SCG က ထုတ်ကုန်သစ်ဘိလပ်မြေအမျိုးအစားသစ် စျေးကွက်အတွင်း စတင်မိတ်ဆက်

SCG က ထုတ်ကုန်သစ်ဘိလပ်မြေအမျိုးအစားသစ် စျေးကွက်အတွင်း စတင်မိတ်ဆက်

ထိုင်းနိုင်ငံအခြေစိုက် SCG  လုပ်ငန်းစုက ထုတ်ကုန်သစ်ဖြစ်သော စွဲကပ်အားကောင်းသော
နည်းပညာကို အခြေခံထားသည့် SCG Masonry Cement  ဘိလပ်မြေသစ်ကို သြဂုတ်၁၃ ရက်က
ရန်ကုန်မြို့၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော ၄င်း၏ နှစ်ပတ်လည်အခမ်းအနားတွင် မြန်မာနိုင်ငံစျေးကွက်
အတွင်း စတင်မိတ်ဆက်ခဲ့သည်။

SCG လုပ်ငန်းစု၏ မြန်မာနိုင်ငံဆိုင်ရာဒါရိုက်တာ Mr. Attapong Sathitmanotham က '' SCG ရဲ့
ထုတ်ကုန်သစ်ဖြစ်တဲ့ SCG Masonry Cement ဘိလပ်မြေက မြန်မာစျေးကွက်နဲ့
အံဝင်ခွင်ကျဖြစ်အောင် ပထမဆုံး ထုတ်လုပ်လိုက်တဲ့ ထုတ်ကုန်ဖြစ်ပါတယ်။ ဒီဘိလပ်မြေသစ်က
ပန်းရံလုပ်ငန်းနဲ့ သရွတ်ကိုင်တဲ့လုပ်ငန်းတွေမှာ ပိုအသုံးပြုရလွယ်ကူစေဖို့ စွဲကပ်အားကောင်းတဲ့
နည်းပညာကို အခြေခံပြီး ပန်းရန်ဆရာ ၅ဝ ဦးကျော်နဲ့တစ်နှစ်ကျော်ကြာ စမ်းသပ်ပြီးမှ
ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်''ဟု ပြောသည်။

အဆိုပါ ဘိလပ်မြေကို ယခုလအတွင်းစျေးကွက်ကို စတင်ဖြန့်ချိမည်ဖြစ်ပြီး စျေးနှုန်းမှာ
ဘိလပ်မြေတစ်အိတ်လျှင် ကျပ် ၄,၈ဝဝမှ ကျပ် ၅,ဝဝဝ အထိ ရှိမည်ဖြစ်သည်။

''အမြဲပြောင်းလဲနေတဲ့ အသုံးပြုသူတွေရဲ့လိုအပ်ချက်နဲ့ ကိုက်ညီစေဖို့ ကျွန်တော်တို့ရဲ့ထုတ်ကုန်တွေ၊
ပေးနေတဲ့ ဝန်ဆောင်မှုတွေကို ဆန်းသစ်နေအောင် မပြတ်တီထွင်နေရပါမယ်။ ဒီလိုအရည်အသွေးမြင့်
ကုန်ပစ္စည်းတွေကို တီထွင်နေတာကတစ်ဆင့် မြန်မာနိုင်ငံမှာ ှဃွ အမှတ်တံဆိပ်ကို ခိုင်မာစေပြီး
ဘိလပ်မြေနဲ့ အိမ်ဆောက်ပစ္စည်းကဏ္ဍမှာကျွမ်းကျင်သူပညာရှင်အဖြစ် ဆက်လက်
ရပ်တည်နိုင်မယ်လို့ မျှော်လင့်ပါတယ်''ဟု ၄င်းက ပြောသည်။ 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်