အိမ်ရာလိုအပ်ချက်မြင့်မားနေသည့် ရန်ကုန်မြို့တွင် နိုင်ငံတော်၏အစီအစဉ်ဖြင့် ဆောက်လုပ်ပြီးနှင့်
ဆောက်လုပ်ဆဲဖြစ်သော တန်ဖိုးနည်းအိမ်ရာစီမံကိန်းများက ထွက်ရှိလာမည့် တိုက်ခန်းများကို ပြည်သူများလက်ဝယ်သို့ ရောက်ရှိစေရန် ခိုင်မာတိကျသည့်အိမ်ရာမူဝါဒများ၊ စည်းမျဉ်းစည်းကမ်းများ
ချထားရန်လိုအပ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များက မြန်မာတိုင်း(မ်)ကို ပြောသည်။
ယခင်အစိုးရလက်ထက်ကမူ အဆိုပါ အိမ်ရာနေထိုင်လိုသူများက တိုင်းဒေသကြီး အစိုးရအဖွဲ့သို့
တိုက်ခန်းဝယ်ယူခွင့်လျှောက် လွှာများဖြင့် ကြိုတင်လျှောက်ထားရပြီး မဲနှိုက် ကာ ပေါက်မဲစနစ်ဖြင့်
ရွေးချယ်ခြင်းဖြစ်သည်။ ထို့နောက် လက်ငင်းငွေချေခြင်း၊ အရစ်ကျ ငွေပေးချေခြင်း စသည့်စနစ်
များဖြင့် ၀ယ်ယူ ရသည်။ မဲစနစ်ဖြင့် ၀ယ်ယူခဲ့သူတချို့မှာ မိမိ တို့တိုက်ခန်းများကို လက်လွှဲ
ပြန်လည်ရောင်း ချခြင်း၊ အငှားချထားခြင်းများ ပြုလုပ်ခဲ့ကြသည်။
တချို့မှာမူ ၀ယ်ယူခွင့်မဲပေါက်ခဲ့သော် လည်း လာရောက်ဆက်သွယ်ခြင်းမရှိခဲ့ပေ။ မင်္ဂလာဒုံမြို့နယ်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက လျှောက် ထားသူများ၏ သတင်း
အချက်အလက် ပြည့်စုံစွာ မရခြင်းကြောင့် အိမ်ရာချထားပေး ရာတွင် လွဲမှားမှုများရှိနေကြောင်း
ပြောသည်။ "နိုင်ငံတကာမှာက ၀င်ငွေကိုကြည့်ပြီးမှ ၀င်ငွေနိမ့်တဲ့သူတွေကို ဦးစားပေး ရောင်းတယ်။
၀င်ငွေနည်းတဲ့လူတွေပဲ မဲနှိုက်ခွင့် ရမယ်။ ကျန်တဲ့လူတွေ နှိုက်ခွင့်မရတဲ့စနစ်နဲ့ ရောင်းချတယ်"ဟု
၎င်းကပြောသည်။ ယခုမူ ၀င်ငွေမြင့်သူများလည်း လာရောက်လျှောက် ထားပြီး ပြန်လည်ရောင်းချ
မှုများ ရှိနေကြောင်း ပြောသည်။ "အပြင်မှာဖြစ်နေတာက တန်ဖိုးနည်း အိမ်ရာကို ချမ်းသာတဲ့လူကော၊
ဆင်းရဲတဲ့လူ ကော ၀င်လုကြတဲ့သဘောဖြစ်နေလို့ တကယ် လိုတဲ့လူတွေ မရကြတာဖြစ်တယ်။
အိမ်လေး အလုံး ၁၀၀ လောက်ဆောက်ပြီး မဲဖောက် ရောင်းနေရင်လည်း ဒီကိစ္စက အဆင်ပြေမှာ
မဟုတ်ဘူး။ တိကျတဲ့မူဝါဒ ချဖို့လိုလာပြီ"ဟု ၎င်းက ပြောသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တွက်ချက်မှုအရ ရန်ကုန်မြို့တွင်
နှစ်စဉ် အိမ်ထောင်စုဦးရေ ၏ ရ၅,၀၀၀ မှ ၁၀၀,၀၀၀ ခန့်အထိ ရှိနေ သည်။ အများစုမှာ အခြေခံ
လူတန်းစားများ၊ အစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းများတွင်လုပ်ကိုင်နေသည့် လူလတ်တန်းစားဝန်ထမ်းများ
ဖြစ်ကြသည်။ တန်ဖိုးနည်းအိမ်ရာအများစုမှာ မြို့တွင်း နှင့် အလှမ်းကွာပြီး သွားလာရခက်ခဲခြင်း၊ ရေမီးပြည့်စုံအောင် ထောက်ပံ့နိုင်မှုအားနည်း ခြင်း စသည့်အချက်အလက်များကို
ပြုပြင် နိုင်ရန်လည်း လိုအပ်နေသေးကြောင်း ရန်ကုန် တိုင်းဒေသကြီးလွှတ်တော်၊ သင်္ဃန်းကျွန်းမြို့ နယ်
မဲဆန္ဒနယ် အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ပြောသည််။
"လူတွေကို နေပျော်တဲ့ ဘဝလေးတစ်ခု ဖန်တီးပေးရမယ်။ တိုက်အမြင့်ကြီးဆောက်၊
အခန်းလေးပေးလိုက်၊ အခန်းတွေ ထွက်လာပြီး နေရာချပေးလိုက်ရုံနဲ့ အဆင် မပြေနိုင်ဘူး။
သွားဖို့လမ်းလည်း ရှိရမယ်၊ အပန်းဖြေစရာနေရာလေးလည်း ပါရမယ်၊ လိုအပ်ချက်တွေလည်း
ပြည့်စုံအောင် ဖြည့် ဆည်းပေးနိုင်မှ အောင်မြင်မယ်"ဟု ၎င်းကပြောသည်။ "အခုဘာဖြစ်နေ
လဲဆိုတော့ အချို့နေရာ တွေဆိုရင် လူတွေကို အခန်းတွေပေး တိုက် ဆောက်ပြီး တင်ပေးလိုက်ပေမဲ့
ရေတောင် မှန်မှန်မပေးနိုင်ဘူးဆိုတော့ အဆင်မပြေကြ ဘူး။ ဒီလိုအမှားတွေ၊ စနစ်တွေကို
တာဝန် ရှိသူတွေ ပြန်စဉ်းစားမှာ သေချာပါတယ်"ဟု ၎င်းကဆိုသည်။ ဒဂုံမြို့သစ်ဆိပ်ကမ်းနှင့်
လှိုင်သာယာ မြို့နယ်များအတွင်း တည်ဆောက်ပြီးစီးခဲ့ သည့် ယုဇန၊ ကနောင်နှင့် ရွှေလင်ပန်း
တန်ဖိုး နည်းအိမ်ရာများမှ တိုက်ခန်းပေါင်း ၂၂၀ ကျော်ကို ယခုလအတွင်း မဲစနစ်ဖြင့်ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ မြို့ပြနှင့်
အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က ပြောသည်။
အမြင့်ဆုံးတန်ဖိုးအားဖြင့် မြေညီ ထပ်တစ်ခန်းလျှင် ကျပ်သိန်း ၁၂၀ ဖြစ်သည်။ "လိုနေတဲ့
အိမ်ရာတွေကို ဆက်ပြီးဆောက် သွားမှာပါ။ စည်းမျဉ်းစည်းကမ်းသစ်တွေလည်း ရေးဆွဲနေ
ပါတယ်။ ပြည်သူတွေကလည်း တန်ဖိုးနည်းအိမ်ရာတွေနဲ့ ပတ်သက်ပြီး စိတ်ဝင်စားနေ
တာကြောင့်လည်း မဲနှိုက်လိုက် တာ အကောင်းဆုံးနည်းလမ်းပဲ ဖြစ်ပါလိမ့်မယ်"ဟု
၎င်းကပြောသည်။ အစိုးရသစ်လက်ထက်တွင် အများပြည်သူ အိမ်ရာလိုအပ်ချက်များ
ဖြည့်ဆည်းနိုင်ရန် ရည်ရွယ်ချက်ဖြင့် ကျပ်သိန်း ၁၀၀ အောက် တန်ဖိုးနည်းတိုက်ခန်းပေါင်း
၂၀၀,၀၀၀ အထိ နိုင်ငံတစ်ဝန်းတွင် တည်ဆောက်ရန်လျာထားသည်။
ကနဦးစီမံချက်အဖြစ် အိမ်ရာလိုအပ် ချက် အများအပြားရှိနေသည့် ရန်ကုန်တိုင်း
ဒေသကြီးအတွင်း၌လည်း ကျပ်သိန်း ၁၀၀ အောက်တန်ဖိုးနည်းတိုက်ခန်းပေါင်း
၈,၀၀၀ ကို စတင်ဆောက်လုပ်နေပြီဖြစ်သည်။















