ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်အတွင်း Serge Pun & Associates Limited က
အကောင်အထည်ဖော်ဆောက်လုပ်နေသော ပန်းလှိုင်ဂေါက်ကွင်းအိမ်ရာစီမံကိန်းအတွင်းရှိ
သုံးထပ်တိုက်ဗီလာအိမ်ရာသစ် ရ၁ လုံးကို ဇွန် ၂၅ ရက်တွင် တရားဝင်မိတ်ဆက်ရောင်းချခဲ့သည်။
ပန်းလှိုင်ဂေါက်ကွင်း အိမ်ရာဝင်း အတွင်းရှိ မြေ ကိုးဧကပေါ်တွင် အိမ်ရာသစ် ရ၁ လုံးကို
လာမည့်နှစ်နှစ်အတွင်း အပြီး တည်ဆောက်သွားမည်ဖြစ်သည်။ အိမ်ရာအကျယ်အဝန်းမှာ
၁,၉၇၈ စတု ရန်းပေမှ ၄,၆၂၉ စတုရန်းပေအထိရှိသည်။ Yoma Strategic ကုမ္ပဏီ၏ ဒီဇိုင်း
ပညာရှင် Daniel West က အိမ်ရာနေထိုင်သူများ သဘာဝအလင်းရောင်နှင့် ရှုခင်းကို ခံစား
နိုင်ရန် ဒီဇိုင်းရေးဆွဲထားခြင်းဖြစ်သည်။
၂၀၁၂ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့ပြီး Lotus Palace ဗီလာအိမ်ရာ၊ Lotus Canal View
ဗီလာအိမ်ရာများနှင့် Lotus Terrace ကွန်ဒိုတိုက်ခန်းအိမ်ရာများကို ၂၀၁၄ ခုနှစ်တွင်
စတင်မိတ်ဆက်ခဲ့သည်။
အိမ်ရာဝင်းအတွင်း ဗီလာနှင့် ကွန်ဒို တိုက်ခန်း စသည့်အိမ်ရာသစ်များ ဖော်ဆောင်ရေးအပြင် ပန်းလှိုင်ဂေါက်ကွင်း၊ ဆေးရုံ၊ နိုင်ငံတကာကျောင်း၊ ရေသန့်စက်ရုံ၊ အား ကစားကွင်းနှင့်
ဗိုလ်တထောင်ဆိပ်ကမ်းသို့ သွားရောက်နိုင်သော ဆိပ်ကမ်းတို့ကိုလည်း တည်ဆောက်ထားသည်။
















