်က ပြောသည်။ အဆောက်အအုံ ဒီဇိုင်းများနှင့်
ပတ်သက် ပြီး ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် ရေးဆွဲနေ ပြီး တန်ဖိုးနည်းအိမ်ရာ အမှန်တကယ်ဖြစ်စေရန်
အတွက် ကုန်ကျစရိတ် စံနှုန်းမှာအရေးကြီး သဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနက ကုန်ကျစရိတ်
သက်သာသော စံနှုန်းရရှိရန် စီစဉ်ဆောင်ရွက်နေသည်ဟုလည်း ၎င်းက ပြောသည်။

"ဆောက်လုပ်ရေးဝန်ကြီးဌာနက တစ်လုံး ကို စတီးလ်နဲ့ ဆောက်တယ်။ တစ်လုံးကို ကွန်ကရစ်နဲ့
ဆောက်တယ်။ ဒီနှစ်လုံးရဲ့ ကုန်ကျ စရိတ် အတိအကျ၊ ကြာမြင့်ချိန်တို့ကို စံနှုန်းတစ်ခုဖြစ်အောင်
သတ်မှတ်ပြီး၊ ၂၃၂ ဧကမှာ ဒီစံနှုန်းတွေနဲ့ ဆောက်မှာ ဖြစ်ပါတယ်"ဟု ဦးဝင်းခိုင်က ပြောသည်။
အဆိုပါ တန်ဖိုးနည်းအိမ်ရာများ အမှန်တကယ်နေထိုင်သူလက်တွင်းသို့ ရောက်ရှိစေရန်အတွက်
လည်း စီမံဆောင်ရွက်နေပြီး အိမ်ရာများ၏ ဈေးနှုန်းကိုလည်း တွက်ချက်နေ ဆဲဖြစ်ကြောင်း၊
လျှောက်လွှာခေါ်ယူကာ မဲနှိုက် ရောင်းချပေးသည့်စနစ်ကို ကျင့်သုံးပါက လျှောက်လွှာများကို
ထီထိုးသကဲ့သို့ ၀ယ်ယူ တင်သွင်းနေကြပြီး အမှန်တကယ်လိုအပ်သူများထံသို့ မရောက်
ရှိနိုင်ကြောင်း၊ အရစ်ကျစနစ်ဖြင့် ရောင်းချသည့်စနစ်အစရှိသဖြင့် အထက်ပါကိစ္စများအားလုံးနှင့်
ကိုက်ညီအောင် မူဝါဒစည်းမျဉ်းစည်းကမ်းများ ရေးဆွဲနေသည် ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၏
အမြဲတမ်း အတွင်းဝန် ဦးကျော်လင်းက ပြောသည်။

"ဒီဘက်ပိုင်းမှာတော့ အရစ်ကျစနစ်နဲ့ ရောင်းချဖို့၊ တကယ်လိုအပ်နေသူတွေ လက် ထဲရောက်ဖို့အတွက်
မူဝါဒတွေ ချမှတ်သွား မှာပါ"ဟု ၎င်းက ပြောသည်။ ရန်ကုန်တွင် တည်ဆောက်မည့်အိမ်ရာစီမံကိန်း
များသည် မြေရရှိမှုနှင့် ဘဏ္ဍာငွေရရှိမှုအပေါ်လည်း မူတည်မည်ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးမှုဦးစီးဌာနမှ
ညွန်ကြားရေးမှူးချုပ် ဦးမင်းထိန်က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်