ယခင်အစိုးရလက်ထက်က အပြီးသတ်ဆောက် လုပ်ခွင့်ပြုမိန့်မကျသေးဘဲ 'မူ' အားဖြင့်သာ
ခွင့်ပြုထားသည့် အဆောက်အအုံ ၂၀ ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရက ဆက်လက်
စစ်ဆေးနေပြီး လာမည့်အစိုးရအစည်းအဝေး တွင်တင်ပြမည်ဖြစ်ကြောင်းရန်ကုန်မြို့တော်
အင်္ဂါရပ်နှင့်အညီ အဆောက်အအုံများ ဆောက်လုပ်မှု စိစစ်ရေးကော်မတီ၏ ပြောရေးဆိုခွင့်ရှိသူ
ဦးရဲမင်းဦးက မြန်မာ တိုင်း(မ်)ကို ပြောသည်။
"ပြီးခဲ့တဲ့အပတ်က အလုံး ၂၀ လောက် စစ်လို့ပြီးသွားပြီ။ တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်း
အဝေးမှာ ဆွေးနွေးမယ်။ ပြီးရင် စည်ပင်သာယာကို ညွှန်ကြားချက်ပေးမယ်" ဟု ၎င်းက
ပြောသည်။
ဆောက်လုပ်လျက်ရှိသော အထပ်မြင့် အဆောက်အအုံစီမံကိန်း ၂၀၀ ကျော်အနက်
အပြီးသတ်ခွင့်ပြုမိန့်ပါမစ် ကျထားပြီးဖြစ် သည့် အထပ်မြင့်အဆောက်အအုံ ၆၄ လုံးကို
စစ်ဆေးခဲ့ရာ စီမံကိန်း ၁၂ ခုက အဆောက် အအုံများမှာ မြို့ပြအင်္ဂါရပ်နှင့် မကိုက်ညီမှု
သဖြင့် အထပ်များ လျှော့ချရန် ယခုလ ၁၂ ရက်က ထုတ်ပြန်ခဲ့သည်။
အဆိုပါစီမံကိန်း ၁၂ ခုမှာ အထပ်များ လျှော့ချခြင်း၊ ဒီဇိုင်းပြန်ပြောင်းခြင်း စသည်တို့
ပြုလုပ်ရမည်ဖြစ်သော်လည်း ကျန် အဆောက်အအုံများကိုမူ အသေးစားပြင်ဆင်
မှုအချို့လုပ်ရန်သာ ညွှန်ကြားခဲ့သည်။ "တကယ်အလျှော့ခံရတဲ့သူတွေပဲ ပြောကြတာပါ။
၆၄ လုံးမှာ များသောအားဖြင့်က ရေးစီးရေလာကောင်းအောင် မြောင်းပြန်ပြင် ခိုင်းတယ်၊
ကားပါကင်ပြင်ခိုင်းတယ်။ စတီးလ် ကိုယ်ထည်နဲ့ ဆောက်တဲ့ အဆောက်အအုံ တွေဆို
မီးဒဏ်ခံနိုင်မှုကို တစ်နာရီခံအောင် လုပ်ပေးဖို့၊ ဒီလိုမျိုး ပြင်ခိုင်းတဲ့သူတွေက ဘာသံမှ
မထွက်ဘူး။ သူတို့ပြင်ရမယ့်ဟာတွေက အများနဲ့ဆိုင်တဲ့ကိစ္စတွေ၊ မဖြစ်မနေလည်း လုပ်ကို
လုပ်သင့်တဲ့ကိစ္စတွေ"ဟု ဦးရဲမင်းဦး က ပြောသည်။
စိစစ်ရေးကော်မတီက ယခင်စည်ပင် သာယာရေးကော်မတီတွင် အသုံးပြုလျက် ရှိသည့်
စံချိန်စံညွှန်းများသာမက မြို့ပြ ဆိုင်ရာ စံချိန်စံညွှန်းများဖြင့်လည်း ပေါင်းစပ် စစ်ဆေးခဲ့ခြင်းဖြစ်
သည်။ စစ်ဆေးပြီး အဆောက်အအုံအများစုမှာ စည်ပင်သာယာရေးကော်မတီ၏ စံချိန်စံညွှန်း
များနှင့်ကိုက်ညီပြီး အဆောက်အအုံအနည်း စုသာ လိုက်နာမှုမရှိကြောင်း တွေ့ရသည်။ ယခင်
အစိုးရလက်ထက်ကမူ စည်ပင်၏ စံချိန် စံညွှန်းကိုက်ညီမှုတစ်ခုတည်းသာ ခွင့်ပြုခဲ့ ကြောင်း
၎င်းကပြောသည်။ "အဲဒီအချိန်တုန်းက ခွင့်ပြုပေးခဲ့တဲ့သူ တွေ၊ တာဝန်ရှိအုပ်ချုပ်ခဲ့သူတွေက
ရန်ကုန် မြို့မှာ အထပ်မြင့်အဆောက်အအုံတွေရှိတာ ကောင်းတယ်ဆိုပြီး စဉ်းစားခဲ့တာ။
အထပ်မြင့် ဖြစ်ရင်ပြီးရော ကျန်တဲ့ဟာကို မစဉ်းစားတော့ဘူး။ အဆောက်အအုံရဲ့ ခိုင်ခံ့မှုပဲကြည့်ပြီး
ဒီအဆောက်အအုံ ခိုင်ခံ့တယ်။ စံသတ်မှတ်ချက်နဲ့ ကိုက်ညီတယ်ဆိုရင် ခွင့်ပြုတာပေါ့" ဟု
၎င်းကပြောသည်။
ထပ်မံခွင့်ပြုမည့် အဆောက်အအုံများ တွင်လည်း မြို့ပြအင်္ဂါရပ်နှင့် ကိုက်ညီမှုရှိ စေရန်
ထည့်သွင်းစိစစ်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။
"နောက်ပိုင်းမှာလည်း ရန်ကုန်မြို့တော် အင်္ဂါရပ်နဲ့အညီ လုပ်ဖို့ကိုတော့ မူဘောင် တွေဆွဲပြီး
အစိုးရကို တင်ပြရမှာပေါ့။ တကယ် စိစစ်ခွင့်ပြုချက်ပေးတာတော့ စည်ပင်သာယာကပဲပေးမှာပါ။
အခုကော် မတီထဲမှာလည်း စည်ပင်သာယာကလူတွေ ပါတဲ့အတွက် သူတို့လည်းသိမှာပါ။ နောက်ပိုင်း
လာတင်တဲ့ဟာတွေကို ဒီမူဘောင် တွေနဲ့ပဲ စစ်တော့မှာ။ နောင်တစ်ချိန်ကျရင် ဆောက်ပြီးတော့မှ
ပြန်အတားခံရတာမျိုးတွေ မရှိနိုင်တော့ဘူး"ဟု ဦးရဲမင်းဦးက ပြောသည်။















