ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော်နေထိုင်သူများကို စာရင်းကောက်ယူရန်
ဌာနပေါင်းစုံပါ၀င်သည့် အဖွဲ့ ဖွဲ့စည်းထားပြီး ဖြစ်သော်လည်း လက်တွေ့လုပ်ဆောင်
မှုများ မစတင်ရသေးကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေး
ဦးစီးဌာနနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော် မတီ၏ တာဝန်ရှိသူတစ်ဦးက
ပြောသည်။
"ကျွန်တော်တို့ အဖွဲ့ဖွဲ့ထားပြီးဖြစ်ပေမဲ့ စာရင်းမကောက်ရသေးပါဘူး။ အခုကောက်
နေတာကလည်း လဝက က အိမ်ထောင်စု စာရင်းကောက်တာဖြစ်ပါလိမ့်မယ်။ အခုချိန်ထိ
ကျုးစာရင်း ဘာမှမကောက်ရသေးပါဘူး။ ဘယ်နေ့ စကောက်မလဲဆိုတာတော့ ပြောလို့
မရသေးပါဘူး"ဟု ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရန်ကုန်
မြောက်ပိုင်းခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်း ၀င်းက ဇူလိုင် ၁၃ ရက်တွင် မြန်မာတိုင်း(မ်)ကို
ပြောသည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ကျူးကျော်နေထိုင်သူများ စာရင်းကို
ကွန်ပျူတာစနစ်ဖြင့် ဓာတ်ပုံရိုက်၊ မှတ်တမ်းတင်လတ်မှတ်ရေးထိုးကာ ကောက် ယူသွား
မည်ဖြစ်ကြောင်း မေ ၂၅ ရက်က စက်မှုဇုန်လုပ်ငန်းရှင်များနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။
သို့သော် မေ ၂၅ ရက် နောက်ပိုင်း တိုးပွားလာသည့် ကျူးကျော်တဲ များကိုမူ စာရင်းကောက်ယူ
သွားမည်မဟုတ် ကြောင်း အသိပေးခဲ့သည်။ စာရင်းကောက်ယူသည့်အဖွဲ့ကို ဇွန်လ ဆန်းမှ
စတင်ဖွဲ့စည်းခဲ့ပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးဦးဆောင်ကာ မြို့နယ်စည် ပင်သာယာအုပ်ချုပ်ရေးမှုး၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဦးစီးဌာန၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ
ပါ၀င်သည်။
"ထွေအုပ်က ဦးစီးပြီး ကျွန်တော်တို့က လိုအပ်တာ ပံ့ပိုးတဲ့ပုံစံနဲ့ လုပ်မှာဖြစ်ပါတယ်။ ဌာနပေါင်းစုံ
ပါတဲ့အဖွဲ့တွေလည်း ဖွဲ့စည်း ထားပြီးဖြစ်ပါတယ်။ ထွေအုပ်အစီအစဉ်နဲ့ပဲ ဆက်လုပ်သွားမှာ ဖြစ်ပါ
တယ်"ဟု ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ၊ စီမံ ရေးရာဌာနမှ ဌာနမှူး
ဦးမောင်မောင်ဇော်က ပြောသည်။ ကျူးကျော်နေထိုင်သူများ၏ စာရင်း ကောက်ယူရန်
ရန်ကုန်တိုင်းဒေသကြီး အတွင်း စက်မှုဇုန်ပေါများသည့် လှိုင်သာယာ မြို့နယ်မှ စတင်နိုင်ရန်
ပြင်ဆင်နေကြောင်း ၎င်းကပြောသည်။
တိုးပွားလာသည့် ကျူး ကျော်တဲများကိုမူ တစ်တဲတိုး တစ်တဲဖျက် စနစ်ဖြင့် ဖျက်သိမ်းလျက်ရှိကြောင်း
လှိုင် သာယာမြို့နယ် စည်ပင်သာယာ အုပ်ချုပ် ရေးမှူး ဦးခင်မောင်ကြီးက ပြောသည်။ "ကျုးကျော်တဲ
တိုးတယ်လို့ ကြားတာနဲ့ကို အဖွဲ့ဖွဲ့ပြီး သွားဖျက်တဲ့စနစ်ကို ကျင့်သုံးနေ ပါတယ်။ စာရင်းတော့
မကောက်ရသေး ပါဘူး"ဟု ၎င်းကပြောသည်။
တိုင်းဒေသကြီးအတွင်း နိုင်ငံပိုင်မြေများ နှင့် ပုဂ္ဂလိကပိုင်မြေများတွင် ကျူးကျော်နေ ထိုင်သူပေါင်း
၄၃၀,၀၀၀ ကျော်ရှိနိုင်ကြောင်း အစိုးရအဖွဲ့က ခန့်မှန်းတွက်ချက်ထားသည်။ စက်မှုဇုန်ပေါင်း
ကိုးဇုန်ရှိသည့်အနက် လုပ် သားအင်အား သုံးသိန်းကျော် အသုံးပြုထား သည့် လှိုင်သာယာမြို့နယ်မှာ
အခြားမြို့နယ် များထက် ကျူးကျော်နေထိုင်သူများ ပိုမို များပြားကြောင်း လှိုင်သာယာမြို့နယ် စည်ပင်
သာရေးကော်မတီဥက္ကဋ္ဌဟောင်း ဦးကြည်စိုးက ပြောသည်။
"ကျုးကျော်စာရင်းတွေကောက်မယ့် သတင်းမကြားသေးပါဘူး။ ထွေအုပ်မှာလည်း စည်ပင်က
အဖွဲ့တွေပါနေပါတယ်။ ကျွန်တော် တို့ လှိုင်သာယာမှာ ကျုးကျော်စာရင်းကောက် ရင် တော်တော်
လုပ်ယူရမယ့် အနေအထား ရှိတယ်။ အခုလမ်းမပေါ်ကတိုးလာတဲ့ တဲ တွေတောင် ဖျက်နေတယ်။
တချို့ကလည်း လူလစ်ရင် ပြန်ဆောက်မယ့် သဘောတွေ ရှိတယ်"ဟု ၎င်းကပြောသည်။
တရားဝင်ကျူးကျော်စာရင်းကောက်ယူ မည့် အချိန်နေရာများကို ကြေညာထားခြင်း မရှိသေးသော်လည်း
ရပ်ကွက်ကျေးရွာအုပ် ချုပ်ရေးအဖွဲ့များက ကျူးကျော်တဲများ တိုးပွားလာခြင်းမရှိအောင် ကြပ်မတ်ခြင်း၊
ကျူးကျော်တဲဟောင်းများကို နံပါတ်စဉ်များ ဖြင့် သတ်မှတ်ထားပြီးဖြစ်သည့်အတွက်
ကျူးကျော်တဲဟောင်းများကြားတွင် အသစ် ထပ်မံဆောက်လုပ်ရန် အခက်အခဲများရှိနိုင်သည်။
သို့သော် သွားလာရေးခက်ခဲကာ လူသူအရောက်အပေါက်နည်းပါးသည့် နေရာ များတွင်မူ
ကျူးကျော်တဲသစ် တိုးပွားလာမှု များရှိနိုင်ကြောင်း လှိုင်သာယာမြို့နယ် ဘီအိုစီ မှတ်တိုင်အနီး
စက်မှုဇုန်မြေကွက်တွင် ကျူး ကျော်နေထိုင်သူ ကိုဆံရှည်က ပြောသည်။ "စာရင်းတော့
မကောက်သေးပေမဲ့ သူ့အစုနဲ့သူတော့ တဲနံပါတ်ကလေးတွေလုပ် ထားတာတော့ ရှိကြပါတယ်။
ကျုးတဲဟောင်း ကြားမှာ အသစ်တိုးဖို့ထက်၊ လူမရောက် မပေါက်တဲ့နေရာမှာ ကျုးတဲသစ်တွေတော့
တိုးတယ်ကြားတယ်။ အခုစည်ပင်ဘက်က တော့ တစ်လုံးတိုးတာနဲ့ တစ်လုံးဖျက်လုပ်နေတယ်"ဟု
၎င်းကပြောသည်။
















