ရန်ကုန်မြို့က အထပ်မြင့်အဆောက်အအုံတွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စားပြု
စိစစ်ရေးကော်မတီကစစ်ဆေးလျက်ရှိရာမှာ ပထမအသုတ် စစ်ဆေးမှုရလဒ်တွေ
ပေါ်ထွက်ခဲ့ပြီးနောက် စီးပွားရေးအရ ထိခိုက်နစ်နာမှုနဲ့ အစိုးရသစ်ရဲ့ အထပ်မြင့်
အဆောက်အအုံမူဝါဒသစ်အပေါ် လုပ်ငန်းရှင်တွေကဝေဖန်ထောက် ပြနေကြပါတယ်။
ရန်ကုန်မြို့မှာ တည်ဆောက်ရေးလုပ်ငန်း တွေ ရပ်နားထားရတဲ့ ရာနဲ့ချီတဲ့ အထပ်မြင့်
အဆောက်အုံတွေရဲ့ စီးပွားရေးအရ ထိခိုက် နိုင်မှုဟာ အမေရိကန်ဒေါ်လာ ငါးဘီလျံကနေ
ခြောက်ဘီလျံလောက်ထိ ရှိနိုင်တယ်လို့ လွန်ခဲ့တဲ့ရက်သတ္တပတ်အတွင်းမှာ ပြုလုပ်တဲ့
အထပ်မြင့်အဆောက်အအုံ စိစစ်ခံရမှုနဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဆောက်လုပ်ရေး
လုပ်ငန်းရှင်တွေက ပြောပါတယ်။
ဒီငွေပမာဏက နှစ်လကျော်ကြာ ရပ်နား ခံထားရတဲ့ အဆောက်အအုံ ၁၈၅ လုံး အတွက်
ထိခိုက်နစ်နာမှုကို ခန့်မှန်းတွက်ချက် ထားတာဖြစ်ပြီး ဇူလိုင် ၁၂ ရက်က ထုတ်ပြန် လိုက်တဲ့
ခွင့်ပြုမိန့်ရရှိပြီး အထပ်မြင့် ၁၂ လုံး အပေါ် စစ်ဆေးမှုရလဒ်အရ အထပ်လျှော့ချ ခံရတာကြောင့်
အမေရိကန်ဒေါ်လာ သန်း ၃၄၀ ခန့်အထိ ဆုံးရှုံးမှာ ဖြစ်တယ်လို့လည်း ဆောက်လုပ်ရေးလုပ်ငန်း
ရှင်တွေက ဆိုပါတယ်။
"ဖြစ်နိုင်ရင်တော့ ကျွန်တော်တို့ အထပ်ကို လုံးဝ မလျှော့ချင်ပါဘူး။ အရင်မူဝါဒနဲ့ ခွင့်ပြု ချက်ရထားတဲ့
အတိုင်းပဲ ဆက်ဆောက်ချင် ပါတယ်။ ကျွန်တော်တို့က အခွင့်ထူးခံသမား တွေလို ကိုယ့်စီးပွားထိခိုက်
မှာကိုပဲ ကြည့်ပြီး ပြောနေတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ နစ်နာမှုတွေအတွက် အသနားခံနေတာပါ" ဟု MKT ဆောက်လုပ်ရေးကုမ္ပဏီဥက္ကဋ္ဌ ဦးမျိုးမြင့်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ဦးမျိုးမြင့်က အထပ်လျှော့ချခံရတဲ့ အထပ်မြင့်အဆောက်အအုံ ၁၂ လုံးရဲ့ လုပ်ငန်းရှင်တွေထဲမှာ
မပါ၀င်ပေမဲ့ မူဝါဒ အားဖြင့် ပြန်စိစစ်ခံဖို့ လုပ်ငန်းရပ်နားခံထား ရတဲ့ အဆောက်အအုံ ၁၈၅ လုံးရဲ့
လုပ်ငန်း ရှင်တွေထဲမှာ ပါ၀င်နေပါတယ်။ "ပထမအနေ နဲ့တော့ ငွေကြေးဆုံးရှုံးမှုပေါ့။ နောက်ဆက်တွဲ
တွေက ကျွန်တော်တို့ ယုံကြည်မှုတွေနဲ့ လုပ် ထားတဲ့ အခန်းကြိုဝယ်ယူထားတဲ့သူတွေ၊ အကျိုးတူပူးပေါင်းထားတဲ့ နိုင်ငံခြားကုမ္ပဏီတွေ၊ ချေးငွေယူထားတဲ့ ဘဏ်တွေနဲ့ ကတိ ကဝတ်တွေ
ပျက်ပြားရပါမယ်။ ကျွန်တော် တို့ကို မှီခိုနေတဲ့ အလုပ်သမားတွေ အများကြီး လည်း ပါလာမှာပေါ့။
နောက်ဆုံး ကျွန်တော်တို့ဘဏ်တိုးတွေကိုတော့ ရနိုင်သမျှ ဆပ် မှာပဲ။ မရနိုင်ရင်လည်း ဒေဝါလီခံတဲ့ ဘဝမျိုး တော့ ရောက်သွားမှာပါ"လို့ ၎င်းက ပြောကြားခဲ့တာပါ။ အစိုးရသစ်က ဖွဲ့စည်းခဲ့တဲ့
ရန်ကုန်မြို့ တော်အင်္ဂါရပ်နှင့်အညီ အဆောက်အအုံများဆောက်လုပ်မှု စိစစ်ရေးကော်မတီက အထပ်မြင့်အဆောက်အအုံတွေကို ပြန်လည် စိစစ်ရာမှာ ချမှတ်လိုက်တဲ့ မူဝါဒအသစ်က
ဆောက်လုပ်ခွင့်ပါမစ်တွေကို ပြင်ဆင်၊ ဖျက် သိမ်းလိုက်တဲ့ ၎င်းတို့အဖွဲ့အစည်းအတွင်းက
လူပုဂ္ဂိုလ်တချို့သာ သိရှိလို့ ပွင့်လင်းမြင်သာ မှုမရှိတဲ့ လိုရာဆွဲ မူဝါဒတစ်ခုလို့ ဆောက်လုပ်ရေး
လုပ်ငန်းရှင်တွေက ပြောပါတယ်။
"နဂိုမူဝါဒနဲ့ အောင်ပြီးသား တစ်ခုကို နောက်မူဝါဒချမှာစိုးလို့ ဒါကို ဖျက်သိမ်းထားကို လက်မခံပါဘူး။ ကျွန်တော်တို့အဆောက်အအုံ တွေကို ရပ်နားဖို့ ထုတ်ပြန်တဲ့အချိန်ထိပြန်လည် စိစစ်မယ့်အဖွဲ့က
မဖွဲ့ရသေးပါဘူး။ ကော်မတီ ရဲ့ စစ်ဆေးသွားတဲ့ မူဝါဒတွေကို သတင်းမီဒီ ယာ တွေကိုတောင်
ချပြခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဖြစ်စေချင်တာက တကယ် ပြန်စစ်မယ်ဆိုရင်လည်း
နဂိုမူဝါဒနဲ့ ကိုက် မကိုက်ကိုပဲ ပြန်စစ်တာမျိုးပဲ ဖြစ်စေချင် ပါတယ်"ဟု ဦးမျိုးမြင့်က ပြောပါတယ်။
MKT ဆောက်လုပ်ရေးကုမ္ပဏီ၏ ဥက္ကဋ္ဌ ဦးမျိုးမြင့်က မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ
အသင်း အဖွဲ့ဝင်တစ်ဦး ဖြစ်သလို ရန်ကုန်မြို့တော်အင်္ဂါရပ်နဲ့အညီ အဆောက်အအုံများဆောက်လုပ်မှု
စိစစ်ရေးကော်မတီက အထပ်လျှော့ခံ အထပ်မြင့် ၁၂ လုံးရဲ့ ကွင်းဆင်းစစ်ဆေးမှုမှာလည်း အသင်း
ကိုယ်စားပြုအနေနဲ့ ပါ၀င်ခဲ့သူဖြစ်ပါတယ်။
သူ့အနေနဲ့ စစ်ဆေးမှုတွေ့ရှိချက် အစီရင်ခံစာကို ထုတ်ပြန်ဖို့ ဆုံးဖြတ်တဲ့ အစည်းအဝေးတွေမှာ
ပါ၀င်တင်ပြခွင့် မရ ခဲ့ဘဲ အဆုံးသတ် အဖြေထုတ်ပြန်ချက်ကို သက်ဆိုင်ရာ အသင်းအဖွဲ့တွေရဲ့
အကြီးအကဲ တွေနဲ့ လုပ်ပိုင်ခွင့်ရှိသူတွေက သုံးသပ် ဆုံးဖြတ်ခဲ့ကြတယ်လို့လည်း ဆိုပါတယ်။
အထပ်လျှော့ခံ အထပ်မြင့် အဆောက် အအုံလုပ်ငန်းရှင်တွေအနေနဲ့ လက်ရှိအနေ အထားမှာ
ကော်မတီက ညွှန်ကြားထားတဲ့ အတိုင်း ချက်ခြင်း လိုက်နာဆောင်ရွက်ဖို့ အနေအထားမရှိသေးဘဲ
သက်ဆိုင်ရာ တာဝန်ရှိသူတွေထံ အသနားခံစာတင်ပြီး လွှတ်တော်ပိုင်းဆိုင်ရာတွေနဲ့လည်း
တွေ့ဆုံကာ ၎င်းတို့ရဲ့နစ်နာမှုတွေကို တင်ပြ အကူ အညီတောင်းခံသွားမယ်လို့ ဆိုပါတယ်။
"အကယ်၍ ရပ်နားခံထားရတဲ့ ၁၈၅ လုံး ရော၊ အထပ်လျှော့ခံ ၁၂ လုံးရော သူတို့ ညွှန်ကြားချက်
အတိုင်း ခေါင်းငြိမ့်ပြီး လိုက်နာ မယ်ဆိုရင်တောင် လုပ်ငန်းတွေအကုန်လုံး က အစကနေ ပြန်စ
ရမှာဖြစ်လို့ ဒီဆောက် လုပ်ရေးလုပ်ငန်း လောကကြီးတစ်ခုလုံးက တစ်နှစ်ကျော်လောက်ထိ
ဆိုင်းငံ့သွားမှာပါ။ ဒီလောကကြီးတစ်ခုလုံး ကျဆုံးသွားမယ့် အနေအထားပါ။ တစ်နှစ်ကျော်ကာလကို တော်ရုံသင့်ရုံ တောင့်မခံနိုင်ပါဘူး"ဟု ဦးမျိုးမြင့်က ပြောပါတယ်။
တစ်ဆက်တည်းမှာပဲ စိစစ်ရေးကော်မတီ ကလည်း အခုလို အထပ်မြင့်အဆောက်အအုံ များစွာကို
တစ်ပြိုင်နက်တည်း ပထမဦးဆုံး အနေဖြင့် စစ်ဆေးလိုက်ခြင်းဖြစ်တဲ့အတွက် လုပ်ငန်းရှင်များရဲ့
ဝေဖန်သံတွေ ရှိလာခြင်း ဖြစ်ပြီး နောက်ပိုင်းတွင် လုပ်ငန်းရှင်များ ကိုယ်တိုင် မူဝါဒသစ်များကို
သိရှိသွားမည် ဖြစ်ကာ ပါမစ်လျောက်ထားမှုတွင် အဆင်ပြေ သွားမည်ဖြစ်သည်ဟု စိစစ်ရေးကော်မတီ
ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
လက်ရှိအချိန်ထိ ရန်ကုန်မြို့အတွက် ပြီးခဲ့တဲ့အစိုးရလက်ထက်မှာ ရေးဆွဲခဲ့တဲ့ မြို့မြေအသုံးချမှုဇုန်၊
အထပ်မြင့်ကန့်သတ်ဇုန် စတဲ့ ဥပဒေများက မူကြမ်းအဆင့်သာရှိနေပြီး ဥပဒေပြုနိုင်သည့်အဆင့်ထိ
မရှိသေးပေ။ အစိုးရသစ်လက်ထက်တွင် ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်က မြို့ပြစီမံကိန်းအသစ ်
ပြန်လည်းရေးဆွဲမယ်လို့ လွှတ်တော်အစည်း အဝေးမှာ ပြောကြားထားပါတယ်။
အဆောက်အအုံဆောက်လုပ်ခွင့်နဲ့ ပတ်သက်ပြီးလည်း တိုင်းဒေသကြီးအစိုးရသစ်က
ယခင်မူဝါဒအပြင် မူဝါဒသစ်ကို အသုံးပြုရန် လိုလားနေခဲ့သော်လည်း မူဝါဒ သစ်ကို
ပြည်သူလူထုထံ တိတိကျကျ ချမပြ နိုင်ခင်မှာ ယခင်မူဝါဒနဲ့ ခွင့်ပြုပေးခဲ့တဲ့ အဆောက်
အအုံတွေကို စိစစ်တာဟာ ပွင့်လင်းမြင်သာမှု မရှိဘူးဆိုတဲ့ ဝေဖန်မှု တွေလည်း ပေါ်ထွက်နေ
ပါတယ်။ မြို့ပြအင်္ဂါရပ်ကို ထိန်းသိမ်းလိုတဲ့ အစိုးရသစ်ကလည်း ရန်ကုန်မြို့မှာ ဆောက်လုပ်ဖို့
စိုင်းပြင်းနေတဲ့ အထပ်မြင့်အဆောက်အအုံ စီမံကိန်းတွေကို ပြန်လည်တင်းကျပ်မှုနဲ့ ၀န်ကြီးချုပ်
ဦးဖြိုးမင်းသိန်း သုံးနှုန်းခဲ့တဲ့ စံနှုန်း ပျက်နေတဲ့ ရန်ကုန်မြို့ကို ပြန်လည်ထိန်း သိမ်းဖို့ မြို့နေလူထုကို
လိုက်နာဖို့ နမူနာ ပေးသည့် သဘောပါပုံရတယ်လို့လည်း တချို့ က တွေးထင်နေကြပါတယ်။
အထပ်လျှော့ချခဲ့တဲ့စီမံကိန်းတွေရဲ့ အဓိကအကြောင်းရင်းတွေက ရန်ကုန်မြို့ မှာ ရင်ဆိုင်နေရတဲ့ ကားပိတ်ဆို့မှုပြဿနာ၊ ရေကြီးမှုပြဿနာ၊ မြေအောက်ရေသုံးစွဲမှု ပြဿနာ စတဲ့ပြဿနာတွေကို လျော့နည်း စေမယ့်
အချက်တွေကို စိစစ်ပြီး အထပ်တွေကို လျော့ချခဲ့ရတာကို တွေ့ရပါတယ်။ ကော်မတီအနေနဲ့လည်း
နောက်ပိုင်း တည်ဆောက်မယ့် အဆောက်အအုံတွေကို စိစစ်တဲ့နေရာမှာ မြို့တော်အင်္ဂါရပ်ကို
ထိန်းသိမ်းမယ့် မူဘောင်တွေကို ရေးဆွဲပြီး အစိုးရ ကို တင်ပြသွားမယ်လို့ ကော်မတီရဲ့ ပြောရေး
ဆိုခွင့်ရှိသူ ဦးရဲမင်းဦးက ပြောကြားခဲ့သလို အကြမ်းဖျင်းရေးဆွဲပြီးစီးနေတဲ့ အဆောက် အအုံဆောက်လုပ်ခွင့်
မူဝါဒသစ်က ရန်ကုန် မြို့အင်္ဂါရပ်ကို ဦးစားပေးထိန်းသိမ်းမယ့် မြို့ပြ ဆိုင်ရာ စံချိန်စံညွှန်းတွေကို အဓိကထည့်သွင်း ရေးဆွဲထားနိုင်တယ်လို့ ယူဆရပါတယ်။
ပြီးခဲ့တဲ့အစိုးရလက်ထက်ကစပြီး စီးပွားရေး တံခါးဖွင့်ပေးခဲ့မှုတွေနဲ့အတူ ပြည်တွင်းပြည်ပ
ရင်းနှီးမြှုပ်နှံသူတွေရဲ့ နိုင်ငံတကာအဆင့်မီ တည်ဆောက်သွားမယ်ဆိုတဲ့ မိုးမျှော်အထပ်မြင့်
အဆောက်အအုံတွေဟာ အနာဂတ် ရန်ကုန်ရဲ့ မြို့ပြအင်္ဂါရပ်ကို ထိန်းသိမ်းရင်း ဆက်ရှိနေဦး
မလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။
လုပ်ငန်းရှင်တွေကတော့ လက်ရှိအစိုးရ သစ်ရဲ့ စီးပွားရေးမူဝါဒသစ်ကို မချပြနိုင်သေးတဲ့
အနေအထားမှာ နိုင်ငံတကာရင်းနှီးမြှုပ်နှံ မှုများက စောင့်ကြည့်အနေအထားနဲ့ နိုင်ငံ တွင်းရင်းနှီးမြှုပ်နှံမှုဝင်ရောက်ခြင်းက လျော့နည်းနေသည့်အပြင် ပြည်တွင်းအိမ်ခြံမြေလုပ်ငန်း
ကလည်း ကျဆင်းနေတာ တစ်နှစ်ကျော် ကြာပြီဖြစ်ပါတယ်။
အိမ်ခြံမြေလုပ်ငန်းကျဆင်း နေတဲ့အချိန်မှာ အစိုးရသစ်ရဲ့ညွှန်ကြားချက် တွေကြောင့် ဆောက်လုပ်ရေး
လုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ရတာကြောင့် ရေရှည်မှာ နိုင်ငံရဲ့ စီးပွားရေးတွေကို များစွာထိခိုက်နိုင်တယ် လို့
လုပ်ငန်းရှင်တွေက သုံးသပ်ကြပါတယ်။ လတ်တလောမှာ ဆောက်လုပ်ရေးစီမံကိန်း ၁၀၀
ကျော်ရပ်နားထားရခြင်းကြောင့် အလုပ်လက်မဲ့ဖြစ်သည့် အလုပ်သမားဦးရေဟာ ခန့်မှန်းခြေ
လေးသောင်းမှ၊ ငါးသောင်း ထိရှိတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင် တွေက ပြောပါတယ်။
"အကြီးစားစီမံကိန်းတစ်ခုဆို အလုပ် သမား ၅၀၀ လောက် သုံးရပါတယ်။ အလတ် စားနဲ့
အသေးစားစီမံကိန်းတွေဆို အလုပ်သမား ၂၀၀ ကနေ ၃၀၀ လောက်ထိ သုံးရတာ။ အခု
စီမံကိန်း ရာကျော်ရပ်နားထားရတော့ သောင်းနဲ့ချီ အလုပ်သမားတွေ အလုပ် လက်မဲ့ဖြစ်ကုန်ပါတယ်"ဟု
ဦးမျိုးမြင့် က ပြောပါတယ်။
တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အထပ် မြင့် စိစစ်ရေးကော်မတီကတော့စစ်ဆေး ရေးလုပ်ငန်းတွေကို
ဆက်လက်ဆောင် ရွက်နေပြီး ရပ်နားထားရတဲ့ အဆောက် အအုံ ၁၈၅ လုံး စစ်ဆေးမှုရလဒ်ကလည်း
အထပ်လျှော့ခံ အဆောက်အအုံ ၁၂ လုံးလိုပင် အဖြေပြောင်းလဲ မှုရှိနိုင်တယ်လို့ ဆိုပါတယ်။
















