တရုတ်ကုမ္ပဏီက ရင်းနှီးမြှုပ်နှံမည့် Riverfront Garden အဆင့်မြင့်ကွန်ဒိုစီမံကိန်းကို ဇူလိုင်လတွင် စတင်တည်ဆောက်မည်

တရုတ်ကုမ္ပဏီက ရင်းနှီးမြှုပ်နှံမည့် Riverfront Garden အဆင့်မြင့်ကွန်ဒိုစီမံကိန်းကို ဇူလိုင်လတွင် စတင်တည်ဆောက်မည်

တရုတ်နိုင်ငံက Toener Investment Group ၏ ရင်းနှီးမြှုပ်နှံမှုဖြစ်သော ဘုရင့်နောင်တံတား နှင့်
အောင်ဇေယျကြိုးတံတားအကြား လှိုင်မြစ် တစ်ဖက်ကမ်းရှိ Riverfront Garden အဆင့်မြင့်
ကွန်ဒိုအိမ်ရာစီမံကိန်းကို လာမည့်ဇူလိုင်တွင် စတင်တည်ဆောက်မည်ဟု စီမံကိန်း တာဝန်ရှိ
သူများက ပြောသည်။

ရန်ကုန်မြို့၌ ပထမဆုံး မြစ်ကမ်းဘေး တွင် တည်ဆောက်မည့် ၃၁ ထပ်မြင့် အဆင့်မြင့် ကွန်ဒို
စီမံကိန်းကို ပြည်တွင်းမှ SMI အိမ်ခြံ မြေဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီက ပူးပေါင်း ရင်းနှီးမြှုပ်နှံသွား
မည်ဖြစ်ကာ စီမံကိန်းတစ်ခု လုံးတွင် ၃၁ ထပ်မြင့် အဆောက်အအုံ ခုနစ်လုံး၊ ၂၃ ထပ်မြင့်
အဆောက်အအုံနှစ်လုံး နှင့် ၂၁ ထပ်မြင့်အဆောက်အအုံ လေးလုံး ပါ၀င်မည်ဖြစ်သည်။

လှိုင်မြစ်ဘေးရှိ မြေ ၃၁ ဧကပေါ်တွင် တည်ဆောက်မည့် အဆိုပါ စီမံကိန်းသည် တည်ဆောက်ချိန်
လေးနှစ်ကြာမြင့်မည် ဖြစ်ပြီး ပထမအဆင့် မြေ ၁၀ ဧကပေါ်တွင် အထပ်မြင့်အဆောက်အအုံနှစ်လုံးကို
လာမည့်ဇူလိုင်တွင် စတင်တည်ဆောက် မည်ဟု Riverfront Garden အရောင်း တာဝန်ခံ
ဦးနေထက်ဘိုက ပြောသည်။

"လာမည့်လမှာ တိုက်နံပါတ် ၃ နဲ့ ၄ ကို စတင်တည်ဆောက်မှာပါ။ အထပ်မြင့်တိုက် အဆောက်
အအုံ စုစုပေါင်း ၁၃ လုံးပါ၀င်မှာ ဖြစ်ပြီး ခုနစ်လုံးက လှိုင်မြစ်ဘက်ကို မျက်နှာ မူ တည်ဆောက်မှာ
ဖြစ်ပါတယ်။ ကျန်အဆောက်အအုံခြောက်လုံးကတော့ FMI အိမ်ရာဘက်ကို မျက်နှာမူဆောက်လုပ်မှာ
ဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။ အဆိုပါစီမံကိန်းတွင် ပထမဆုံး တည် ဆောက်မည့် အဆောက်အအုံ
နံပါတ် ၃ နှင့် ၄ များကို လွန်ခဲ့သည့် ရက်သတ္တပတ်တွင် စတင် ရောင်းချခဲ့ပြီး အဆိုပါ အထပ်မြင့်
အဆောက် အအုံနှစ်လုံးကို သုံးနှစ်အတွင်း အပြီး တည်ဆောက်မည်ဖြစ်သည်။ "ပထမဆုံး
စဆောက်မယ့် တိုက်နှစ်လုံးကို ပြီးခဲ့တဲ့ စနေနေ့ ကမှ စတင်ရောင်းချပေးခဲ့တာပါ။ စီမံကိန်း
တစ်ခုလုံးရဲ့ တည်ဆောက်ချိန်က လေးနှစ်ကြာမြင့်မှာဖြစ်ပေမဲ့ အဲဒီအဆောက်အအုံ နှစ်ခုကို
သုံးနှစ်အတွင်း အပြီးတည်ဆောက် မှာဖြစ်ပါတယ်"ဟု ဦးနေထက်ဘိုက ပြောသည်။

အဆိုပါ အဆောက်အအုံ တစ်ခုစီ၏ အထပ်တစ်ထပ်တွင် ၅၅၈ စတုရန်းပေမှ စတုရန်းပေ ၉၆၀
ုအကျယ်အဝန်းရှိ အခန်း ပေါင်း ခြောက်ခန်းမျှ ပါ၀င်မည်ဖြစ်ကာ တိုက် ခန်းစုစုပေါင်း ၁,၈၀၀ ကျော်
ပါ၀င်မည်ဖြစ် သည်။ ထိုတိုက်ခန်းများကို တစ်စတုရန်းပေ လျှင် ကျပ် ၂၁၀,၀၀၀ ၀န်းကျင်ဖြင့်ရောင်းချ
မည်ဖြစ်ပြီး ရှုခင်းနှင့် အထပ်အမြင့်ပေါ် လိုက်၍ ဈေးနှုန်း အနည်းငယ်ကွာခြားမည် ဖြစ်ကြောင်း
၎င်းကပြောသည်။ လှိုင်မြစ်ကမ်းဘေးရှိ Riverfront Garden အဆင့်မြင့် ကွန်ဒိုစီမံကိန်းတွင်
ဈေးဝယ် စင်တာ၊ စားသောက်ဆိုင်များ၊ ရုပ်ရှင်ရုံ၊ ကလေးကစားကွင်း၊ အားကစားပြုလုပ်ရန်နေရာ၊
ရေကူးကန်နှင့် ကားအစီးရေ ၂,၅၀၀ ကျော်ရပ်နားနိုင်မည့် ကားပါကင်လည်း ပါ၀င်မည်ဖြစ်သည်။
အဆင့်မြင့်ကွန်ဒိုအိမ်ရာတွင် ၂၄ နာရီ လုံခြံုရေးစနစ်၊ စီစီတီဗီကင်မရာ၊ သန့်ရှင်းရေးဆိုင်ရာ
၀န်ဆောင်မှုများ ပါ၀င်မည်ဟု သိရသည်။

ခေတ်ဟောင်းနှင့် ခေတ်သစ်ကို ပေါင်းစပ် ဒီဇိုင်းဖြင့် တည်ဆောက်မည့် တိုက်ခန်းများတွင်
ရှုခင်းကြည့်ခံစားရန် မှန်ပြတင်းပေါက် များလည်း ပါ၀င်မည်ဖြစ်ကာ နေထိုင်သူများ လုံခြံုမှုရှိစေရန်
မိမိအခန်းနှင့် အများနှင့်သက်ဆိုင်သော နေရာများကိုသာ သွားရောက်နိုင်မည့် အီလက်ထရွန်းနစ်
ကတ်စနစ်ကို အသုံး ပြုမည်ဟု စီမံကိန်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

Riverfront Garden  ကွန်ဒိုပုံစံငယ်ကို တွေ့ရစဉ် ။Riverfront Garden

တရုတ်ကုမ္ပဏီတစ်ခုဖြစ်သော Toener Investment Group သည် ရန်ကင်းမြို့နယ်၊ ကန်ဘဲ့လမ်းတွင်
တည်ဆောက်လျက်ရှိသော ကန်ဘဲ့တာဝါစီမံကိန်းကိုပါ၀င်ရင်းနှီးမြှုပ်နှံထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်