ဆောက်လုပ်ရေးလုပ်ငန်းခွင်များအတွင်း လုပ်ကိုင်နေသည့် နိုင်ငံခြားသား အင်ဂျင်နီယာများ မှတ်ပုံတင်ရန်လို

ဆောက်လုပ်ရေးလုပ်ငန်းခွင်များအတွင်း လုပ်ကိုင်နေသည့် နိုင်ငံခြားသား အင်ဂျင်နီယာများ မှတ်ပုံတင်ရန်လို

ဆောက်လုပ်ရေးစီမံကိန်းများတွင် ၀င်ရောက် လုပ်ကိုင်နေသည့် နိုင်ငံခြားသား ကျွမ်းကျင်
ပညာရှင်များကို ငှားရမ်းအသုံးပြုနေသည့် ပြည်တွင်း ပြည်ပဆောက်လုပ်ရေးကုမ္ပဏီများက
မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ သို့ လာရောက် မှတ်ပုံတင်ဆောင်ရွက်ရန် လိုအပ်ကြောင်း
ကောင်စီ၏အရာရှိတစ်ဦးက ဇူလိုင် ၄ ရက်တွင်ပြောသည်။

ပြည်တွင်း၊ ပြည်ပ ဖက်စပ်လုပ်ကိုင်နေ သည့် အထပ်မြင့်အဆောက်အအုံစီမံကိန်းများ၊ အိမ်ရာစီမံကိန်းများနှင့် ပြည်တွင်းဆောက်လုပ်ရေးကုမ္ပဏီကြီးများတွင် နိုင်ငံ ခြားသားအင်ဂျင်
နီယာများ၊ ကျွမ်းကျင်ပညာ ရှင်များနှင့် အလုပ်သမားများအထိပါ ကျယ် ကျယ်ပြန့်ပြန့် ခေါ်ယူငှားရမ်းအသုံးပြုနေ သော်လည်း နိုင်ငံခြားသားလုပ်ကိုင်မှုအရေ
အတွက်နှင့် ၎င်းတို့၏ လုပ်ငန်းကျွမ်းကျင်မှု စာရင်းများ အသေးစိတ်သိရှိနိုင်ရန်လိုအပ်
သည်။ ထို့ကြောင့် နိုင်ငံခြားသားငှားရမ်း ခေါ်ယူထားသည့် ကုမ္ပဏီများကို အမြန်ဆုံး
အကြောင်းကြားစာပို့သွားမည်ဟုဆိုသည်။

"နိုင်ငံခြားပညာရှင်တွေကို မှတ်ပုံတင်လာသွင်းပေးဖို့ ကောင်စီဘက်က ခွင့်ပြုမှ
လုပ်ခွင့်ရှိတယ်ဆိုတာလည်း နည်းဥပဒေ၊ ဥပဒေတွေမှာ အတိအလင်း ပါထားပြီးပါပြီ။
သူတို့က မြန်မာပြည်မှာရှိတဲ့ ကျွမ်းကျင် အင်ဂျင်နီယာတွေနဲ့ပဲ လက်တွဲလုပ်ရပါမယ်။
မကြာခင်လည်း ကုမ္ပဏီတွေကို စာပို့ဖို့ လုပ် ထားပြီးပါပြီ။ အခု ဆိုက်တွေထဲမှာလည်း
ပြည်ပက လာလုပ်နေတဲ့သူတွေ အများကြီး တွေ့နေရလို့ပါ"ဟု မြန်မာနိုင်ငံ အင်ဂျင်နီယာ
ကောင်စီ၏ မှတ်ပုံတင်စိစစ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်တင့်က ပြောသည်။ နိုင်ငံသား
အင်ဂျင်နီယာများနှင့် အဆောက်အအုံဆောက်လုပ်သူများကို ရန်ကုန်မြို့တော်စည်ပင်
သာယာရေးကော် မတီက အဆင့်ဆင့်စိစစ်ကာ လိုင်စင်ရ ကန်ထရိုက်၊ လိုင်စင်ရ
အင်ဂျင်နီယာများ အဖြစ် ကြီးကြပ်ကွပ်ကဲမှုများ ရှိသော်လည်း ပြည်ပမှ လာရောက်
လုပ်ကိုင်နေကြသည့် အင်ဂျင်နီယာများကိုမူ ကြီးကြပ် ထိန်းချုပ် ကွပ်ကဲနိုင်သည့်
အဖွဲ့အစည်းများ မရှိသေး သဖြင့် မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီတွင် မဖြစ်မနေ
လာရောက် မှတ်ပုံတင်စာရင်း ပေးသွင်းရန် တိုက်တွန်းရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
"လောလောဆယ် လာပြီး စာရင်သွင်း ထားတာ သုံးယောက်လောက်ပဲ ရှိသေးတယ်။
ကုမ္ပဏီတွေကို စာပို့ထားပြီးလို့မှ မှတ်ပုံတင် မတင်ကြဘူးဆိုရင် ဥပဒေ၊ နည်းဥပဒေတွေနဲ့
အရေးယူမှာပါ။ ဆိုက်တွေမှာ ကျွန်တော် တို့က ဆင်းစစ်နေတော့ မှတ်ပုံတင်မရှိဘဲ လုပ်နေရင်
သက်ဆိုင်ရာ ဆိုက်အင်ဂျင်နီယာ တွေ၊ ကုမ္ပဏီတွေနဲ့ တာဝန်ယူတည်ဆောက် သူတွေကို
အင်ဂျင်နီယာကောင်စီဥပဒေ နှင့်အညီ အရေးယူသွားမှာဖြစ်ပါတယ်"ဟု ၎င်းကပြောသည်။
၂၀၁၃ ခုနှစ်နှောင်းပိုင်းက အတည်ပြု ပြဋ္ဌာန်းလိုက်သည့် အင်ဂျင်နီယာကောင်စီ ဥပဒေအရ
အဆောက်အအုံဆောက်လုပ်သူ များမှာ အင်ဂျင်နီယာကောင်စီထံတွင် မှတ်ပုံတင်ရန် လိုအပ်သည်။

ဥပဒေပါ ပုဒ်မ ၃၇ အရ ကောင်စီ၏ အသိအမှတ်ပြုလက်မှတ် ရရှိ မှသာ လုပ်ငန်းများလုပ်ကိုင်နိုင်ပြီး
တရားဝင် လက်မှတ်မရှိဘဲ လုပ်ငန်းလုပ်ကိုင်ခြင်းကို တွေ့ရှိရပါက ပုဒ်မ ၄၀ ပါ ပြဋ္ဌာန်းချက်အရ အရေးယူခြင်းခံရမည်ဖြစ်သည်။စာမျက်နှာ ၂၄ မှ နိုင်ငံတကာအသိအမှတ်ပြု ကျွမ်းကျင် အင်ဂျင်နီယာများ မွေးထုတ်ပေးနိုင်ရန် ကောင်စီဘက်မှ ဖြေလျှော့ဆောင်ရွက်နေသလို နိုင်ငံခြားသား
အင်ဂျင်နီယာများကို လည်း ဥပဒေ၊ နည်းဥပဒေများနှင့် အကျုံးဝင် နိုင်စေရန် လုပ်ဆောင်လျက်ရှိကြောင်း ဦးခင်မောင်တင့်က ပြောသည်။ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ ဥပဒေ၊ နည်းဥပဒေမှာ သက်တမ်းနှစ်နှစ် ကျော်လာပြီဖြစ်သည်။ နိုင်ငံခြားသား အင်ဂျင်နီယာများနှင့် လက်တွဲ လုပ်ကိုင်နိုင်
မည့် ပြည်တွင်းအင်ဂျင်နီယာများကို အသက်မွေးဝမ်း ကျောင်းလုပ်ကိုင်သော အင်ဂျင်နီယာ (PE) နှင့်
မှတ်ပုံတင် အကြီးတန်းအင်ဂျင်နီယာလက်မှတ် (RSE) အဆင့်ထိ ရောက်ရှိရန် အဆင့်ဆင့်စစ်ဆေး
မှုများရှိပြီး ယနေ့ထိ PE လက်မှတ်ရရှိထားသူပေါင်း ၄၄၀ ကျော်နှင့် (RSE) လက်မှတ်ရရှိထားသူပေါင်း
၅၈၀ ကျော် ခန့်ထိ ရှိလာကြောင်း ကောင်စီစာရင်းများ တွင် ဖော်ပြထားသည်။

"နိုင်ငံခြားက လူတွေ ဆိုက်တွေထဲမှာ အလုပ်လုပ်ရင် အင်ဂျင်နီယာကောင်စီကို ဆက်သွယ်ဖို့လိုတယ်။
အရည်အချင်းစစ်မှန် မှုရှိမရှိ၊ တကယ်တတ်ကျွမ်းမှုရှိမရှိ၊ အတွေ့ အကြံု မှန်မမှန်ကို ကောင်စီက
စိစစ်ပြီးမှ သာလျှင် ခွင့်ပြုပေးသင့်တယ်။ သူတို့ဝင်လာ တာကြောင့် အရည်အချင်းတူတဲ့ ပြည်တွင်းက
အင်ဂျင်နီယာတွေလည်း အနည်းနဲ့ အများ ဆိုသလို အခက်အခဲရှိနိုင်တယ်။ အစ်ကိုတို့ ကတော့
အင်ဂျင်နီယာကောင်စီက စာပို့တာ နဲ့ သွားပြီးတော့ မှတ်ပုံတင်ခိုင်းမှာ ဖြစ်တယ်" ဟု Pattko
Global Development Con- struction ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးတင်လှိုင်က ပြောသည်။

ကောင်စီတွင် မှတ်ပုံတင်စာရင်းပေး သွင်းထားမှုမှာ စင်ကာပူ၊ ဟောင်ကောင် နှင့်
အမေရိကန်နိုင်ငံများမှ စုစုပေါင်း သုံးဦး သာရှိနေဆဲဖြစ်သည်။ နိုင်ငံခြားသားပညာ
ရှင်များကို မှတ်ပုံတင်ကြေးအဖြစ် အမေရိကန် ဒေါ်လာ ၅၀၀ နှစ်စဉ်ကောက်ခံရန်သတ်မှတ်
ထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်