ဆောက်လုပ်ရေးစီမံကိန်းများ၏ တင်ဒါစည်းမျဉ်းများ ပြင်ဆင်သတ်မှတ်မည်

ဆောက်လုပ်ရေးစီမံကိန်းများ၏ တင်ဒါစည်းမျဉ်းများ ပြင်ဆင်သတ်မှတ်မည်

ယခင်အစိုးရလက်ထက်က ကျင့်သုံးခဲ့သည့် လမ်းတံတားတည်ဆောက်ရေးစီမံကိန်းများ
အတွက် ပုဂ္ဂလိကလုပ်ငန်းများကို တင်ဒါ ခေါ်ယူရာတွင် အရည်အသွေးပိုင်းဆိုင်ရာ
အားနည်းချက်များကို များစွာတွေ့ရှိလာရသည့်အတွက် ယခုအစိုးရလက်ထက်၌ ကမ္ဘာဘဏ်၏
အကြံပြုချက်အတိုင်း တင်ဒါခေါ်ယူသည့်နည်းစနစ်များကို ပြောင်းလဲကျင့်သုံးရန် လုပ်ဆောင်လျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက သတင်းရရှိသည်။

"အရင်လုပ်ခဲ့တဲ့ အိတ်ဖွင့်တင်ဒါစနစ်ဖြစ် တဲ့ ဈေးအနည်းဆုံးလူကို ပေးတဲ့စနစ်ကို သုံးခဲ့တယ်။
အဲဒီအိတ်ဖွင့်တင်ဒါစနစ်နဲ့ ဆောက် တဲ့ အဆောက်အအုံတွေ၊ လမ်းတံတားတွေရဲ့ အရည်အသွေးက
အရမ်းကျသွားတယ်။ လူတွေက အလုပ်ရချင်ဇောနဲ့ မဖြစ်နိုင်တဲ့ဈေး တွေပေးပြီး
အများကြီးလျှော့ပြိုင်တယ်။ အလုပ် လည်းရရော ဖြစ်သလို အရည်အသွေးတွေ လျှော့ပြီး
ဆောက်ကြတယ်။

တကယ်တမ်းကျ တော့ ပြည်သူတွေပဲ ခံစားရတယ်။ အဲဒါ ကြောင့် အရည်အသွေးနဲ့ ဈေးနှုန်းနှစ်ခု
ပါတဲ့ စနစ်ကို ပြောင်းဖို့ လုပ်နေတာဖြစ်ပါတယ်" ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်း
အတွင်းဝန် ဦးကျော်လင်းက ပြောသည်။ ကုလသမဂ္ဂလုပ်ငန်းစီမံကိန်းများဆိုင်ရာရုံး (United
Nations Office for Project Service) ၏ ၂၀၁၃ ခုနှစ်တွင် တည်ဆောက် ရေးလုပ်ငန်းများနှင့်
ပတ်သက်ပြီး အကြံပြု ထားသည့် ကန်ထရိုက်စည်းမျဉ်းစည်းကမ်း များအထဲမှ ကမ္ဘာဘဏ်က အချက်သုံးချက် ပြန်လည်ပြင်ဆင်၍ ဆောက်လုပ်ရေးဝန်ကြီး ဌာနကို အကြံပြုခဲ့သည်။

ကမ္ဘာဘဏ်က ပြန်လည်ပြင်ဆင်လိုက် သည့် အဆိုပါစည်းမျဉ်းစည်းကမ်း သုံးချက်သည်
Two Envelop System (အဆင့်နှစ်ဆင့် ဖြင့် တင်ဒါစစ်ဆေးသည့်စနစ်) ဖြင့် လုပ်ငန်း များကို
အပ်နှံစေခြင်း၊ သတ်မှတ်ချိန်ထက် အလုပ်အပ်နှံခြင်းမရှိသည့် ကုမ္ပဏီများကို နေ့စဉ်
ဒဏ်ကြေးများပေးဆောင်စေခြင်းနှင့် ၀န်ကြီးဌာနမှ ယုံကြည်စိတ်ချရသည့် ကုမ္ပဏီများကို
လုပ်ငန်းများအပ်နှံရာတွင် အဆောက် အအုံဆောက်လုပ်ခြင်းမရှိသေးချိန်တွင် လုပ်ငန်း၏
၂၀ ရာခိုင်နှုန်းကို ကြိုတင်ငွေအဖြစ် ထုတ်ယူစေခြင်း စသည့် အချက်သုံးချက်ကို အကြံပြုခဲ့ခြင်းဖြစ်သည်။

"သူတို့အကြံပြုချက်အတိုင်း ပြန်လည် ပြင်ဆင်သတ်မှတ်မယ့် စည်းမျဉ်းစည်းကမ်းကို
ရှေ့နေချုပ်ရုံးကိုပို့မယ်။ ရှေ့နေချုပ်ရုံးက အတည်ပြုတာနဲ့ အစိုးရအဖွဲ့အစည်းအဝေး ကို
တင်ပြပြီး တစ်နိုင်ငံလုံးကို အဲဒီစည်းမျဉ်း စည်းကမ်းတွေကို ထုတ်ပြန်သွားမယ်"ဟု ၎င်းက
ပြောသည်။

တင်ဒါ၀င်ရောက်ယှဉ်ပြိုင် တင်သွင်းမည့် ကုမ္ပဏီများ၏ စက်ယန္တရားအင်အား၊ ငွေ ကြေးခိုင်မာမှု၊
ကျွမ်းကျင်အင်ဂျင်နီယာများ နှင့် အလုပ်သမားများ အသုံးပြုနိုင်သည့် အခြေအနေများအပြင်
တင်ဒါ၀င်ရောက် ယှဉ်ပြိုင်မည့် ကုမ္ပဏီများ၏ လုပ်ငန်းခွင် အတွေ့အကြံုများကိုပါ ပထမအဆင့်
အမှတ်ပေး အကဲဖြတ်သွားမည်ဖြစ်ပြီး ပထမအဆင့် အောင်မြင်သွားသည့် ကုမ္ပဏီများကို ဒုတိယ
အဆင့်အဖြစ် ငွေကြေး အနည်းဆုံးပေးနိုင် မည့် ကုမ္ပဏီတစ်ခုကို ရွေးချယ်ကာ လုပ်ငန်း
လုပ်ကိုင်စေမည်ဖြစ်သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနက တင်ဒါ ခေါ်ယူလုပ်ကိုင်မည့် စီမံကိန်းလုပ်ငန်းများကို
၀င်ရောက်ယှဉ်ပြိုင်လိုသည့် ကုမ္ပဏီများ သည် ပထမအဆင့်အနေဖြင့် ဆောက်လုပ်ရေး
၀န်ကြီးဌာနတွင် လာရောက်မှတ်ပုံတင် ရမည်ဖြစ်သည်။

"အခုသူတို့လုပ်မယ့်စနစ်က နိုင်ငံတကာ သုံးစနစ်ဖြစ်တော့ အရည်အချင်းရှိတဲ့ကုမ္ပဏီတွေ
အလုပ်ရသွားနိုင်ပေမဲ့ ကုမ္ပဏီငယ် တွေ ၀င်တိုးဖို့ အရင်လိုလွယ်တော့မှာမဟုတ်ဘူး။
ပထမအဆင့်မှာကတည်းက ကုမ္ပဏီရဲ့ ငွေကြေးခိုင်မာမှု၊ လုပ်ငန်းခွင် အတွေ့အကြံု၊
အလုပ်လုပ်ရမယ့် အချိန်ဇယားတွေပါ တောင်းတာဆိုတော့ ဒီအဆင့်မအောင်ရင်
နောက်တစ်ဆင့်ကို တက်လို့မရအောင် လုပ် ထားတဲ့သဘောပါ။ တင်ဒါလောကမှာတော့
Envelop A နဲ့ Envelop B ဆိုပြီး ပြောကြတယ်"ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ
လုပ်ငန်းရှင်များအသင်းမှ တွဲဖက်အတွင်း ရေးမှူး ဦးကျော်ကျော်စိုးက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်