ဆောက်လုပ်ရေးလုပ်ငန်းများ ခေတ်ကောင်းခဲ့သည့် ၂၀၁၃ မှ ၂၀၁၅ နှစ်များအတွင်း
ကွန်ဒိုတိုက်ခန်းသစ်များ ရန်ကုန်မြို့နယ် နေရာအနှံ့အပြားတွင် အပြိုင်အဆိုင်ပေါ်ပေါက်ခဲ့သည်။
ဈေးကွက်လိုအပ်ချက်အရ ဆောက်လုပ် ရေးလုပ်ငန်းရှင်များကလည်း ကြိုပွိုင့်စနစ်
များဖြင့် ရောင်းချကာ တည်ဆောက်ခြင်း၊ မြေရှင်များနှင့် အကျိုးတူပူးပေါင်း၍ အခန်းပေး အခန်းယူရောင်းချမှုများ ဆောက်လုပ် ရေးလောကတွင် ရေပန်းစားခဲ့သည်။
အဆိုပါကာလအတွင်း ကန်ထရိုက်တာ များက သက်ဆိုင်ရာအစိုးရဌာနများ၏ တရားဝင်ဆောက်လုပ်ခွင့်
ပါမစ်မရှိဘဲ တိုက်ခန်း များ တည်ဆောက်ကာ ရောင်းချသည့် ဈေးကွက်ရှိခဲ့ပြီး ၀ယ်လိုအားကောင်းခဲ့
သည်။ ထိုသို့ တရားဝင်ခွင့်ပြုချက်မရရှိဘဲ အဆောက်အအုံတည်ဆောက်မှုမှာ ယခင်နှစ်
များအတွင်း တစ်နှစ်လျှင် အလုံးရေ ၄,၀၀၀ အထိရှိခဲ့သည်။ ယင်းတို့ကို ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာ (အဆောက်အအုံ)ဌာနက တရားစွဲဆိုကာ
ဆောက်လုပ်စ အဆောက်အအုံများကို ဖျက်သိမ်းသည်အထိ အရေးယူမှုများရှိခဲ့ကြောင်းဌာနက
ကြေညာခဲ့သည်။
ယခုနှစ်တွင်မူ အင်ဂျင်နီယာဌာနက တရားစွဲဆိုလျက်ရှိသည့် ခွင့်ပြုချက်မဲ့ အဆောက်အအုံအရေ
အတွက်မှာ ဇွန်လ ကုန်အထိ စာရင်းအရ စုစုပေါင်း ၂,၀၉၄ လုံး သာရှိတော့ကြောင်း အင်ဂျင်
နီယာ(အဆောက် အအုံ) ဌာနမှူး ဦးသန်းဌေးက ပြောသည်။ ခွင့်ပြုချက်မဲ့အဆောက်အအုံများ
လျော့ နည်းသွားရခြင်း အဓိကအချက်မှာ ဆောက် လုပ်ရေးဈေးကွက် ကျဆင်းလာ၍ ဖြစ်
ကြောင်း ၎င်းကပြောသည်။ "စည်းကမ်းလိုက်နာတာလည်း ရှိသလို အဓိကကတော့
ဆောက်လုပ်ရေးဈေးကွက် က လုံးဝမကောင်းတော့ ဆောက်မယ့်သူတွေ မရှိတော့လို့
နည်းသွားတာ။ ခေတ်ကောင်း တုန်းက အကုန်လုံး ကန်ထရိုက်ပဲလုပ်ကြတယ်။ တရားစွဲရင်တော့
ဒဏ်ကြေးပေးပြီး ဆောက်ကြတာ၊ အခု ကန်ထရိုက်ခေတ် ကိုက ပျက်နေတာ"ဟု ၎င်းက
ပြောသည်။ ရန်ကုန်မြို့တွင်း ခွင့်ပြုချက်မဲ့ အဆောက် အအုံဆောက်လုပ်မှုများအနက်
သင်္ဃန်းကျွန်း မြို့နယ်သည် တရားစွဲဆိုခံရမှု အများဆုံးဖြစ် ပြီး အလုံးရေ ရ၅၄ လုံးရှိသည်။
ဒုတိယအများ ဆုံးမှာ လှိုင်မြို့နယ်ဖြစ်ပြီး အလုံးရေ ၃၃၃ လုံးရှိကြောင်း ဌာနက စာရင်းပြုစု
ထားသည်။ ထိုသို့ဆောက်လုပ်မှုများကို အမျိုးအစား လေးမျိုးဖြင့် တရားစွဲဆိုနိုင်ရာ ခွင့်ပြုချက်
တင်ထားပြီး ခွင့်ပြုချက်မရမီ ဆောက်လုပ် ခြင်း၊ ခွင့်ပြုချက်မဲ့အဆောက်အအုံ ဆောက်လုပ်ခြင်း၊
ခွင့်ပြုချက်မဲ့ ခြံစည်းရိုးကာခြင်းနှင့် ခွင့်ပြုချက်မဲ့ပြင်ဆင်ခြင်း၊ တိုးချဲ့ခြင်းနှင့် အဖီအဆွယ်
ထပ်ခိုးပြုလုပ်ခြင်းတို့ဖြစ်သည်။
တရားစွဲဆိုမှုများအနက် ခွင့်ပြုချက်မရမီ အဆောက်အအုံဆောက်လုပ်မှုမှာ အများဆုံး ဖြစ်သည်။
လိုင်စင်မဲ့ဆောက်လုပ်သည့် အမှု တွဲစုစုပေါင်း ၂,၀၉၄ လုံးအနက် ယင်းအမှုမှာ အလုံးပေါင်း
၁,၄၈၀ ရှိသည်။ ယခုနှစ်များအတွင်း အိမ်ခြံမြေနှင့် ဆောက်လုပ်ရေးဈေးကွက်လည်း နှေးကွေး
လာသည်။ တိုက်ခန်းဈေးနှုန်းများ ၂၀ ရာခိုင် နှုန်းအထိ ကျဆင်းလာသလို ဆောက်လုပ် သူများလည်း လျော့နည်းလာကြောင်း မြနန္ဒာ ဆောက်လုပ်ရေးလုပ်ငန်း၏ တာဝန်ရှိသူ
တစ်ဦးဖြစ်သည့် ဦးအေးလင်းက ပြောသည်။ "သွက်သွက်ဝယ်မယ့်သူ မရှိဖြစ်နေတော့
ဆောက်မယ့်သူတွေကလည်း ကြိုပွိုင့်စနစ်နဲ့ ဆောက်ကြတော့ မဆောက်နိုင်တော့ဘူး။
ပြန်တက်လာဖို့လည်း သိပ်မထင်ဘူး"ဟု ၎င်းက ပြောသည်။
"လိုင်စင်မဲ့ကန်ထရိုက် နည်းကုန်တာလည်း ဈေးကွက်ကြောင့်ပဲ။ ၀ယ်မယ့်သူမရှိတော့
ဆောက်မယ့်သူတွေကလည်း အေးကုန်တာ။ တကယ်တမ်းကျတော့ တစ်လုံးပြီး တစ်လုံး
ကြိုပွိုင့်ရောင်းလို့ အဆင်ပြေမှ၊ ကန်ထရိုက် ကလည်း လည်တာကိုး။ သူက တစ်တိုက်လုံး
ဆောက်လိုက်၊ တစ်ခန်း နှစ်ခန်းစာလောက် အမြတ်ကျန်လိုက်၊ အဲဒီအမြတ်နဲ့ ပြန်ဆောက်လိုက်၊
အခုက ၀ယ်မယ့်သူက မရှိတော့ မဆောက်နိုင်တော့ဘူး"ဟု ဦးအေးလင်းက ပြောသည်။
ဈေးကွက်အတွင်း ယခင်ကွန်ဒိုတိုက် ခန်းများကို ၀ယ်ယူရင်းနှီးထားပြီး ပြန်လည်
ရောင်းချငှားရမ်းမှုများလည်း လျော့နည်း လာခဲ့သည်။ "ဟိုးတုန်းက အဝယ်သွက်တုန်း
ကတော့ ရောင်းလို့ ၀ယ်လို့ကောင်းတဲ့ နေရာတွေ မှာ အလိုက်ပေးပြီး ဆောက်ကြတာပေါ့။
ရင်းနှီးမြှုပ်နှံမှုအတွက် ၀ယ်ကျတာတွေလည်း များတယ်။ "အခုက သူတို့ကလည်း ရင်းနှီးမြှုပ်နှံမှု
ကိုလည်း ဈေးကွက်မကောင်းတော့ မထည့် နိုင်ကြတော့ဘူး။ ရောင်းလက်နဲ့ ၀ယ်လက်
မညီကြတော့ ကန်ထရိုက်တွေလည်း မဆောက်နိုင်ကြတော့ဘူး"ဟု သင်္ဃန်းကျွန်းမြို့နယ်မှ
ကန်ထရိုက်တာတစ်ဦးက ပြောသည်။
















