တတိယမြောက် လူနေအဆောက်အအုံ တာဝါအခန်းများ စတင်ငှားရမ်း

တတိယမြောက် လူနေအဆောက်အအုံ တာဝါအခန်းများ စတင်ငှားရမ်း

ဟောင်အင်းဂရီလာကုမ္ပဏီ၏ HAGL Myanmarစီမံကိန်း ဒုတိယပိုင်းတွင် ပါ၀င်သော
Lake Suites လူနေအဆောက်အအုံတာဝါ သုံးခုမြောက်ကို ပြီးခဲ့သည့် ဇွန် ၂၅ ရက်က
မိတ်ဆက်ပြီး အခန်းများကိုလည်း စတင်ငှားရမ်းနေပြီဖြစ်ကြောင်း ကုမ္ပဏီက သတင်း
ထုတ်ပြန်လိုက်သည်။

ယင်းမှာ ဗီယက်နမ်နိုင်ငံ၏ မြန်မာနိုင်ငံ တွင်း ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံမှုဖြစ်သည်။ ၎င်း၏
ဒုတိယမြောက် စီမံကိန်းအတွက် တည်ဆောက်ရေးလုပ်ငန်းများကို ပြီးခဲ့သည့် မတ်လတွင်
စတင်ခဲ့သည်။ စီမံကိန်းတွင် ရုံးခန်းအဆောက်အအုံနှစ်လုံး၊Lake Suites လူနေအဆောက်
အအုံသုံးလုံးနှင့် ၀န်ဆောင် မှုပါတိုက်ခန်း (Serviced Apartment) နှစ်လုံး တို့ပါ၀င်သည်။
Lake Suites လူနေအဆောက်အအုံ ပထမတာဝါနှင့် ဒုတိယတာဝါများကို မိတ် ဆက်ရောင်းချခဲ့ရာ
ပထမတာဝါသည် ရာနှုန်းပြည့်အခန်းများကို နှစ်ရှည်ငှားရမ်း မှုအတွက် ရောင်းချပြီးဖြစ်သည်။

ဒုတိယ တာဝါမှာမူ ၅၀ ရာခိုင်နှုန်းခန့် ရောင်းချ ထားပြီးဖြစ်သည့်အတွက် ဈေးကွက်လိုအပ်
ချက်အရ ယခုတတိယမြောက်တာဝါကို ဈေးကွက်အတွင်းသို့ မိတ်ဆက် ၀င်ရောက် ခဲ့ခြင်းဖြစ်ကြောင်း
HAGL Gropu ဈေးကွက် နှင့် အရောင်းဌာနဒါရိုက်တာ Le Thi Kim Hoa က ပြောသည်။
"Lake Suites ရဲ့ပထမတာဝါက အားလုံး ရောင်းပြီးသွားပါပြီ။ ဒါပေမဲ့ ကျွန်မတို့စီမံ ကိန်းက
ရေရှည်ဆောင်ရွက်တဲ့ BOT စီမံကိန်း ဖြစ်လို့ နှစ်ရှည်အငှားပုံစံမျိုးနဲ့ပဲ ရောင်းပါတယ်"ဟု
၎င်းက ပြောသည်။ ၎င်းတို့၏လူနေတိုက်ခန်းများကို ရောင်း ချမှုတွင် နှစ် ရ၀ နှစ်ရှည်အငှားဖြင့်
ရောင်းချ လျက်ရှိပြီး ကွန်ဒိုမီနီယံဥပဒေ အတိအကျ မထွက်ပေါ်သေးသည့်အတွက် နိုင်ငံခြား
၀ယ်ယူမှုကိုမူ ရောင်းချခြင်း မရှိသေးပေ။ "အခုလက်ရှိမှာ ပြည်တွင်းဝယ်ယူသူက ပိုများတယ်။
နိုင်ငံခြားသား တော်တော် များများလည်း ကျွန်မတို့အခန်းတွေကို ၀ယ်ဖို့ စိတ်ဝင်စားပြီး
မေးတာတွေရှိပါတယ်။ ဒါပေမဲ့ လက်ရှိဥပဒေက နိုင်ငံခြားသားတွေ ၀ယ်ယူ ခွင့်ရှိမရှိဆိုတာ
အတိအကျမသိရသေးတဲ့ အတွက် နောက်ပိုင်းထွက်လာမယ့်ဥပဒေ ပေါ်မူတည်ပြီးတော့သာ
နိုင်ငံခြားသားတွေ ကို ရောင်းချသွားပါမယ်"ဟု ၎င်းက မြန်မာတိုင်း(မ်)ကို ပြောသည်။

Lake Suites လူနေအဆောက်အအုံတာဝါများကို စတင်ဆောက်လုပ်နေပြီဖြစ်ရာ ပထမတာဝါမှာ
၂၀၁၇ ဒီဇင်ဘာတွင် ပြီးစီးမည်ဖြစ်သည်။ ဒုတိယနှင့် တတိယ တာဝါများကိုလည်း ၂၀၁၈ ခုနှစ်တွင်
အပြီးသတ်နိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ Lake Suites လူနေအဆောက်အအုံတတိယမြောက်
တာဝါတွင် အခန်းပေါင်း ၂၃၆ ခန်းပါ၀င်ပြီး အထပ် ၃၀ ရှိသည်။ ဟောင်အင်းဂရီလာကုမ္ပဏီအုပ်စုသည်
အဆိုပါ HAGL Myanmar စီမံကိန်း ဆောက်လုပ်မှုအတွက် ၂၀၁၂ ခုနှစ်တွင် စက်မှုဝန်ကြီးဌာနထံမှ
နှစ် ရ၀ စာချုပ် ဖြင့် မြေငှားရမ်းခဲ့ကာ အမေရိကန်ဒေါ်လာ သန်း ၄၄၀ ဖြင့် ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံ
ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်