အထပ်မြင့်အဆောက်အအုံစီမံကိန်းများ မူအသစ်ဖြင့် ပြန်လည်လျှောက်ထားရမည် ဆိုသည့်အပေါ် လုပ်ငန်းရှင်များ ဝေဖန်

အထပ်မြင့်အဆောက်အအုံစီမံကိန်းများ မူအသစ်ဖြင့် ပြန်လည်လျှောက်ထားရမည် ဆိုသည့်အပေါ် လုပ်ငန်းရှင်များ ဝေဖန်

ယခင်အစိုးရလက်ထက်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ခွင့်ပြုထား သည့်အဆောက်အအုံများမှာ ဆောက်လုပ် ရေးလုပ်ငန်းများ မစတင်သေးသော်လည်း
အစိုးရသစ်၏ မူဝါဒအသစ်ဖြင့် ပြန်လည် လျှောက်ထားရမည့်အပေါ် ဆောက်လုပ်ရေး
လုပ်ငန်းရှင်များက ဝေဖန်နေကြသည်။

"သူတို့က ဆိုက်တွေထဲအထိ လာဆင်း မကြည့်ဘူး။ ကျွန်တော်တို့လုပ်ငန်းရှင်တွေဘက်က
ပြောချင်တာကတော့ ဆိုက်တွေထဲအထိ လာကြည့်ပါ။ စည်ပင်က ဆိုင်းဘုတ်အဝါတွေ
ထုတ်ပြီးကတည်းက ဆိုက်တော်တော်များ များ ပိုင်စမ်းတာတွေ လုပ်ပြီးကြပါပြီ။ ခွင့်ပြု မိန့်ကျပြီး
သုံးလလောက်အထိ မြေကွက်မှာ ပိုင်စမ်းရတယ်။ ဒီအဆင့်မှာတင် ကုမ္ပဏီတွေဘက်က ဒေါ်လာ
လေးသန်းလောက်ထိ ကုန် ကျနေပြီ။ အဲဒါတွေကို မကြည့်ဘဲ ဘာအလုပ်မှ မလုပ်ရသေးတဲ့
မြေကွက်ဆိုပြီး စစ်လည်း မစစ်ဘူး။ ပုံစံအသစ် ပြန်တင်ခိုင်းနေတယ်" ဟု ၂၇ ထပ်ရှိ
အဆောက်အအုံကို မူအားဖြင့် ဆောက်လုပ်ခွင့်ရရှိထားသည့် ရွှေဇမ္ဗူထိပ် ဆောက်လုပ်ရေး
ကုမ္ပဏီ၏ အုပ်ချုပ်မှူ ဒါရိုက်တာ ဦးသန်းနိုင်က ပြောသည်။

ယခင်အစိုးရလက်ထက်တွင် မူအားဖြင့် ခွင့်ပြုထားပြီးဖြစ်သည့် အထပ်မြင့်အဆောက်အအုံစီမံကိန်း
၁၈၅ ခုအနက် လုပ်ငန်းလုပ် ဆောင်နေသည့် အဆောက်အအုံ ၅၁ လုံးကို ဇူလိုင် ၂၉ ရက်တွင်
အပြီးသတ်စစ်ဆေး မည်ဖြစ်သည်။ တည်ဆောက်ရေးလုပ်ငန်း များ စတင်လုပ်ကိုင်ရခြင်း
မရှိသေးသည့် အဆောက်အအုံ ၁၃၄ လုံးကိုမူ မကြာမီ အသစ်ရေးဆွဲ ပြဋ္ဌာန်းပေးမည့်
မူဝါဒသစ် များဖြင့် ပြန်လည် လျှောက်ထားရမည်ဖြစ်၍ ဆောက်လုပ်ရေးလုပ်ငန်းရှင်များက
ဝေဖန် နေကြခြင်းဖြစ်သည်။

"ခွင့်ပြုမိန့် ပြန်တင်ရမယ်ဆိုရင် ဒီဇိုင်း ဆွဲခတွေ ပြန်ကုန်ဦးမယ်။ ပြီးခဲ့တဲ့အစိုးရ
လက်ထက်တုန်းကလည်း ဒီဇိုင်းဆွဲလိုက် ပြင်လိုက် ပြန်တင်ပြလိုက်နဲ့ အချိန်တွေ ကြာခဲ့ပြီးပြီ။
တော်တော်များများကလည်း အဆောက်အအုံသာ မဆောက်ရသေးတာ ပိုင်စမ်းသပ်တာတွေ
လုပ်ထားနေကြတယ်။ လုံးဝ မူခွင့်ပြုပြီး ဘာမှမလုပ်တဲ့ အဆောက် အအုံကတော့
တော်တော်လေးနည်းပါတယ်" ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးစိုးမြင့်အောင်က
ပြောသည်။ ဆောက်လုပ်ရေးကုမ္ပဏီ အများစုမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ
ခွင့်ပြုမိန့်ရရှိပါက လုပ်ငန်းခွင်အတွက် လိုအပ် သည့် ဆောက်လုပ်ရေးသုံးပစ္စည်းများ၊ စက်ယန္တရားများ
၀ယ်ယူဖြည့်တင်းခြင်းကို ကြို တင်ပြုလုပ်ထားရသည်။ အထပ်မြင့် တည် ဆောက်ရေးလုပ်ငန်းများ
စတင်လုပ်ကိုင်ခြင်း မပြုမီ အချိန်ကာလတွင် အဓိကကျသည့် မြေသားခိုင်ခံ့မှုကို စမ်းသပ်စစ်ဆေးသည့်
လုပ်ငန်းများအတွက်လည်း အချိန်နှင့် ငွေကြေး ရင်းနှီးမြှုပ်နှံထားသည်။

တည်ဆောက်ရေးလုပ်ငန်းများ စတင်ခြင်း မရှိသေးသည့် အထပ်မြင့် အဆောက်အအုံ များအတွက်
မူအသစ်ဖြင့် ပြန်လည်လျှောက် ထားရန်လိုအပ်ပြီး အထပ်မြင့်အဆောက် အအုံများ ပြန်လည်စိစစ်သည့်
လုပ်ငန်းစဉ် သည်လည်း မကြာမီ ပြီးစီးတော့မည်ဖြစ် သည်ဟု ရန်ကုန်မြို့တော်အင်္ဂါရပ်နှင့်အညီ အဆောက်အအုံများ ဆောက်လုပ်မှုစိစစ်ရေး ကော်မတီ ပြောရေးဆိုခွင့်ရှိသူ ဦးရဲမင်းဦးကပြောသည်။

"၅၁ လုံးကိစ္စက ဒီသောကြာမှာ စစ်ဖြစ်မယ်။ ကျန်တဲ့အလုံးတွေက မြေပြင်ပဲရှိသေးလို့
ဘာမှမလုပ်ရသေးဘူး။ မြေပြင်အလုံးတွေ က မူဘောင်အသစ် ချပေးလိုက်ရင် စည်ပင်က
အဲဒီမူဘောင်အတိုင်း ဆက်လုပ်သွားရုံပဲ။ သူတို့က အများကြီးပြန်စစ်တာတွေ ပြန်လုပ်စရာ
မလိုတော့ဘူးလေ။ လက်ရှိစစ်ဆေးနေ တဲ့ လုပ်ငန်းစဉ်တွေကြောင့် အချိန်ကြာလာ ရင်နစ်နာမှုတွေ
ရှိလာနိုင်တဲ့အတွက် စစ်ဆေးတဲ့ကိစ္စကို မြန်မြန်စစ်ဆေးမယ်လို့ ၀န်ကြီးချုပ်ကလည်း
ကြေညာထားပြီးပါပြီ" ဟု ၎င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်