သီလဝါ အထူးစီးပွားရေး ဇုန်၏ ဇုန်အပိုင်း(ခ)ကို နိုဝင်ဘာလတွင် စတင်တည်ဆောက်မည်

သီလဝါ အထူးစီးပွားရေး ဇုန်၏ ဇုန်အပိုင်း(ခ)ကို နိုဝင်ဘာလတွင် စတင်တည်ဆောက်မည်

သီလဝါအထူးစီးပွားရေးဇုန်၏ ဒုတိယအဆင့်စီမံကိန်းဇုန် အပိုင်း(ခ)မှ ပထမပိုင်း၏ တည်ဆောက်ရေး
လုပ်ငန်းများကို လာမည့် နိုဝင် ဘာလမှစတင်၍ မြေဧရိယာ ရ၀၀ ဟက်တာ ပေါ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ- ဂျပန် သီလဝါ ဖွံ့ဖြိုးရေး
လီမိတက်မှ အထွေ ထွေမန်နေဂျာ ဦးမြင့်ဇော်က ပြောသည်။

"စီမံကိန်းဇုန် အပိုင်း(ခ)ရဲ့ တည်ဆောက် ရေးကို ဒီနှစ်နိုဝင်ဘာမှာ စပါမယ်။ ဇုန်အပိုင်း (ခ)ရဲ့
ပထမပိုင်းက စုစုပေါင်းအကျယ် ရ၀၀ ဟက်တာ ရှိပါမယ်။ လမ်းတွေ၊ လျှပ်စစ်မီး သွယ်တန်းတာတွေ၊
ရေမြောင်းတွေအပါ အဝင် အခြေခံအဆောက်အအုံတွေကို အရင် လုပ်မယ်။ ကျွန်တော်တို့က
ဇုန်တစ်ခုပြီးတစ်ခု လုပ်သွားမှာဖြစ်လို့ ဇုန်တစ်ခုတည်းမှာတင် ပထမပိုင်းနဲ့ ဒုတိယပိုင်းဆိုပြီး
အပိုင်းတွေ ခွဲလုပ်သွားမှာပါ။ မဟုတ်ရင် စီမံကိန်း အကောင်အထည်ဖော်တဲ့နေရာက ပြန့်ကျဲပြီး
မစည်ကားတာမျိုးတွေ ဖြစ်သွားနိုင်လို့ပါ။ ဇုန်တစ်ခုမှာ တည်ဆောက်ရေးလုပ်ငန်းတွေ လည်းပြီးပြီ။
ရောင်းအားကလည်း ရ၅ ရာခိုင် နှုန်းအထက် ရောက်ပြီဆိုရင် နောက်ဇုန် အသစ်တစ်ခုထပ်လုပ်မယ်။
အဲဒီလို အစီ အစဉ်နဲ့ သွားနေတာပါ "ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံ၏ ပထမဆုံးအထူးစီးပွားရေး ဇုန်ဖြစ်သည့် သီလဝါအထူးစီးပွားရေးဇုန်ကို ၂၀၁၅ ခုနှစ်၊
စက်တင်ဘာလတွင် စီးပွားဖြစ် လုပ်ငန်းများ စတင်လည်ပတ်နိုင်ခဲ့ပြီး စုစု ပေါင်း မြေအကျယ်အဝန်း
၂,၄၀၀ ဟက်တာ ပေါ်တွင် တည်ဆောက်ရေးလုပ်ငန်းများကို ဇုန်များခွဲကာ အပိုင်းလိုက်
လုပ်ကိုင်နေခြင်း ဖြစ်သည်။

စီမံကိန်းပထမအဆင့်အနေဖြင့် မြေ ၄၀၄ ဟက်တာ (၉၆၉ ဒသမ ၆ ဧက) ပေါ်တွင်
တည်ဆောက်လျက်ရှိသည့် ဇုန်အပိုင်း(က) မှာ နိုင်ငံပေါင်း ၁၆ နိုင်ငံမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
ကုမ္ပဏီပေါင်း ရ၃ ခုကို နေရာချထားပေးခဲ့ပြီး ဖြစ်သည့်အတွက် မြေအကျယ် စုစုပေါင်း၏
၈၈ ရာခိုင်နှုန်းကို ငှားရမ်းခဲ့ပြီးဖြစ်ကြောင်း မြန်မာဂျပန် သီလဝါဖွံ့ဖြိုးရေးကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက
ပြောသည်။ "လက်ရှိက သီလဝါအထူးစီးပွားရေးဇုန် အတွင်းမှာ ရင်းနှီးမြှုပ်နှံဖို့ ရင်းနှီးမြှုပ်နှံသူ ရ၃ ဦးက သဘောတူလက်မှတ်ရေးထိုးပြီး မြေငှားရမ်းမှုက ၈၈ ရာခိုင်နှုန်းကျော် ပြီးစီး နေပါပြီ။ နောက်ထပ်ကုမ္ပဏီ
သုံးလေးခုက လည်း ဒီမှာရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ တစ်လ၊ နှစ်လ အတွင်းမှာ ဆုံးဖြတ်ချက်ချနိုင်တော့မှာဖြစ်ပါ
တယ်။ အစိုးရသစ် တာဝန်ယူပြီးတဲ့အချိန် ကစပြီး ကုမ္ပဏီအသစ် ငါးခုကလည်း သီလဝါ မှာ
ရင်းနှီးမြှုပ်နှံဖို့ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ဒါ့အပြင် စက်မှုဇုန်အတွင်းမှာ ကုမ္ပဏီ ၁၂ ခု က စတင်
လည်ပတ်နေပါပြီ။ ကုမ္ပဏီ ၂၅ ခုက တည်ဆောက်ရေးလုပ်ငန်းတွေ စတင်နေပြီ။ ကုမ္ပဏီ ၃၀ ကျော်
ကလည်း မိုးရာသီကုန်ရင် တည်ဆောက်ရေးလုပ်ငန်းတွေ စလုပ်တော့ မှာပါ"ဟု ကုမ္ပဏီ၏
အထွေထွေမန်နေဂျာ ဦးမြင့်ဇော်က ပြောသည်။

ထို့ကြောင့် လာမည့် ၂၀၁၇ ခုနှစ်အတွင်း အဆိုပါ ဇုန်အပိုင်း(က)အတွင်း ဆောက်လုပ် လျက်ရှိသည့်
အဆောက်အအုံများ ဆောက် လုပ်မှုများ ပြီးပြည့်စုံသည့် အခြေအနေသို့ ရောက်ရှိကာ လုပ်ငန်းများ စတင်လည်ပတ် နိုင်တော့မည်ဖြစ်ကြာင်း ၎င်းကပြောသည်။ သီလဝါ အထူးစီးပွားရေးဇုန်တွင်
နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများသည် ၎င်းတို့၏ မြေငှားရမ်းမှုအတွက် Myanmar Japan Thilawa
Development Limited (MJTD) နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအကြား သဘော တူညီချက်ရရှိရန်
ဆောင်ရွက်ရမည်ဖြစ်ပြီး ရရှိပြီး ခြောက်လအအတွင်း တည်ဆောက် ရေးလုပ်ငန်းများကို စတင်
လုပ်ကိုင်ရမည် ဖြစ်ကာ တည်ဆောက်ရေးလုပ်ငန်းများ စတင် ဆောက်လုပ်သည့်အချိန်မှ
နောက် ၁၈ လ အတွင်း လုပ်ငန်းများကို အပြီးသတ်ဆောင် ရွက်ရမည်ဖြစ်ကြောင်း
သတ်မှတ်ချက်များ ချမှတ်ထားသည်။ ထို့ပြင် တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးသည့်ကာလမှ
စတင်၍ ခြောက်လ အတွင်း စီးပွားရေးလုပ်ငန်းသုံး ထုတ်ကုန်များ ထုတ်လုပ်နိုင်သည့်အဆင့်အဖြစ်
ဆောင်ရွက် ရန်ကိုလည်း သတ်မှတ်ထားသည်။

နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများ အတွက် သီလဝါ အထူးစီးပွားရေးဇုန်၌ မြေ နေရာများကို
အငှားချထားရာတွင် မြေငှား ရမ်းခအဖြစ် တစ်မီတာပတ်လည် အကျယ် အဝန်းကို
အမေရိကန်ဒေါ်လာ ၈၀ သတ်မှတ် ကောက်ခံနေခြင်းဖြစ်သော်လည်း ဘဏ္ဍာရေး နှစ်အလိုက်
ဈေးနှုန်းအပြောင်းအလဲ ရှိနိုင် ကြောင်း ဦးမြင့်ဇော်က ပြောသည်။ "မြေငှားခတွေကို လက်ရှိ
ဘဏ္ဍာရေးနှစ် အလိုက် သတ်မှတ်ထားတာပါ။ ဇုန်အပိုင်း (က)အတွက် မြေငှားခတစ်ကြိမ်
သွင်းထား ပြီးရင် ၂၀၆၄ ခုနှစ်အထိ အလုပ်လုပ်လို့ ရတယ်။ အဲဒီအချိန်အထိ ထပ်သွင်းစရာ မလို
တော့ဘူး။ ပြီးရင် ၂၅ နှစ် ထပ်တိုးပြီး လုပ်လို့ ရသေးတယ်။ ဒါပေမဲ့ အဲဒီလိုထပ်မတိုးတိုး ဖို့က
အစိုးရအပေါ်လည်း မူတည်သေးတယ်။ နောက်ထပ် ၂၅ နှစ် ထပ်တိုးမယ်ဆိုရင်တော့ မြေငှားခ
ထပ်ပေးဖို့ လိုလိမ့်မယ်။ ဇုန်အပိုင်း (က)အတိုင်းပဲ အပိုင်း(ခ)မှာလည်း ဘယ်လို လုပ်ငန်းတွေပဲ
လုပ်ရမယ်ဆိုတဲ့ သတ်မှတ် ချက် မထားပါဘူး"ဟု ၎င်းကပြောသည်။ ထို့ပြင် သီလဝါအထူးစီးပွားရေးဇုန်တွင်
ရင်းနှီးမြှုပ်နှံမှုငွေပမာဏ စုစုပေါင်း အမေရိ ကန်ဒေါ်လာ သန်း ရ၆၀ ရရှိခဲ့ပြီး ထုတ်ကုန်
တင်ပို့မှုအတွက် တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၂၄၁ သန်းအထိ ရရှိနိုင်မည်ဖြစ်ကြောင်း
ဦးမြင့်ဇော်က ပြောသည်။

"လက်ရှိချိန်ထိ သီလဝါမှာ ရင်းနှီးမြှုပ်နှံမှု ပမာဏ ခန့်မှန်းခြေ ရ၆၀ သန်းရရှိခဲ့ပြီး ထုတ်ကုန်
တင်ပို့မှုအတွက် တစ်နှစ်မှာ အမေရိကန် ဒေါ်လာ ၂၄၁ သန်း ရရှိနိုင်မှာဖြစ်ပါတယ်။ နောင်နှစ်
အနည်းငယ်အတွင်း တိုးချဲ့လာမယ့် ရင်းနှီးမြှုပ်နှံမှုတွေနဲ့ဆို ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ
သန်း ၁,၀၀၀ ထိ တိုးလာ နိုင်ပြီး ထုတ်ကုန်တင်ပို့မှုက အမေရိကန်ဒေါ်လာ သန်း ၃၅၀ ထိ ရရှိလာမှပါ။
၂၀၁၄ ဘဏ္ဍာရေးနှစ်တုန်းက သီလဝါအထူးစီးပွား ရေးဇုန်မှာ ရင်းနှီးမြှုပ်နှံမှုပမာဏတန်ဖိုးက မြန်မာ
တစ်နိုင်ငံလုံး ရင်းနှီးမြှုပ်နှံမှုပမာဏရဲ့ ၁၂ ဒသမ ၅ ရာခိုင်နှုန်းရှိခဲ့ပြီး ထုတ်ကုန် တင်ပို့မှုရဲ့ သုံးရာခိုင်နှုန်း
ရှိခဲ့ပါတယ်"ဟု ၎င်းက ပြောသည်။

အထူးစီးပွားရေးဇုန် အပိုင်း(က)ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်နေရာ။နိုင်ဝင်းထွန်း / မြန်မာတိုင်း(မ်)

 

ဇုန်အပိုင်း(က) အတွင်း ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုချက်ရရှိပြီးဖြစ်သော ကုမ္ပဏီများမှ အလုပ်အကိုင်
အခွင့်အလမ်းပေါင်း ၁၅,၀၀၀ ကို ဖန်တီးနိုင်မည်ဖြစ်ပြီး နောင်လာမည့် ရင်းနှီးမြှုပ်နှံမှုများမှ
အလုပ်အကိုင်အခွင့် အလမ်း ၃၀,၀၀၀ ကျော်အထိရရှိမည်ဖြစ် သည်။ ထို့ပြင် အစိုးရနှင့်ဆက်စပ်သော
လုပ် ငန်းများတွင် လွယ်ကူချောမွေ့သော လုပ်ထုံး လုပ်နည်းများ ရရှိနိုင်ခြင်းကြောင့် သီလဝါ အထူးစီးပွားရေးဇုန်တွင် နိုင်ငံခြားရင်းနှီးမြှုပ် နှံသူများ တိုးများလာခြင်းဖြစ်ကြောင်း ဦးမြင့်ဇော်က
ပြောသည်။ "သီလဝါအထူးစီးပွားရေးဇုန်ရဲ့ ရင်းနှီး မြှုပ်နှံသူတွေအနေနဲ့က အစိုးရနဲ့ ဌာနဆိုင်ရာ
တွေမှာ တောင်းခံရမယ့် လုပ်ငန်းနဲ့ဆိုင်တဲ့ ဘယ်ခွင့်ပြုချက်ကိုမဆို သက်ဆိုင်ရာဌာန တွေဆီကို ဆက်သွယ်ပြီး တောင်းခံစရာမလိုပါဘူး။ သီလဝါဇုန်ဝင်းအတွင်းမှာပဲရှိတဲ့ One Stop Service Center
(OSSC) ရုံးခန်းကို ဆက်သွယ်ပြီး လိုအပ်တဲ့ဝန်ဆောင်မှုတွေကို အလွယ်တကူ ရယူနိုင်ပါတယ်။
ရင်းနှီးမြှုပ်နှံ သူအနေနဲ့ ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုချက်ကို လျှောက်လွှာတင်သွင်းပြီး တစ်လအတွင်း
ခွင့်ပြုမိန့် ရရှိမှာဖြစ်လို့ တစ်ရက်အတွင်း ကုမ္ပဏီတည်ထောင်ခွင့်လိုင်စင်ကို ရရှိမှာ ဖြစ်ပါတယ်"ဟု
၎င်းကပြောသည်။

သီလဝါအထူးစီးပွားရေးဇုန် မတည် ဆောက်ခင်အချိန်တွင် မြန်မာနိုင်ငံ၏ ထုတ် ကုန်ကဏ္ဍအတွင်းသို့
၀င်ရောက်ခဲ့သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအများစုသည် အထည်ချုပ်လုပ်ငန်းကဲ့သို့သော လုပ်သား
အင်အား များစွာသုံးရပြီး ရင်းနှီးမြှုပ်နှံမှု ငွေကြေးနည်းသည့် လုပ်ငန်းများသာဖြစ်ကြောင်း
ကျွမ်းကျင်သူများကပြောသည်။

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းမြင့်တက် လျက်ရှိသော နိုင်ငံအနေဖြင့် ထုတ်ကုန်ဦးစားပေး
လုပ်ငန်းများနှင့် သွင်းကုန်အစားထိုးလုပ် ငန်းများကို ဖိတ်ခေါ်နိုင်ခြင်းမရှိပါက ကုန်သွယ်မှုလိုငွေမှာ
မုချ တိုးလာမည်ဖြစ်သော ကြောင့် သီလဝါအထူးစီးပွားရေးဇုန်မှာ စက်မှုလုပ်ငန်းများဖြစ်သည့်
ထုတ်ကုန်ဦးစား ပေးလုပ်ငန်းများနှင့် သွင်းကုန်အစားထိုး လုပ်ငန်းများကို ဖိတ်ခေါ်လျက်ရှိကြောင်း
ဦးမြင့်ဇော်က ပြောသည်။ "ရင်းနှီးမြှုပ်နှံမှုနှုန်းမြင့်မားတဲ့ စက်မှုလုပ် ငန်းတွေကို ပြည်တွင်းကို
ဖိတ်ခေါ်နိုင်ဖို့ အာဆီယံနိုင်ငံတွေနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါ တယ်။ သီလဝါအထူးစီးပွားရေးဇုန်က
မြန်မာ နိုင်ငံရဲ့ စက်မှုဇုန်တွေထဲမှာ အကောင်းဆုံး ဖြစ်နိုင်ပေမဲ့ အာဆီယံနိုင်ငံတွေနဲ့ ယှဉ်နိုင်မှဖြစ်မှာပါ။
ဥပမာ- ထိုင်း၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်နိုင်ငံတွေမှာ လျှပ်စစ်မီးပြတ် တောက်မှုက တစ်နှစ်ကို တစ်ကြိမ်၊
နှစ်ကြိမ် ထက် မများဖို့ အာမခံပေးပါတယ်"ဟု ၎င်းက ပြောသည်။

သီလဝါအထူးစီးပွားရေးဇုန်တွင်လည်း ၅၀ မဂ္ဂါ၀ပ်အားရှိသော ဓာတ်အားပေးစက်ရုံ တစ်ရုံကို
မေ ၂၅ ရက်က တည်ဆောက်မှု ပြီးစီးခဲ့ပြီး လည်ပတ်နေပြီဖြစ်သည်။ သီလဝါအထူးစီးပွားရေးဇုန်ကို
မြန်မာ ဂျပန် ဖက်စပ်ကုမ္ပဏီဖြစ်သည် Myanmar Japan Thilawa Development Limited (MJTD) က အကောင်အထည်ဖော် ဆောင် ရွက်နေခြင်းဖြစ်ပြီး မြန်မာအစိုးရ၊ ဂျပန် အစိုးရ၊ မြန်မာ ပုဂ္ဂလိက
လုပ်ငန်းရှင်များနှင့် ဂျပန်ပုဂ္ဂလိက လုပ်ငန်းရှင်များက အစုရှယ်ယာများ ထည့်ဝင်ကာ တည်ထောင်
ထားခြင်း ဖြစ်ကြောင်း ယင်းကုမ္ပဏီက ထုတ်ပြန် ကြေညာထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်