မင်္ဂလာဒုံမြို့နယ်အတွင်း စက်မှုဇုန်နှင့် အိမ်ရာ စီမံကိန်းများပါ၀င်သည့် စီးပွားရေးဇုန်သစ်
တစ်ခုကို ပြည်ပရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင် ရွက်ရန်လျာထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က ဇူလိုင်
ပထမပတ်အတွင်းက ပြောသည်။
စီမံကိန်းပြုလုပ်ရန် လျာထားသည့်မြေ နေရာကို ယခင်အစိုးရလက်ထက်များတွင် တပ်မတော်က
သိမ်းဆည်းထားခဲ့သော်လည်း ဦးသိန်းစိန်အစိုးရလက်ထက်တွင်မူ စက်မှု ဇုန်များဖော်ထုတ်ခြင်း၊
အိမ်ရာစီမံကိန်းနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရန် အတွက် ပြီးခဲ့သည့် ဇန်နဝါရီ ၁၁ ရက်က
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနသို့ လွှဲပြောင်းပေးခဲ့သည်။
မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းဆုံနှင့် ရန်ကုန်ပြည်လမ်းမကြီး၊ ရန်ကုန်-မန္တလေး
အမှတ် ၃ လမ်းမကြီးအကြားရှိ မြေဧကပေါင်း ရ၀၀ ကျော်ပေါ်တွင် စက်မှုဇုန်၊ အိမ်ရာစီမံကိန်း၊
အဝေးပြေးဘတ်စ်ကားဂိတ် စသည်များ နှင့် စီးပွားရေးလုပ်ငန်းများကို အထောက် အကူပြုသော
mixed--use complex များပါ ထည့်သွင်း ဆောက်လုပ်သွားရန်ရှိကြောင်း ဦးမင်းထိန်က
ပြောသည်။ "အဲဒီနေရာမှာ မင်္ဂလာဒုံစက်မှုဇုံနယ်မြေ ရဲ့ တိုးချဲ့စီမံကိန်းအနေနဲ့လည်း
ဆောင်ရွက်ဖို့ရှိတယ်။ ပုံကြမ်းတွေတော့ ရေးဆွဲထားပါ တယ်။ စီမံကိန်းတွေကို အပိုင်း
လိုက်ခွဲပြီး လုပ်သွားဖို့ရှိတယ်။ ညှိနှိုင်းတိုင်ပင်ပြီး အဆင့်လိုက်လုပ်ရမှာဖြစ်လို့ နည်းနည်းတော့
အချိန်စောင့်ရဦးမယ်"ဟု ၎င်းကပြောသည်။
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ပြည်ပနှင့် အကျိုးတူပူးပေါင်း ရင်းနှီးမြှုပ်နှံသွားရန်
ရည်ရွယ်ထားသော်လည်း လက်တွဲ လုပ်ကိုင်မည့် ကုမ္ပဏီများကိုမူ မရွေးချယ်ရသေးပေ။
စီမံကိန်းရေးဆွဲနေသည့် ကာလ အတွင်း ကုန်ကျစရိတ်တန်ဖိုး အသေးစိတ်ကိုလည်း
ခန့်မှန်းပြောဆိုရန် မရသေးကြောင်း ၎င်းက ပြောသည်။
စီမံကိန်း ဆောက်လုပ်မည့်နေရာမှာ မင်္ဂလာဒုံစက်မှုဇုန်၊ အောင်မင်္ဂလာအဝေးပြေး
ယာဉ်ရပ်နားစခန်းများနှင့် မနီးမဝေးတွင် တည်ရှိသည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာ
လေဆိပ်နှင့်လည်း နီးကပ်နေသောကြောင့် တည်ဆောက်ရေးလုပ်ငန်းများ၏ အဆောက်
အအုံအမြင့်၊ ဒီဇိုင်းများမှာ လေကြောင်း ပျံသန်းမှုကို အနှောင့်အယှက်မရှိနိုင်စေရန်
သတ်မှတ်ထားသည့် နည်းဥပဒေပါ ပြဋ္ဌာန်း ချက်များနှင့်အညီ တွက်ချက်ရေးဆွဲထားကြောင်း
၎င်းကပြောသည်။ "လယ်သမားတွေလည်း မြေပြင်မှာရှိနိုင် တဲ့အတွက် မြေပြင်ကွင်းဆင်းပြီး
သူတို့နဲ့ ညှိနှိုင်းပေါင်းစပ်ပြီး လုပ်သွားမှာပါ။ ပြည်ထောင်စုအဆင့်တင်ပြပြီး လုပ်မယ်။ ပြီးရင်တော့
ရန်ကုန်တိုင်းဒေသကြီးအစိုးရနဲ့ အသေး စိတ် ပြန်ညှိလုပ်ရမယ်"ဟု ၎င်းကပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှု ဇုန်ပေါင်း ၂၉ ဇုန်ရှိသည့်အနက် မင်္ဂလာဒုံ စက်မှုဇုန်မှာ
လေဆိပ် အဝေးပြေးဝင်းနှင့် နီးကပ်ခြင်း၊ မြစ်ကူးချောင်းခြားရန် မလိုခြင်း စသည့် သွားလာရေး
လွယ်ကူသည့် အားသာချက်များ ရှိနေသည်။ ၀န်ကြီးဌာနက ပြည်ပရင်းနှီးမြှပ်နှံမှုနှင့် လုပ်ဆောင်မည့် အဆိုပါစီမံကိန်းအတွင်း ပြဿနာတစ်စုံတစ်ရာ မပေါ်ပေါက်စေရန် အတွက်ကိုမူ မူလပိုင်ရှင်
လယ်သမားများ၊ ၎င်းတို့ထံမှ အဆင့်ဆင့် လွှဲပြောင်းဝယ်ယူ ထားသူများနှင့် ပြေလည်ရန်
ညှိနှိုင်းဖို့လိုအပ် ကြောင်း မင်္ဂလာဒုံစက်မှုဇုန်များကို ဖော်ထုတ် လုပ်ကိုင်နေသည့် ဇေကမ္ဘာ
ကုမ္ပဏီဥက္ကဋ္ဌ ဦးခင်ရွှေက ပြောသည်။ "အရင်က တပ်သိမ်းမြေတွေကို ပြန်စွန့် လွှတ်လိုက်
တယ်လို့ ကြားတယ်။ ဖြစ်နေတာက မြေနေရာ အကွက်အကွင်းကောင်းတဲ့ အတွက်
လယ်သမားတွေကလည်း ခွဲခွဲပြီး ရောင်းထားတာတွေရှိတယ်။ အစိုးရက စီမံကိန်း
လုပ်ရင်တောင် တော်တော်လေးကို ညှိရမယ့် အနေအထားရှိတယ်"ဟု ၎င်းကပြောသည်။
"ကျွန်တော်လည်း ဒီမြေနေရာမှာ ဖွံ့ဖြိုး ရေးလုပ်ဖို့ အဆိုပြုထားဖူးတယ်။ နောက်ပိုင်း
ကျွန်တော့်စက်မှုဇုန်တွေ မပြီးတာနဲ့ ဒီကိစ္စကို လက်လွှတ်ထားလိုက်တယ်။ လယ်သမား
ပိုင်တာတွေရှိသလို တစ်ဆင့်ပြန်ရောင်းတာ တွေရှိတယ်၊ ဇာတ်ကတော့ ရှုပ်တဲ့နေရာ
တစ်ခုပဲ"ဟု ၎င်းကပြောသည်။
















