အထပ်မြင့်အဆောက်အအုံ ၁၂ လုံးကို ထပ်မံစိစစ်နေ

အထပ်မြင့်အဆောက်အအုံ ၁၂ လုံးကို ထပ်မံစိစစ်နေ

တိုင်းဒေသကြီးအစိုးရအဖွဲ့ စိစစ်ရေး ကော်မတီက စစ်ဆေးခဲ့ပြီးနောက် အထပ် မြင့်အဆောက်အအုံ
၁၂ လုံးကို အထပ် လျှော့ချရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက
ညွှန်ကြားထားပြီးဖြစ်သော်လည်း လွန်ခဲ့သော ရက်သတ္တပတ်တွင် ရန်ကုန်မြို့တော်ဝန်နှင့်
စိစစ်ရေးကော်မတီ ဥက္ကဋ္ဌတို့က အထပ်လျှော့ခံအဆောက်အအုံ များကို ထပ်မံစိစစ်နေသည်ဟု
တာဝန်ရှိသူ များက ပြောသည်။

အထပ်လျှော့ခံအဆောက်အအုံ ၁၂ လုံး ကို တာဝန်ရှိသူများက ပြန်လည်စစ်ဆေး ခဲ့ပြီးနောက်
ဆောက်လုပ်ရေးလုပ်ငန်းများ ကို ပြန်လည်ခွင့်ပြုပေးခဲ့သည်ဟုလည်း အထပ်မြင့်ဆောက်လုပ်ရေး
လုပ်ငန်းရှင် ဦးကျော်ရင်က ပြောသည်။ "ကျွန်တော်တို့ အထပ်လျှော့ခံရတဲ့ အဆောက်အအုံ ၁၂ လုံး
စလုံးကို ပြန်ခွင့်ပြု တော့မှာ။ အခုသုံးလုံးက ပြီးခဲ့တဲ့ သောကြာ မှာ မြို့တော်ဝန်က ကွင်းဆင်းပြီးစစ်တယ်။
ကျန်တဲ့ ကိုးလုံးကိုလည်း ဒေါ်နီလာကျော်နဲ့ မြို့တော်ဝန်က အားရင်အားသလို စစ်ဆေး ပြီးတော့
ခွင့်ပြုပေးမယ်လို့ လုပ်ငန်းရှင် တွေကို တွေ့ဆုံပြီး ပြောတယ်" ဟု ၎င်းက ဩဂုတ် ၁ ရက်တွင်
ပြောသည်။

သို့သော်လည်း အဆိုပါအထပ်မြင့် အဆောက်အအုံ ၁၂ လုံးကို နဂိုမူဝါဒဖြင့် ပြန်လည်ဆောက်လုပ်ခွင့်
မပြုသေးကြောင်း နှင့် အထပ်မြင့် ၁၂ လုံးအနက် သုံးလုံးကို ကွင်းဆင်းစစ်ဆေးပြီးစီးသည့် အနေအထား
သာရှိသည်ဟု စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဒေါ်နီလာကျော်က ပြောကြားသည်။ "ကျွန်မတို့
ပြန်လည်ဆောက်လုပ်ခွင့် မပြုသေးပါဘူး။ သူတို့ဘက်က သူတို့လာ တွေ့တယ်။ နောက်ပြီး
ဖြေရှင်းချက်တွေ တင်ဖို့ရှိသေးတယ်။ သုံးလုံးက ဖြေရှင်းချက် လာတင်တာ စောတော့
ကွင်းဆင်းစစ်ပြီး ပါပြီ။ ကျွန်မတို့ဘက်က ဒီလောက်ပဲ ပြောနိုင်ပါသေးတယ်" ဟု ၎င်းက
ပြောသည်။

အစိုးရသစ်လက်ထက်တွင် ဖွဲ့စည်းခဲ့ သည့် ရန်ကုန်မြို့အင်္ဂါရပ်နှင့် ကိုက်ညီမှု ရှိ၊ မရှိ စိစစ်ရေးကော်မတီက
အထပ်မြင့် အဆောက်အအုံများကို ပြန်လည်စိစစ်မှု များ ပြုလုပ်ရာတွင် ယခင်က သုံးစွဲခဲ့သည့်
မူဝါဒများအပြင် မြို့ပြထိန်းသိမ်းရေးမူဝါဒ များကိုပါ ထည့်သွင်းစိစစ်ခဲ့ခြင်းဖြစ်သည်။ ခွင့်ပြုမိန့်ရရှိပြီး
အထပ်မြင့် ၁၂ လုံးကို စိစစ်ရေးကော်မတီက ကွင်းဆင်းစစ်ဆေးပြီး မြို့ပြအင်္ဂါရပ်နှင့် ကိုက်ညီမှုမရှိသည့်
အချက် များကြောင့် အထပ်များလျှော့ချရန် ဇူလိုင် ၁၂ ရက်တွင် ညွှန်ကြားခဲ့သည်။ အထပ်လျှော့ ချခံ
အဆောက်အအုံ ၁၂ လုံး၏ လုပ်ငန်းရှင် များက ယင်းညွှန်ကြားချက်နှင့် စစ်ဆေးမှု များအပေါ်
ပွင့်လင်းမြင်သာမှုမရှိဘဲ မမျှတ သည့် ဆုံးဖြတ်ချက်များကြောင့် ဆောက် လုပ်ရေးလောကကို
ကြီးမားသည့် ထိခိုက်မှု များ ဖြစ်လာနိုင်သည်ဟု ဝေဖန်ခဲ့ကြသည်။

လုပ်ငန်းရှင်များက ၎င်းတို့၏ ထိခိုက် နစ်နာမှုများအတွက် အစိုးရအဖွဲ့ကို အသနားခံစာတင်ကာ ပြန်လည် လျှော့ပေါ့ ပေးရန် တောင်းဆိုသွားရန် စီစဉ်ခဲ့သော်လည်း
အသနားခံစာ တင်ပြခြင်းမပြုမီ မြို့တော်ဝန်နှင့် စိစစ်ရေးကော်မတီဥက္ကဋ္ဌတို့ က လုပ်ငန်းရှင်များကို
ခေါ်ယူတွေ့ဆုံခဲ့သည်။ "ကျွန်တော်တို့ဘက်က အသနားခံစာ တင်တာရော၊ ညှိနှိုင်းတာရော
မလုပ်ရသေး ခင် လာတွေ့ပါဆိုပြီး၊ ဖုန်းဆက်ပြီးပြောလို့ ကော်မတီဥက္ကဋ္ဌ ဒေါ်နီလာကျော်နဲ့
တွေ့ တယ်။ ကျွန်တော်တို့ဘက်က ရှင်းလင်းတဲ့စာ လေး တင်ရမယ်။ နဂိုမူအတိုင်းပဲ ခွင့်ပြုမယ့်
သဘောပါ။ သုံးလုံးကတော့ အလုပ်လုပ်ခွင့် ပေးလိုက်ပြီ"ဟု IVY ကွန်ဒိုမီနီယံဆောက်လုပ်ရေးမှ
ဦးကျော်ရင်က ပြောသည်။

အထပ်မြင့်အဆောက်အအုံများကို စိစစ် မှုသည် ခွင့်ပြုပြီး ယခင်မူဝါဒဖြင့် စိစစ်ခြင်း မဟုတ်ဘဲ တရားဝင်သတ်မှတ်ထားခြင်းမရှိ သေးသည့် အခြားမူဝါဒများဖြင့်ပါ စိစစ်ခဲ့ပြီး အထပ်လျော့ချရန်
ရလဒ်ထုတ်ပြန်ခဲ့သည့် အတွက် ဖြစ်ပေါ်လာမည့် ထိခိုက်နစ်နာမှု များကို မြို့တော်ဝန်က ပြန်လည်
ထည့်သွင်း စဉ်းစားကာ ယခင်မူအတိုင်း ပြန်ခွင့်ပြုခြင်း ဖြစ်သည်ဟု KBS ဆောက်လုပ်ရေးကုမ္ပဏီ
ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။ "မြို့တော်ဝန်က အရင်ဒီကိစ္စမှာ ပါ၀င် ပတ်သက်မှုမရှိဘူး။ အခုချိန်မှာ
မြို့တော်ဝန် ကိုယ်တိုင် ပြန်လည်စိစစ်တယ်။ သူတို့ ပထမ စဉ်းစားတုန်းက နိုင်ငံရေးတွေ၊ စီးပွားရေးတွေ
ထည့်သွင်းစဉ်းစားခြင်း မရှိဘူး။ ဗိသုကာအမြင်တစ်ခုတည်းပဲ စဉ်းစားခဲ့တဲ့ အတွက် မြို့တော်ဝန်က
ပြန်လည်သုံးသပ်ပြီး တော့ ယခင်မူအတိုင်းပဲ ဆက်လက်ခွင့်ပြု ဖို့ စဉ်းစားခဲ့တယ်" ဟု ၎င်းက ပြောသည်။

တည်ဆောက်ဆဲအဆောက်အအုံမှ အလုပ်သမားတစ်ဦးကို တွေ့ရစဉ်။အောင်မြင်ရဲဇော် / မြန်မာတိုင်း(မ်)

ယင်းအထပ်မြင့် ၁၂ လုံးကို ကော်မတီ တာဝန်ရှိသူများ၏ စစ်ဆေးမှုများတွင် အသုံးပြုခဲ့သည့်အချက်
အလက်အချို့မှာ ကိုက်ညီ မှုမရှိသည့်အတွက် အဆိုပါကော်မတီဥက္ကဋ္ဌ ကိုယ်တိုင် ပြန်လည်စိစစ်ပေး
သွားမည်ဟု အထပ်လျှော့ခံအဆောက်အအုံများတွင် ပါ၀င်ခဲ့သည့် KBS ဆောက်လုပ်ရေးမှ
တာဝန်ရှိသူတစ်ဦးက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်