တာမွေခုံးကျော်တံတား ဒုတိယပိုင်း ယခုလအတွင်း ပြီးစီးမည်

တာမွေခုံးကျော်တံတား ဒုတိယပိုင်း ယခုလအတွင်း ပြီးစီးမည်

တာမွေခုံးကျော်တံတား၏ ဒုတိယပိုင်း တည်ဆောက်မှုမှာ ယခုလလယ်ပိုင်းတွင်
လုံးဝပြီးစီးမည်ဖြစ်ကြောင်း စီမံကိန်း အင်ဂျင်နီယာဦးစိန်ဝင်းက ပြောသည်။

တံတားကို ယခင်ရန်ကုန်တိုင်းဒေသကြီး အစိုးရ၏ဘတ်ဂျက်ဖြင့် ရွှေတောင်ဖွံ့ဖြိုးမှု
ကုမ္ပဏီက တာဝန်ယူတည်ဆောက်ခြင်း ဖြစ်သည်။ ရန်ကုန်မြို့တွင်း ယာဉ်ကြောကျပ်တည်း
မှုဖြေရှင်းရန် ယခင်ဘဏ္ဍာနှစ် ၂၀၁၅-၁၆ အတွင်း တိုင်းဒေသကြီးအစိုးရက ခုံးကျော်
တံတားသုံးစင်းကို တည်ဆောက်ခဲ့သည်။ တာမွေခုံးကျော်တံတား၊ ရှစ်မိုင်ခုံးကျော်
တံတားနှင့် ကုက္ကိုင်းခုံးကျော်တံတားတို့ကို တည်ဆောက်ရန် လွှတ်တော်အစည်းအဝေး
များတွင် တင်ပြဆွေးနွေးခဲ့ပြီး ပုဂ္ဂလိက ဆောက်လုပ်ရေးကုမ္ပဏီသုံးခုက အဆိုပါ
ခုံးကျော်တံတားများကို တာဝန်ယူတည် ဆောက်ခဲ့ကြခြင်းဖြစ်သည်။ အဆိုပါခုံးကျော်
တံတားသုံးစင်းအနက် တာမွေခုံးကျော်တံတားမှာ ပြီးစီးရန် နောက် ဆုံးကျန်
ရှိနေခြင်းဖြစ်သည်။

တာမွေခုံးကျော်တံတားသည် ဗညားဒလ လမ်း၊ ဦးချစ်မောင်လမ်းနှင့် အရှေ့မျဉ်းပြိုင်
ကွင်းလမ်းသုံးခုဆုံရာတွင် အင်္ဂလိပ်အက္ခရာ ့ ပုံသဏ္ဍာန်ဒီဇိုင်းဖြင့် တည်ဆောက်ထားသည်။

ပထမပိုင်းမှာ ဗညားဒလမ်းနှင့် ဦးချစ် မောင်လမ်းကို ဆက်သွယ်ထားပြီး ဒုတိယပိုင်း
သည် အရှေ့မျဉ်ပြိုင်းကွင်းလမ်းဘက်သို့ ခွဲထွက်သွားသည့် ဒီဇိုင်းဖြစ်သည်။ ဗညားဒလမ်းနှင့် ဦးချစ်မောင်လမ်းကို ဖြတ်ဆောက်သည့်လမ်းပိုင်းမှာ 'နှစ်လမ်းသွား၊ လေးလမ်းမောင်း'
ဖြစ်သည်။ အရှေ့မျဉ်း ပြိုင်ကွင်းလမ်းဘက်သို့ ဆင်းသည့် တံတား လမ်းပိုင်းမှာမူ 'တစ်လမ်းသွား၊
နှစ်လမ်း မောင်း' ဖြစ်သည်။ တာမွေခုံးကျော်တံတားသည် ယခင်အစိုးရ ၂၀၁၅-၁၆
ဘဏ္ဍာနှစ်၏ အသုံးစရိတ်အရ တည်ဆောက်ခဲ့သည့် တံတားသုံးစင်းအနက်
အရှည်ဆုံးဖြစ်ပြီး ကျပ် ၂၂ ဒသမ ၅ ဘီလျံ ကုန်ကျခဲ့သည်။

ပထမပိုင်းနှင့် ဒုတိယပိုင်း နှစ်ပိုင်းခွဲ တည်ဆောက်မှုတွင် ပထမပိုင်းမှာ ယခုနှစ်
ဧပြီလတွင် ပြီးစီးကာ ယာဉ်များဖြတ်သန်းခွင့် ပြုခဲ့ပြီးဖြစ်သည်။ ကျန်ရှိနေသည့်
ဒုတိယပိုင်း မှာ လက်ရှိတွင် အချောသပ်တည်ဆောက်မှု များကို လုပ်ဆောင်လျက်ရှိကြောင်း
ဦးစိန်ဝင်း က ပြောသည်။ "တည်ဆောက်ရေးပိုင်းက လက်စသတ် နေပါပြီ။ အကြီးစား
တည်ဆောက်မှုတွေတော့ အကုန်လုံးပြီးသွားပြီ။ အဲဒါကြောင့် ဒီဇူလိုင်လ လယ်မှာ
အကုန်အပြီးအစီးပြီးမှာပါ။ တံတား ဖြတ်သန်းသွားလာခွင့်ကတော့ ကျွန်တော်တို့ ပြီးတာနဲ့
တိုင်းဒေသကြီးအစိုးရကို တင်ပြပြီး သူတို့ဆီက ခွင့်ပြုတာနဲ့ ယာဉ်တွေ သွားခွင့်ပြု မှာပါ"ဟု
၎င်းက ပြောသည်။

ကျန်တံတားနှစ်စင်းအနက် ကုက္ကိုင်း ခုံးကျော်တံတားမှာ ပြီးခဲ့သည့် ဖေဖော်ဝါရီ လတွင်
စတင်အသုံးပြုခဲ့ပြီး၊ ရှစ်မိုင်ခုံးကျော် တံတားမှာ မတ်လတွင် စတင်အသုံးပြုနိုင်ခဲ့ ခြင်းဖြစ်
သည်။ ရန်ကုန်မြို့တွင် တာမွေခုံးကျော်တံတား အပါအဝင် ခုံးကျော်တံတား စုစုပေါင်း ခုနစ်
စင်းရှိသည်။ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ခုံးကျော်တံတား လေးစင်းတည်ဆောက်ခဲ့ပြီး၊
ယခင်တိုင်းဒေသကြီးအစိုးရက သုံးစွဲခဲ့သည့် ခုံကျော်တံတား ခုနစ်စင်း၏ စုစုပေါင်း
ကုန်ကျငွေမှာ ကျပ် ၁၂၆ ဘီလျံဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်