တန်ဖိုးနည်းအိမ်ရာ အခန်းပေါင်း ၂,၂၀၀ ကျော်ကို ဇူလိုင်လမှ စတင်ရောင်းချမည်

တန်ဖိုးနည်းအိမ်ရာ အခန်းပေါင်း ၂,၂၀၀ ကျော်ကို ဇူလိုင်လမှ စတင်ရောင်းချမည်

ဒဂုံဆိပ်ကမ်းနှင့် လှိုင်သာယာမြို့နယ်များ အတွင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက
တာဝန်ယူဆောက်လုပ်ထားသည့် တန်ဖိုး နည်းအိမ်ရာမှ တိုက်ခန်းပေါင်း ၂,၂၀၀ ကျော်ကို
ဇူလိုင်လမှ စတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း ၀န်ကြီးဌာန၏ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး
ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးမင်းအောင်အေးက ပြောသည်။

ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ကနောင် တန်ဖိုး နည်းအိမ်ရာစီမံကိန်းနှင့် ယုဇန တန်ဖိုးနည်း
အိမ်ရာစီမံကိန်း၊ လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာစီမံကိန်း သုံးခုတို့မှ
တိုက်ခန်းပေါင်း ၂,၂၀၈ ခန်းကို တစ်ခန်းလျှင် ကျပ်သိန်း ၁၂၀ နှုန်းဖြင့် အများပြည်သူသို့ စတင်ရောင်းချရန် ဈေး နှုန်းသတ်မှတ်ထားပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။

"မြေညီထပ်ကို သိန်း ၁၂၀ နဲ့ ရောင်းဖို့ သတ်မှတ်ထားတယ်။ အပေါ်ထပ်ရောက် ရင်တော့
နည်းနည်းစီဈေးလျော့မယ်။ တချို့ မီဒီယာတွေမှာပြောနေတဲ့ သိန်း ၁၂၀ နဲ့ ရ၀ ကြားဆိုတာ
မဟုတ််ဘူး။ သိန်း ရ၀ နဲ့ ရောင်းမယ့်အခန်းတွေက နောက်လာမည့် သိန်း ၁၀၀ အောက်တန်ဖိုးနည်း
အိမ်ရာ စီမံကိန်းတွေကို ပြောတာ။ အဲဒီစီမံကိန်းတွေ ကလည်း အခုမှ ပုံစံဆွဲတဲ့အဆင့်ပဲရှိသေးတာ"ဟု
၎င်းက ပြောသည်။ ယုဇနဥယျာဉ်မြို့တော်အနီး ဆောက် လုပ်ရေးဝန်ကြီးဌာနမှ ဆောက်လုပ်ထား
သည့် ယုဇနတန်ဖိုးနည်းအိမ်ရာ အပိုင်း(၁)မှ အခန်းပေါင်း ၈၆၄ ခန်း၊ ကနောင်အိမ်ရာစီမံကိန်းမှ
အခန်းပေါင်း ၈၄၀ နှင့် လှိုင် သာယာမြို့နယ် ရွှေလင်ပန်း အပိုင်း(၃) အိမ်ရာစီမံကိန်းမှ အခန်းပေါင်း
၅၀၄ ခန်းတို့ ပါ၀င်သည်။

ထွက်ရှိလာသည့် အခန်းစုစုပေါင်း၏ ရ၀ ရာခိုင်နှုန်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို
့လွှဲအပ်ပြီး၊ ကျန် ၃၀ ရာခိုင် နှုန်းကို ပြည်ထောင်စုအစိုးရက နိုင်ငံ့ဝန် ထမ်းများသို့
တိုက်ရိုက်ရောင်းချသွားရန် ကနဦးတွင် ရည်ရွယ်ထားခဲ့သည်။ သို့သော် ရောင်းချမည့်
အခန်းအားလုံးမှာ တည်ဆောက်ရေးလုပ်ငန်းများ ပြီးပြတ်ခြင်းမရှိ သေးသောကြောင့် ပြန်လည်ညှိနှိုင်းနေဆဲ ဖြစ်ကြောင်း ဆောက်လုပ်ရေး
၀န်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန် တိုင်းဒေသကြီးမှ ညွှန်ကြားရေးမှူး
ဦးယုခိုင် က ဇွန် ၂၁ ရက်တွင် ပြောသည်။

"အများပြည်သူကို ရောင်းပေးမယ့် ပုံစံကို မကြာခင်မှာကြေညာဖို့ရှိပါတယ်။
ရန်ကုန်တိုင်းဒေသကြီးကိုပေးမယ့် အခန်းတွေက လည်း အပြီးသတ်မပြီးသေးတော့
ပြန်ပြီး စိစစ်နေတယ်။ အခန်း ၁၀၀ မှာ ရ၀ လောက် က ပေးရမှာဖြစ်ပေမဲ့ အပြင်မှာ
အခန်း ၅၀ လောက်က အပြီးသတ်နေပြီ ၂၀ လောက် က အပြီးသတ်ဖို့လုပ်နေတဲ့
အခြေအနေ ဖြစ်တယ်"ဟု ၎င်းကပြောသည်။

တိုက်ခန်း ၀ယ်ယူလိုသူများအတွက် လျှောက်လွှာတင်ရမည့် နေရာနှင့် စည်းကမ်း
သတ်မှတ်ချက်များနှင့် ၀ယ်ယူနိုင်သည့် ပုံစံ များကို ဇူလိုင်လအတွင်း နိုင်ငံပိုင်သတင်း စာများမှတစ်ဆင့် ကြေညာပေးသွားမည်ဖြစ် ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ
သတင်းရရှိသည်။ လုပ်သက် ၃၁ နှစ်ရှိ အထက်တန်းပြဆရာမ ဒေါ်မာလာတင်က ပြီးခဲ့သည့်
အစိုးရလက်ထက်က တိုက်ခန်းလျှောက်လွှာ တင်ရာတွင် မရရှိခဲ့ကြောင်း ပြောသည်။

"ရွှေလင်ပန်းတုန်းကလည်း လျှောက်လွှာ တင်ခဲ့တယ်၊ မဲမပေါက်ဘူး။ ဗန္ဓုလတုန်း ကလည်း
လျှောက်လွှာတင်ခဲ့တယ်၊ မပေါက် ခဲ့ပြန်ဘူး။ အခုလည်း လျှောက်လွှာထပ် တင်ရမလား၊
အရင်လျှောက်ထားလွှာတွေ ကိုပဲ စိစစ်မလား မသိပါဘူး။ လျှောက်လွှာ တင်ရမယ့် ရက်ကျရင်
သွားပြီးတင်ဦးမှာ။ အခုက အိမ်ငှားနေရတာ အိမ်လခဈေးတွေ နှစ်တိုင်း တက်နေတော့
မလွယ်ဘူး"ဟု ၎င်းကပြောသည်။ ယခုအစိုးရလက်ထက်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း
မင်္ဂလာဒုံနှင့် ဒဂုံ ဆိပ်ကမ်းမြို့နယ်တို့တွင် စတုရန်းပေ ၄၀၀ ကျယ်ဝန်းသည့် ရှစ်ခန်းတွဲ ငါးထပ်နှင့်
ခြောက်ခန်းတွဲ လေးထပ် တန်ဖိုးနည်းအိမ်ရာများကို တည်ဆောက်ပြီး လူနေ အခန်းပေါင်း
၈,၀၀၀ ကျော်ထွက်ရှိရန် လျာထားသည်။

အဆိုပါအခန်းများကိုမူ ကျပ်သိန်း ရ၀ နှုန်း ၀န်းကျင်ဖြင့် ရောင်းချ ရန် ရည်ရွယ်ထားသော်လည်း
လတ်တလော တွင် တည်ဆောက်ရေးလုပ်ငန်းများ စတင်ရန် ပြင်ဆင်နေဆဲအခြေအနေသာ
ရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်