၀န်ကြီးဌာနများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ အကျိုးတူ ပူးပေါင်းဆောက်လုပ်နေသည့်
အထပ်မြင့်အဆောက်အအုံများကို စစ်ဆေး မှုမရှိဘဲ ပုဂ္ဂလိကပိုင်မြေပေါ်တွင် ဆောက်လုပ်
ထားသည့် အဆောက်အအုံများကိုသာ အစိုးရ တာဝန်ရှိသူတွေက စစ်ဆေးနေသည့် အပေါ် ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ဝေဖန်လျက်ရှိသည်။
အစိုးရသစ်၏ ရန်ကုန်မြို့တော်အင်္ဂါရပ် နှင့်အညီ အဆောက်အအုံများ ဆောက်လုပ်မှု
စိစစ်ရေးကော်မတီက ထုတ်ပြန်ခဲ့သည့် စစ်ဆေးပြီး အဆောက်အအုံ ၁၂ လုံးမှာ ပုဂ္ဂလိကပိုင် မြေပေါ်တွင် မြေရှင်များနှင့် ဆောက်လုပ်ရေးကုမ္ပဏီများအကြား သဘော
တူညီချက်ဖြင့် ဆောက်လုပ်ထားသည့် အဆောက်အအုံများသာ ဖြစ်နေပြီး၊ အစိုးရ နှင့်
ပုဂ္ဂလိကကုမ္ပဏီများ ပူးပေါင်းဆောက် လုပ်ထားသည့် အဆောက်အအုံများအပေါ် စစ်ဆေးခြင်း
မရှိသည့်အတွက် ပွင့်လင်းမြင် သာမှုရှိရှိဖြင့် သာတူညီမျှ စစ်ဆေးသွားရန် လိုအပ်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ပြောကြားသည်။
"သူတို့ ပြန်လုပ်ခိုင်းနေတဲ့ ၁၂ လုံးထဲမှာ BOT၊ JVတစ်လုံးမှ မပါဘူး။ သွားစစ်တယ် လို့ပြောပေမဲ့
ကျွန်တော်တို့ မြင်ရတာလည်း မဟုတ်ဘူး။ ၆၄ လုံးထဲမှာ သူတို့ထုတ်ပြန်တဲ့ ၁၂ လုံးက ပုဂ္ဂလိက
ဟာတွေ ဖြစ်နေတယ်။ ကျွန်တော်က မြေပြင်ကွင်းဆင်းတဲ့ အဖွဲ့ထဲမှာ ပါပေမဲ့ အခုပြန်လုပ်ခိုင်းတဲ့ ၁၂ လုံး
ကိုပဲ လေးဖွဲ့ခွဲပြီး သွားစစ်ခိုင်းတယ်။ အခုသူတို့ ထုတ်ပြန်လိုက်တာဟာလည်း မြေပြင်ကွင်းဆင်းတဲ့
ကျွန်တော်တို့ကို သဘောထားတစ်ခု မှ မမေးဘူး။ ကျွန်တော်တို့က ဆောက်လုပ်ရေး ဆိုက်တွေကို
ဟန်ပြ သွားစစ်နေရတဲ့အဖွဲ့ ဖြစ်နေတယ်"ဟု မြေပြင်ကွင်းဆင်းစစ်ဆေး ရေးအဖွဲ့တွင် ပါ၀င်ခဲ့သည့် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းမှဗဟိုအလုပ်
အမှုဆောင် ဦးမျိုးမြင့်က ပြောသည်။
ပထမအသုတ် စစ်ဆေးခဲ့သည့် အဆောက် အအုံ ၆၄ လုံးအနက် ဆောက်လုပ်ဆဲ ပုဂ္ဂလိကပိုင်
အဆောက်အအုံ ၁၂ လုံးအပေါ် စစ်ဆေး မှုရလဒ်များကို ထုတ်ပြန်ကြေညာခဲ့ရာ အဆိုပါအဆောက်
အအုံ ၁၂ လုံးကို စည်းမျဉ်း စည်းကမ်းများနှင့် ကိုက်ညီမှုမရှိသဖြင့် အထပ်များ လျှော့ချဆောက်လုပ်စေခြင်း၊ ဒီဇိုင်များ ပြန်လည်ရေးဆွဲတည်ဆောက်ရန် ညွှန်ကြားခဲ့သည့်အတွက် ဆေက်လုပ်ရေး လုပ်ငန်းရှင်များက
ဇူလိုင် ၂၁ ရက်တွင် သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ခဲ့သည်။
"တကယ်တမ်းသာစစ်မယ်ဆိုရင် သူတို့ ပြောပြောနေတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့က
ဒီ BOT၊ JVတွေက မကိုက်ဆုံးဘဲ။ ခွင့်ပြုချက် ရပြီး ၆၄ လုံးမှာ သိရသလောက်ကတော့
၂၅ လုံးက အခုချိန်မှာ အားလုံး အချောတောင် ကိုင်ပြီးဖြစ်နေတာရယ်၊ သုံးလုံးက အန္တရာယ်ရှိ
အဆောက်အအုံဖြစ်လို့ မစစ်တော့ဘူးလို့ သိရတယ်။ ကျန်တဲ့ ၃၆ လုံးပဲစစ်ဖို့ ကျန်ပါ တော့တယ်။
ဒီ ၃၆ လုံးမှာလည်း ၂၄ လုံးက အိုးအိမ်၊ စည်ပင်၊ ၀န်ကြီးဌာနတွေနဲ့ အကျိုးတူ အဆောက်အအုံက
၂၄ လုံးရှိတဲ့အတွက် ပုဂ္ဂလိကမြေမှာဆောက်တဲ့ ၁၂ လုံးပဲကျန် တယ်။ ၀န်ကြီးဌာနတွေနဲ့
ပေါင်းဆောက်တဲ့ အဆောက်အအုံတွေက အခုပြောပြောနေတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့
တစ်ခုမှ ကိုက်မှာ မဟုတ်ပါဘူး"ဟု ဆောက်လုပ်ရေးလုပ်ငန်း ရှင် ဦးသန်းနိုင်က ပြောသည်။
စည်းကမ်းချက်နှင့် ကိုက်ညီမှုမရှိပါက ၀န်ကြီးဌာနများနှင့် အကျိုးတူ ပူးပေါင်း ဆောက်လုပ်နေသည့်
အထပ်မြင့်အဆောက် အအုံများပါ ပုဂ္ဂလိကပိုင် အဆောက်အအုံ များကဲ့သို့ ပြန်လည်ပြင်ဆင်ပေး
ရမည်ဖြစ်ပြီး သက်ဆိုင်ရာ ၀န်ကြီးဌာနများက အဓိက တာဝန်ယူ ဆောင်ရွက်ပေးရမည်ဖြစ်သည်ဟု
ရန်ကုန်မြို့တော်အင်္ဂါရပ်နှင့်အညီ အဆောက် အအုံများဆောက်လုပ်မှု စိစစ်ရေးကော်မတီမှ
ပြေားရေးဆိုခွင့်ရှိသူ ဦးရဲမင်းဦးက ပြောသည်။
"အခု ပထမအပိုင်းစစ်နေတဲ့ ၆၄ လုံး ထဲမှာတင် JV အလုံးတွေလည်း ပါပါတယ်။ နောက်ထပ်စစ်မယ့်
၁၈၅ လုံးထဲမှာလည်း အိုးအိမ်၊ စည်ပင်၊ တပ်မတော်၊ ၀န်ကြီးဌာန တွေနဲ့ ပုဂ္ဂလိကဆောက်လုပ်ရေး
ကုမ္ပဏီတွေ အကျိုးတူ ပူးပေါင်းဆောက်လုပ်ထားတဲ့ ဲဠ အဆောက်အအုံတွေလည်း အများကြီး
ပါတယ်။ ကျွန်တော်တို့က ပုဂ္ဂလိကနှင့် အစိုးရနဲ့ ဖက်စပ်အဆောက်အအုံအားလုံးကို စစ်ပါတယ်။
ဖယ်ရမယ်ဟာတွေ၊ ပြင်ရမယ့် အပိုင်းတွေ တွေ့လာရင် မြေပိုင်ရှင် ၀န်ကြီး ဌာနဘက်က တာဝန်ယူ
လုပ်ပေးရမယ်။ ကျွန်တော်တို့က ကျွန်တော်တို့ စည်းကမ်း ချက်အတိုင်း စစ်နေတာ ဖြစ်တဲ့အတွက်
ဘယ်သူ့မြေကြီးဖြစ်လို့ ချန်ထားတယ်ဆိုတာတော့မရှိဘူး"ဟု ၎င်းက ပြောသည်။
ရန်ကုန်မြို့တော်ကို မြို့ပြအင်္ဂါရပ်နှင့် အညီဖြစ်ပေါ်စေရန် သွားရောက်စစ်ဆေးခဲ့သည့်
အဆောက်အအုံများကို စည်းမျဉ်း စည်းကမ်း သုံးချက်ဖြစ်သည့် ရေစီးရေလာ ကောင်းမွန်စေရေး မိမိတို့၏စရိတ်ဖြင့် ပြန်လည် ပြင်ဆင်ပေးရန်၊ အမှန်တကယ် လုံလောက်ပြည့်စုံသည့် ကားပါကင်
ဒီဇိုင်း များ ပြန်လည်ပြုပြင်ရန်၊ စတီးလ် (Steel Structure) အဆောက်အအုံများ ဖြစ်ပါက
တစ်နာရီအထိ မီးလောင်မှုဒဏ် ခံနိုင်စေ ရမည့် စနစ်အတိုင်း ပြန်လည်ပြုပြင်ပေးရန်ဟူသည့် အချက်သုံးချက်ဖြင့် ပြန်လည်စစ် ဆေးနေခြင်းဖြစ်သည်ဟု ဦးရဲမင်းဦးက ပြောကြားသည်။
၀န်ကြီးဌာန၊ တပ်မတော်ပိုင်မြေများပေါ် တွင် ပြည်တွင်း ပြည်ပဆောက်လုပ်ရေး ကုမ္ပဏီများဖြင့်
အကျိုးတူ ပူးပေါင်းဆောက် လုပ်ရာတွင် ထွက်ရှိလာသည့် အခန်းများကို အချိုးကျ တစ်ဝက်စီရယူ
သည့်စနစ်၊ သို့မဟုတ် မြေနေရာစိုက်ထုတ်သည့် ၀န်ကြီးဌာနမှ အခန်းစုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းကို
ရယူသည့် စနစ်၊ နှစ်ရှည်စနစ်ဖြင့် မြေနေရာသီးသန့် ငှားရမ်းခပေးဆောင်သည့် စနစ်သုံးမျိုးဖြင့်
ပူးပေါင်းလုပ်ကိုင်နေကြခြင်းဖြစ်သည်။
"ပြီးခဲ့တဲ့ အစိုးရလက်ထက်တုန်းကလည်း စည်းမျဉ်းတွေက သေသေချာချာ မရှိသေးတော့
စည်ပင်ဘက်ကလည်း ရှိတဲ့စည်းမျဉ်း တွေနဲ့ ခွင့်ပြုခဲ့တာဖြစ်တယ်။ အခုမှ အဲဒီ စည်းမျဉ်းတွေနဲ့
ကိုင်စစ်တော့ ပြဿနာတက် ကုန်တယ်။ ကျွန်တော်တို့စီမံကိန်းဆို တင်ဒါ ခေါ်တဲ့ ၃၃ ဖွဲ့ပြိုင်ပြီးမှ ရတာ။
ပြောချင်တာ ကတော့ အရင်အစိုးရလက်ထက်ကလည်း အရမ်းကာရော ခွင့်ပြုခဲ့တာတော့ မဟုတ်ဘူး" ဟု
ကန်ရိပ်သာစီမံကိန်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် အကျိုးတူ
ပူးပေါင်းဆောက်လုပ်နေသည့် Asia Myanmar Consortium Development မှ ဒါရိုက်တာ
ဦးငြိမ်းအောင်က ပြောသည်။
















