ရိုးမကုမ္ပဏီ Yoma Strategic Holdings လီမိတက်က လှိုင်သာယာမြို့နယ်၊ ပန်းလှိုင်အိမ်ရာဝင်း
အတွင်း အသစ် ထပ်မံချဲ့ထွင်တည်ဆောက်မည့် Lotus Hill အဆင့်မြင့်အိမ်ရာစီမံကိန်း အတွက်
လွန်ခဲ့သောရက်သတ္တပတ်က သတင်းမီဒီယာများကို မိတ်ဆက်ခဲ့သည်။
လာမည့် ဇွန် ၂၅ ရက်တွင် အိမ်ခန်းများကို တရားဝင်မိတ်ဆက် ရောင်းချသွားမည်ဖြစ်ကြောင်း
ကုမ္ပဏီ က သတင်းထုတ်ပြန်လိုက်သည်။ မြေနေရာ ကိုးဧကကျယ်ဝန်းသည့် နေရာတွင်
သုံးထပ်တိုက်အလုံးပေါင်း ရ၀ ကို တည်ဆောက်သွားမည်ဖြစ်သည်။ Lotus Hill စီမံကိန်းအတွက်
ကုမ္ပဏီ မှပင် ဦးဆောင်၍ ဒီဇိုင်းရေးဆွဲခြင်းဖြစ် ပြီး ၂၀၁၄ ခုနှစ်မှ စတင်စီစဉ်ခဲ့ခြင်းဖြစ်သည်။
စတင်မိတ်ဆက်ပြီးနောက် ကနဦး စီမံကိန်းအဖြစ် အိမ်ရာ ၁၉ လုံးကို စတင် တည်ဆောက်သွား
မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
"ပန်းလှိုင်အိမ်ရာလိုပဲ ဒီစီမံကိန်းကို အရည်အသွေးနဲ့ အဆင့်အတန်း နှစ်ခုစလုံးကို ပေါင်းစပ်ထားပြီး လက်ရှိ ဈေးကွက်ထဲမှာလည်း ကောင်းမွန်သင့်တင့်တဲ့ ဈေးနှုန်းနဲ့ ရပ်တည်နေမှာဖြစ်ပါတယ်"ဟု
Yoma Strategic ၏ အိမ်ခြံမြေဆိုင်ရာ အကြီးအကဲ မစ္စတာဆိုင်းရပ်စ်ပန်းက ပြောသည်။
သုံးထပ်တိုက်အိမ်များ၏ အကျယ် အဝန်းမှာ စတုရန်းပေ ၄,၆၀၀ မှ ၄,၇၀၀ အတွင်းရှိပြီး
အိမ်ရာဈေးနှုန်းနှင့် ငွေ ပေးချေမှုစနစ်ကိုမှု တရားဝင် စတင်မိတ်ဆက်ရောင်းချမည့်နေ့တွင်
စုံစမ်းဝယ်ယူနိုင်ကြောင်း ကုမ္ပဏီက ပြောသည်။















